မသိခြင်း အချစ် ...
ချစ်သူ.....
မင်းအကြောင်းငါမသိ
ငါအကြောင်းမင်းမသိနဲ့ 
ချစ်တယ်ဆိုတဲ့ စကားကို
ငါ့ဘက်ကနေ သုံးလိုက်ပြီနော်...
ဒါပေမဲ့ 
ငါ့ဘက်က မင်းကို
ဘယ်လောက်ထိတန်ဖိုးထားတယ်ဆိုတာကို
ု
မင်းက မယုံဘူးတဲ့ လား ?
အဲဒီစကားလုံးလည်းမသုံးပါနဲ့ 
ငါသိနေတယ်....
အဲဒီမှာ သံသယတွေပြည့် နှက်နေတယ်
ငါသိနေတယ်....
နင်ငါ့ကို မယုံကြည်မှန်း
ငါဘယ်လို သက်သေပြရမလဲ...?
မှန်ပါတယ်...
ပုတ်သင်ညို တစ်ကောင်လို
အလွယ်တစ်ကူ ခေါင်းညိမ့် ဖို့ ရန်မလွယ်မှန်း
ကမ္ဘာကို ကိုင်
တိုင်တည်ပြီးတော့ ပြောပြရမလား ?
ကျိန်ပြောတယ်ဆိုတာ
ခေတ်ကုန်နေပေမဲ့ 
ငါ့ သစ္စာမှန်ရင်တော့ 
အဲဒီသစ္စာ ဆူးတွေက
နင့်ကိုချစ်တဲ့ အချစ်တွေပဲ
ဖြစ်နေမှာ...........။
အို... အမေ
အို... အမေ
အမေတစ်ယောက် နေမှ ကောင်းရဲ့ လား အမေ...။
ရာသီတွေအလီလီပြောင်းခဲ့သော်လည်း
မနေ့ တစ်နေ့ ကလို ပါပဲ အမေ...။
အမေဆီက ထွက်လာခဲ့တဲ့ ရက် အိမ်မက်တစ်ခုလိုထင်မှားပြီး
အမေါ ပုံရိပ်တွေကတော့ ရှင်သန်နေဆဲပါအမေ...။
အမေ့မေတ္တာရိပ်အောက်က တစ်ခဏတာ ခွဲလာခဲ့တဲ့အချိန်မှာ
အမေ့ရဲ့  ဂရုဏာ အပြုံးတွေကို မြင်ယောင်နေဆဲပါ အမေ...။
ရွာကျော်လို့ မြို့ ရောက် နိုင်ငံပါခြားလာခဲ့ပေမယ့်
အမေ့ရဲ့  ဂရုဏာ စကားသံတွေက သားငယ်ရဲ့  နားဝမှာ ဆွဲနေဆဲပါ အမေ...။
မြို့ ပြတစ်ခုရဲ့ ရင်ခွင်မှာ သားငယ်ဝင်ရောက်နားခိုနေပေမယ့်
အမေ့ ရွာလောက် မပျော်ခဲ့ပါဘူး အမေ...။
မိုးမျှော်တိုက်တွေ ခိုင်ခံ့ပြီးထည်ဝါတဲ့အဆောင်ယောင်တွေက
အမေ့ ရဲ့ တဲ အိုလောက် လုံခြုံမှုတွေ မပေးခဲ့ပါဘူး အမေ...။
ချပါတီတွေ ဘာကာတွေ ဘယ်လောက်ပဲ အရသာရှိလို့  ခွန်အားတွေ ပြည့်နေပါစေ အမေ
အမေရဲ့  ထမင်းကြမ်းခဲလောက် မမြိန်ခဲ့ပါဘူး အမေ...။
မြို့ ပြတစ်ခုရဲ့  နေရောင်ခြည် ၊ နီးယွန်းမီးတွေ ဘယ်လောက်ထိန်လင်း ၊လမ်းပြကြယ်တွေဘယ်နှစင်းပဲ လင်းနေပါစေ
