အခုဇာတ်ကားတွေရိုက်နေတယ်။ ပြီးရင် မမို့အမျိုးသား အလုပ်အတွက် နိုင်ငံခြားကို ပြန်ထွက်ရမယ်။ ဗီဒီယိုတွေကတော့ ဆယ့်နှစ်လပိုင်း အထိ လက်ခံထားတယ်။ ဟိုတလောကလည်း နိုင်ငံခြား သွားသေးတယ်။ အခုလည်း ဒီလကုန်လောက် ပြန်ထွက်ဖြစ်မယ်။ ဘယ်လောက်ကြမယ် ဆိုတာတော့ မပြောတတ်သေးဘူး။ မမို့အမျိုးသား အလုပ်ပေါ်မှာ မူတည်တာပေါ့။ ပြီးခဲ့တဲ့ အခေါက်ကလည်း နိုင်ငံခြားသွားလို့ ကားရိုက်တွေကို ဖျက်လိုက်ရတယ်။ အခုတော့ မပျက်အောင် ကြိုးစားနေရတယ်။ ကိုယ့်ပရိသတ်တွေနဲ့ Producer တွေ အတွက်အခြား Actor တွေကလည်း ကိုယ့်အတွက်ကြောင့် ကသောင်းကနင်းတွေ ဖြစ်ကုန်တယ်။ မမို့ နိုင်ငံခြားမှာ သွားနေတုန်းကလည်း ဒီကို အရမ်းလွမ်းတာပဲ။ ရှုတင်ထမင်းကိုတောင်မှ လွမ်းတယ်။ ဟိုမှာက မြန်မာထမင်း မစားရတဲ့အခါကျတော့ ပိုဆိုးတယ်။ အပြင်လည်း သိပ်မထွက်ဘူး။ ဟိုတယ်ထဲမှာပဲ တစ်ယောက်တည်း နေရတော့ “အ’’ သွားမလားတောင် စိုးရိမ်ရတယ်။
MTA
8 Days Journal

No comments:
Post a Comment