Pages

Tuesday, August 23, 2011

ဒူဘိုင်းကို ဖျော်ဖြေရေးသွားမှာဖြစ်သလို တစ်ကိုယ်တော်စီးရီး ပြင်ဆင်နေတယ် (၀ိုင်းစုခိုင်သိန်း)

 ပြည်ပခရီးစဉ်အနေနဲ့ ဆယ်လပိုင်းမှာ ဒူဘိုင်းကို သွားမယ်။ ဖျော်ဖြေရေးခရီးစဉ် တစ်ခုပါ။ အဲဒီခရီးမှာ ၀ိုင်းစုနဲ့အတူ R ဇာနည် ၊ ဇော်ပိုင်တို့လည်း ပါမှာပါ။ The Tree Band နဲ့ အတူပါ။ ၀ိုင်းစုရဲ့ တစ်ကိုယ်တော်စီးရီးသစ်ကို ဆယ်လပိုင်း တစ်ရက်နေ့မှာ ထွက်ဖို့ ရှိပါတယ်။ မျက်လှည့်လို့ အမည်ရတဲ့ တေးစီးရီးသစ်မှာ ရေးထားတဲ့ သီချင်းရေးဆရာတွေက သုခမိန်လှိုင်၊ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ အောင်လ၊ Ar T၊ ဖိုးကာတို့က ရေးထားတာပါ။ မျက်လှည့်တစ်ကိုယ်တော်စီးရီးသစ်မှာတော့ အရင်ထွက်ရှိပြီးသားဖြစ်တဲ့ ‘မက်လောက်စရာ’ တေးစီးရီးထဲကအတိုင်း သီချင်းပုံစံလေးတွေ ပါမှာပါ။ မျက်လှည့်စီးရီးက Tape, CD အရင်ဆုံး ထွက်ရှိမှာပါ။

No comments:

Post a Comment