အမေ့ရဲ့ ရင်ခွင်လောက် နွေးထွေးမှုမပေးသလို
အမေ့ရဲ့ လမ်းညွှန်မှု မရှိလို့ အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ...။
မှနေကျမြောက်များစွာ စကားထဲက
ဘယ်တော့မှ မငိုနဲ့ ဆိုတဲ့ အမေ့ရဲ့ စကားတစ်ခွန်းက
သားအတွက်ခွန်အားတွေဖြစ်စေလို့ ကျလုလုမျက်ရည်တွေကို မြိုသိပ်
လောကဓံရဲ့ မုန်တိုင်း အခါးသီးတွေကို ခါးစည်းရင်း
ဘ၀ရဲ့ လှေကို အားမာန်အပြည့်နဲ့  လှော်ခက်နေဆဲပါ အမေ...။
တစ်ကျော့ပြန်ပြည်ဆိုက်လို့  ဒီဒိုက်ဘ၀ကလွတ်လာခဲ့ရင်
အိမ်အပြန်တံခါးဖွင့်ပြီး ကြိုနေမဲ့ သူကို ရှာကြည့်မိတော့
အမေနဲ့  အမေရဲ့  တဲအိုလေးက သားအတွက်ပဲဆိုတာ
ယုံပါတယ် အမေရယ်........။
အချစ်ဝိညာဉ်
လကွယ်ညတစ်ညမှာတိတ်ဆိတ်ငြိမ်သက်လျက်
ကောင်ကင်ကြီးကိုကြည့်နေတဲ့ ငါဟာ
မသိစိတ်ထဲက အချစ်ဝိညာဉ်ရဲ့ 
ဖမ်းစားခြင်းကို ခံလိုက်ရတယ်
သူကိုယ်တိုင်လဲ လွမ်းရမယ်ဆိုတာကို
သိနေလျက်နဲ့ 
အတ္တဆန်စွာမင်းပုံရိပ်တွေ
ဆက်လက်တွေးနေမိတယ်
ငါ့ ရဲ့ ခံစားချက်တွေဟာမင်းအတွက်ရသ
မမြောက်နိုင်ပေမဲ့ နှလုံးသားမှာ
သံစဉ်ညီပြီး
ကြိုးပြတ်နေတဲ့ ဂီတာအိုလေးကို
တီးခတ်နေတယ်လို့
သဘောထားပေးပါချစ်သူ
မင်းငါ့ ရဲ့ ခံစားချက်တွေကို
ဒါဏ်ခတ်မယ် ဆိုခဲ့ ရင်တောင်တုံပြန်မှု့ 
ကင်းမဲ့ တဲ့ အပြုံးတစ်ပွင့် နဲ့ 
ခွင့် လွတ်ခြင်းနှလုံးသားကိုရင်မှာပိုက်လို့ 
မင်းကိုအမုန်းကင်းမဲ့ တဲ့ 
မျက်လုံးအစုံနဲ့ ကြည့် နေမဲ့သူပါချစ်သူ
ရမှတ်ကိုမသိပဲ
ဘဝစားမေးပွဲဖြေဆိုခွင့် 
တောင်းခံလိုက်တဲ့ ငါဟာ
ရင်မှာဖြစ်တည်နေ့ တဲ့ 
အလွမ်းစာတွေကို
မေးခွန်းမလိုပဲ ဖြေဆိုသွားမှာပါချစ်သူ
ဒီစာလေးကိုဖတ်မိလို့ 
တစ်ရက်အသက်တိုမယ်ဆိုရင်တောင်
အချစ်ဝိညာဉ်လေးက
မင်းရဲ့ စိတ်တွေကိုကုသသွားမှာပါချစ်သူ ။ ။
အလွမ်းပန်းချီကားတစ်ချပ်
တည်ငြိမ်နေတဲ့ နှလုံသားကို
