စရေးဖြစ်တာက— Idea ကတော့ ရေခြားမြေခြားမှာ ရောက်နေတဲ့ အဝေးကြီးဝေးနေတဲ့ ချစ်သူနှစ်ယောက် အကြောင်းပေါ့။ ဇာတ်လမ်းက ကျွန်တော်အမြဲတမ်း ပေါင်းနေတဲ့ သူငယ်ချင်းရဲ့ ကောင်မလေးက နိုင်ငံခြားမှာ ရောက်နေတယ်။ အရမ်းခင်တော့ သူဘယ်လို ဖြစ်နေလဲဆိုတာကို ကိုယ်ကသိတယ်။ အဲဒါကို တွေးမိရင်း ရေးဖြစ်သွားတာ။ တစ်မိုးအောက်စီးရီး မထွက်ခင် ၆ လလောက်အလ၂၀၀၉ ခုနှစ်လောက်မှာ ရေးဖြစ်တာ။
ဒီသီချင်းကို သဘောကျခဲ့တယ်— ရေးပြီးတော့လည်း သူငယ်ချင်းကိုလည်း ပြတယ်။ ကိုယ်ကိုယ်တိုင်လည်း တကယ် သဘောကျတယ်။ သူ့အကြောင်း ရေးထားတယ်လို့ သူ့ကိုတောင် ဆိုပြသေးတယ်။ ကိုယ့်ကတောင် ကိုယ့်အကြောင်းကိုပင် ရေးလာလို့ နောက်သေးတယ်။ သီချင်းရေးတာကတော့ စိတ်ကူးရတဲ့အချိန်မှာ ကောက်ရေးလိုက်တာပဲ။ နေ့ဘက်လည်း ရေးသလို ညဘက်လည်း ကန့်သတ်မထားဘူး။ အရင်တုန်းကတော့ သီချင်းရေးရင် သံစဉ်ရောစာသားရော တပြိုင်နက်တည်း ရေးတာ။ နောက်ပိုင်းကျတော့ သံစဉ်လေးက လှတယ်ဆိုပြီး ထွက်တယ်။ စာသားက ဘယ်လိုမှ စဉ်းစားမရတာ ရှိတယ်။ နောက်ပိုင်းသံစဉ်ကို Notes နဲ့ ရေးထားတယ်။ စာအုပ် ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ကြုံတွေ့ရတာတွေရှိရင် အဆင်ပြေမယ့် သံစဉ်လေးနဲ့တွဲပြီး ရေးတတ်တယ်။
ဆိုထားတာက— ကိုယ့်ဘာသာ သီးသန့်ဆိုဖို့အတွက် ရေးထားတာပါ။ နောက်ပြီး သီချင်းကဆိုရတာ အရမ်းခက်တယ်။ စာသားတွေကလည်း အရမ်းစိပ်တယ်။ တစ်ကြောင်းနဲ့တစ်ကြောင်းက ကပ်နေတယ်။ ဒါတောင် Tempo တော်တော်နှေးထားတာ တစ်ကြောင်းဆိုပြီးရင် နောက်တစ်ကြောင်းကို ချက်ချင်းဆိုလို့ မရဘူး။ လေလည်း ကုန်နေပြီ။ ပြန်ပြင်ပြီးဆိုရတယ်။ အဆင်ပြေအောင် ဆိုလိုက်ရသလို ဖြစ်နေတယ်။ တစ်ခေါက်တည်းဆိုတဲ့ Mood တော့ မရခဲ့ဘူး။
အမှတ်တရဆိုရင်— အမှတ်တရကတော့ တစ်မိုးအောက်ဆိုတဲ့ သီချင်းကို ခေါင်းစဉ်အနေနဲ့ ပေးထားတာပဲ။ ကိုယ်လည်း တကယ်ကြိုက်လို့ပါ။ ပရိသတ်ရဲ့ တုံ့ပြန်မှုနောက်ပိုင်း Show ပွဲတွေမှာ ပရိသတ်က အဲဒီ သီချင်းလေး တောင်းတာများတယ်။ ပရိသတ်ကြိုက်တဲ့ သီချင်းလေး တစ်ပုဒ်ဖြစ်လို့လည်း ဝမ်းသာတယ်။ တစ်ခါတလေ စင်ပေါ်မတက်ခင်မှာ အဲဒီသီချင်း ဆိုပေးဖို့ ပြောတာများတယ်။
သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ကွာတာက— ကိုယ်ရေးတဲ့ သီချင်းကို ကိုယ်တိုင်ဆိုတဲ့အခါမှာ ရေးကတည်းက ကိုယ့်ခံစားချက်ပါတော့ သိပ်ပြီး အခက်အခဲ မရှိဘူး။ သူများသီချင်းတွေကို ဆိုရတာက ခက်တယ်။ သူက ဘယ်အကြောင်းအရာကို တည်ပြီးရေးထားတာလဲ။ တေးရေးတစ်ယောက် လိုချင်တာကို ဖမ်းဖို့က ပိုခက်တယ်။
တခြားလုပ်ထားတာတွေက— တခြား အနုပညာနဲ့ ပတ်သက်ပြီး နောက် တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေ စုနေတယ်။ နောက်ပြီး ထွက်ဖို့ရှိတာက အတွဲခွေ နှစ်ခွေထွက်ဖို့ ရှိတယ်။ ချစ်သူ့အနား အခွေထဲမှာကတော့ ပရိုဂျူဆာက စိုးလွင်လွင်သံနဲ့ တူလို့ဆိုပြီး သူ့သီချင်းတစ်ပုဒ် ဆိုထားတယ်။ နောက်တစ်ခွေကတော့ အတွဲဆိုထားတယ်။ L ဆိုင်းဇီနဲ့က ရင်ခုန်ဖော်ရင်ခုန်ဖက်ဆိုတဲ့ သီချင်းဆိုထားတယ်။ အဲဒါကိုပဲ Title လုပ်ထားတယ်။ ကိုယ်တိုင်လည်း သရုပ်ဆောင်ထားပါတယ်။ ပရိသတ်ကိုလည်း ကျွန်တော်အများကြီး ကြိုးစားနေပါတယ်။ အားပေးပါလို့ ပြောချင်ပါတယ်။
Ref : 8 Days Journal

No comments:
Post a Comment