Pages

Tuesday, August 30, 2011

ရာသီဥတု သိပ်ပူတဲ့ အချိန်ကျရင် တောင်ကြီးကို ပြန်ပြေးချင်တယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်


စိုင်းစိုင်းခမ်းလှိုင်
စိုင်းစိုင်းခမ်းလှိုင်
ငယ်စဉ် မွေးဖွားရာ ဇာတိမြို့ကလေးကို လူတိုင်း ချစ်မြတ်နိုး တွယ်တာ တတ်ကြပါတယ်။  အရွယ်ရောက်လို့ ပညာဆည်းပူးဖို့၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေဖို့အတွက် မိမိရဲ့ဇာတိမြို့ကို စွန့်ခွာလို့ မြို့ကြီးပြကြီးကို ရောက်လာခဲ့တဲ့ သူတွေ ရှိပါတယ်။ ကိုယ့်ရဲ့ အိပ်မက် ကိုယ်စီနဲ့ပေါ့။ ဘယ်လိုအချိန် ဘယ်ကာလမှာပဲ မဆို ကိုယ့်ရဲ့ ဇာတိမြို့လေးကို လွမ်းတမ်းတ စိတ်တော့ ဖြစ်မိတတ်ကြပါတယ်။  မြို့ပြမှာ အလုပ်တွေမောလို့ စိတ်ကြည်နူးစရာ ရယ်လို့ ပြန်တွေးမိရင် ကိုယ့်ဇာတိက ငယ်ဘဝတွေဆိုရင် မှားမယ် မထင်ပါဘူး။ အနုပညာရှင်တွေ ထဲမှာလည်း အနယ်နယ်အရပ်ရပ်က သူတွေ ရှိပါတယ်။ သူတို့တွေရော.. သူတို့ရဲ့ ဇာတိမြေကို ဘယ်လို လွမ်းလဲဆိုတာ ဒီလိုပဲ မေးဖြစ်ခဲ့သမျှ ဖော်ပြပေးလိုက်ပါတယ်။
ဇာတိမြို့မှာ အလွမ်းဆုံး နေရာဆိုရင်တော့ ကျွန်တော့် အိမ်ပေါ့ဗျာ။ အလွမ်းဆုံး အချိန်ဆိုရင်တော့ “သိလား စာမေးပွဲတွေ ပြီးသွားတဲ့ အချိန်လေ သစ်ပင်မှာ သစ်ရွက်တွေက ကြွေပြီးတော့နေတဲ့ အချိန်ပေါ့။ ကျွန်တော့်အိမ်က ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်။ ကျောင်းဝန်းကြီးထဲ ကျွန်တော် တစ်ယောက်တည်းသွား သစ်ပင်ကြီးအောက်မှာ တစ်ယောက်တည်း ထိုင်ပြီး နေရတဲ့အရသာကို တအားလွမ်းတယ်” ရန်ကုန်မှာလည်း ကျွန်တော် နေသားကျနေပါပြီ။ ရာသီဥတု သိပ်ပူတဲ့ အချိန်ကျရင်တော့ ကျွန်တော် တောင်ကြီးကို ပြန်ပြေးချင်တယ်။
Q. ဇာတိမြေကို ပြန်လေ့ရှိလား။
A. ဇာတိမြေ တောင်ကြီးကို တန်ဆောင်တိုင်ဆိုရင် ပြန်လေ့ရှိပါတယ်။ ကျွန်တော် တစ်နှစ်တစ်ခေါက်တော့ ပြန်လေ့ရှိပါတယ်။
Q. ဘယ်အချိန်မှာ ဇာတိမြေကို လွမ်းလဲ။
A. ပူတဲ့အချိန်မှာ လွမ်းပါတယ်။ တောင်ကြီးက အရမ်းအေးတော့ ရန်ကုန်မှာ ရာသီဥတု တအားပူပြီဆို တောင်ကြီးကို ပြန်ပြေးချင်ပါတယ်။
Q. တောင်ကြီးမှာ ဘယ်လို ပရဟိတမျိုးတွေ လုပ်ချင်လဲ။
A. ကျွန်တော်က အနုပညာပဲ လုပ်တတ်တာဆိုတော့ ကျန်တာ မလုပ်တတ်ဘူး။ ပရဟိတ လုပ်ငန်းမျိုး တစ်ချိန်ချိန်မှာ လုပ်ဖြစ်လာရင် ပြောပါမယ်။
Q. ဇာတိမြို့က သူငယ်ချင်းတွေရော ဘယ်လို စကားမျိုး ပြောချင်လဲ။
A. သူငယ်ချင်းတွေက အမြဲတမ်း အဆက်အသွယ် ရှိပါတယ်။
Q. လူငယ်တွေကိုရော ဘာတွေပြောချင်လဲ။
A. ဘာမှထွေထွေထူးထူး ပြောစရာ မရှိပါဘူး။
Q. ပရိသတ်ကိုရော
A. ပရိသတ်ကတော့ ကျွန်တော့်ရဲ့ ဇာတ်ကားတွေ တောက်လျှောက် ထွက်ဖို့ ရှိပါတယ်။ အားပေး ချီးမြှင့်ပါဦးလို့ ပြောချင်ပါတယ်။
ကလောင် – မေသက်
8 Days Journal

No comments:

Post a Comment