မျော်လင့် မထားပဲမင်းတစ်ယောက်
ဝင်လာခဲ့ ချိန်မှာ
ငါ့ ရဲ့ နှလုံးသားဟာ
ရင်ခုန်နှုန်းတွေမြန်ဆန်လာတယ်ဆိုတာ
အကြွင်းမဲ့ ဖြစ်ရပ်တစ်ခုပါ
တိတ်တစ်ခိုးအချစ်နဲ့ 
နောက်ယောင်ခံလိုက်ချိန်လေးမှာ
ဘယ်ကမသိတဲ့ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ 
သူတစ်ယောက်ဟာ
ငါ့ ရဲ့ နှလုံးသားကို
လှောင်ပြောင်ခြင်းခံခဲ့ ရတယ်
ကွပ်မျက်ခြင်းခံလိုက်ရတဲ့ 
ငါ့ ၇ဲ့ နှလုံးသားဟာ
တည်ငြိမ်မှု့ မရှိတော့ ဘူးဆိုတာ
သိလျက်နဲ့ မင်းရဲ့ ဥပက္ခာပြုမူ့ တွေကို
ခံရမဲ့ သူတစ်ယောက်အတွက်
အလွမ်တွေဟာအသင့် ဖြစ်နေခဲ့ ပြီပဲလေ
ဘယ်လိုပဲဖြစ်ဖြစ်
သံယောဇဉ်ဆိုတဲ့ 
ဆေးမင်ရည်နဲ့ အလွမ်းပန်းချီကားလေး
ဆက်လက်ရေးဆွဲသွားအုံးမယ်ဆိုတာ
မင်းတစ်ယောက်ယုံပေးပါ
ဘိုင်ဘိုင်ပါနုတ်ဆက်လိုက်ပါတယ်
ကဗျာလေးတော မေ၇းတက်ပါဘူး
ခံစားမှု့ လေးကိုအရင်းခံထားတယ်ဆိုတာတော့ 
သိစေချင်လို့ ပါကဗျာလေးကိုဖတ်ပြီးလှောင်ပြောင်မှု့ အပြည့် နဲ့ 
ဟားတိုက်ပြီးရယ်လိုက်ပါတော့ နော် ။ ။
မျိုသိပ်ခြင်း
အမှတ်တမဲ့ပါပဲ... လျှို့ ဝှက်နက်နဲမှုတွေ အပြည့်သယ်ဆောင်လာတဲ့
" အချစ် "ဆိုတဲ့ အက္ခရာကို နှလုံးသားမှာ ထင်ကျန်စေတဲ့
အပြုံးပိုင်ရှင်မလေးတစ်ယောက် တံခါးခေါက်သံမကြားလိုက်ဘဲ
ရင်ဘတ်ထဲကို ရောက်နေခဲ့တယ်....။
ပြောပြချင်တဲ့ စကားတွေကို စာစီကြည့်လိုက်တယ်
ပီတိပန်းလေးတွေက လန်းဆန်းဝေဆာလို့ .....။
တနေ့ တော့ ယုံကြည်ပွင့်လင်းစွာ
ကြေငြာထားပါလျှက်နဲ့ 
သစ္စာတံခါး ရိုက်ချိုးသူတစ်ယောက်ကြောင့်
အိမ်မက်စီးကြောင်းလေး(ပူလောင်စွာနဲ့ )
ခမ်းခြောက်ခဲ့ရတယ်...။
အချစ်ဆိုတာ
တစ်ခါတစ်လေ မျှော်လင်းခြင်းအိမ်မက်တွေနဲ့ 
အဆုံးသတ်တတ်တယ်နော်....။ခမ်းနားလှပတဲ့ တို့ရဲ့ အတိတ်က အိမ်မက်မဟုတ်ဘူးဆိုရင်
မင်းပေးထားတဲ့ စကားလုံးတွေ
ဘယ်နားသွားရှာရမှာလဲ ?
ဒါပေမဲ့....
အားလုံးအတွက် မျက်ရည်စက်နဲ့ ပဲ
မျိုသိပ်လိုက်လိုက်ပါတော့မယ်ကွာ...။
ဒီဒဏ်ရာတွေကတော့ ဖြေစရာကို မရှိဘူးနော်.......။
အချစ်...သို့ ဦးတည်ရာ
ဒို့ တာဝန်အရေး (၃ ) ပါး
(၁) ထာဝရ အထီးမကျန်ရေး ဒို့ အရေး ။
(၂) ချစ်သူရှောင်ပြေး အမုန်းမပေးရေး ဒို့ အရေး ။
(၃) နောက်တစ်ကြိမ် အသဲထပ်မကွဲရေး ဒို့ အရေး ။
" ချစ်သူ့ သဘောထား "
(၁) ထာဝရအားကိုး ဒီအချစ်မျိုး အဆိုးမြင်ပတ်ဝန်းကျင်များ အား ဆန့် ကျင်ကြ။
(၂) ရင်ခွင်တော် တည်ငြိမ်ရေး နဲ့  ရေရှည်တည်တံ့မင်းအတွက်ကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့် ကျင်ကြ။
(၃) နှစ်ကိုယ်တူချစ်ခရီးကို ၀င်ရောက် စွက်ဖက် နှောက်ယှက်သော မိဘ မိတ်ဆွေ အပေါင်းအသင်း ညီအကို ဆန့် ကျင်ကြ။
မောင်နှ များအား
(၄) ကြားလူဝင်ခုတ် ဤအမျိုးယုတ်ကို ထာဝရ မိတ်ဆွေမှ ခွါထုတ်ကြ ။
" ရှင်သန်ရေး ဦးတည်ချက် (၄ ) ရပ်
(၁) ရင်ခွင်တော် တည်ငြိမ်ရေး , နှလုံးသား အသစ်အစားမထိုးရေး နှင့်  မကြာခဏ တွေ့ ဆုံပေးရေး ။
(၂) နှစ်ဦးသား အပေါ်သစ္စာ ရှိရေး။
(၃) ချစ်သူ အကြိုက် အလိုက်ဆောင်ရွက်ပေးရေး
(၄) ဖြစ်ပေါ်လာသော အခက်အခဲ ပြဿနာများနှင့် အညီ အတူတကွ ညှိနှိုင်း တိုင်ပင်ဝေဖန် ဆုံးဖြတ်ရေး။
" နှလုံးသား ရေး ဦးတည်ချက် (၄) ရပ်
(၁) သူငယ်ချင်း ဘ၀ကိုအခြေခံ၍ အခြားနှလုံးသားရေး ဏ္ဍများကိုလည်း လစ်လျူမရှုပဲ ထာဝရလက်ခံပေးရေး။
(၂) ရင်ခွင်မှ နှလုံးသားစစ်စစ် ဖြစ်ပေါ်လာရေး။
(၃) နှလုံးသားမှ သံယောဇဉ် နှင့်  ချစ်ခြင်းမေတ္တာ များကို ပေါင်းစပ်၍ ခိုင်မြဲတဲ့ ဘ၀ဖြစ်အောင်တည်ဆောက်ရေး။
(၄) ရင်ခုန်သံ ထာဝရ ငြိမ်းချမ်းရေးကိုဖန်တီး နိုင်မယ့် သူသည် သူငယ်ချင်း ဘ၀နဲ့  အခြားရင်ခုန်မူ ဏ္ဍတို့ ၏ လက်ဝယ်တွင်ရှိရေး။
" နှစ်ဦးသား လိုက်နာဖို့  ဦးတည်ချက် (၄ ) ရပ်
(၁) နှလုံးသား တစ်ခု၏ ချစ်ခြင်းမေတ္တာ နှင့်  ရင်ခုန်မူ စစ်မှန်ရေး။
(၂) အချစ်ဂုဏ် တွယ်တာမူဂုဏ် ခိုင်မာရေးနှင့်  ထာဝရ လက်တွဲဖော်အဖြစ်မျ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့် ရှောက်ရေး။
(၃) အချစ်စိတ်ရှင်သန် ထက်မြက်ရေး။
(၄) တစ်ဘ၀လုံး သစ္စာ ရှိရေး နှင့်  မဖောက်ပြန်ရေး။

No comments:
Post a Comment