Pages

Monday, August 29, 2011

အိမ်မှာ ပူညံပူညံဖြစ်နေရင် ပြန်လာချင်မှာ မဟုတ်ဘူး၊ ကိုယ်တွယ်တာတဲ့ မိသားစုလေးရှိလို့ ပြန်လာတာလေ

ဖြိုးသီရိခေတ်
ဖြိုးသီရိခေတ်
အိမ် . . . တဲ့။ အဲဒီဝေါဟာရကို ကြားလိုက်ရရင်ဖြင့် ရင်ထဲမှာ ငြိမ်းချမ်းသွားသလိုပါပဲ။ မိသားစုရဲ့ အငွေ့အသက်တွေ၊ ကိုယ်နဲ့အမြဲတစေ ထိတွေ့နေရတဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ၊ နောက်ပြီး ကိုယ့်ရဲ့လုံခြုံနွေးထွေးမှုကို ပေးနိုင်တဲ့ စိတ်ခံစားချက်တွေ ရောယှက်ပါနေတာက. . . အိမ် . . ဆိုတဲ့ ဝေါဟာရလေးပဲပေါ့။ ဘယ်လောက်ပဲ ဝေးကွာတဲ့နေရာဒေသကို ရောက်ရှိနေပါစေ။ အိမ်ဆိုတဲ့ . . . ကွန်းခိုရာ နေရာလေးကိုတော့ ရောက်အောင် ပြန်ချင်ကြစမြဲပါ။ ဒါကြောင့် သူတို့နေထိုင်တဲ့ အိမ်ကလေး ဒါမှမဟုတ် အိမ်ခန်းကလေးအကြောင်း တဖွဲ့တနွဲ့နဲ့ ပြောပြဖို့အတွက် ကိုတော့ အနုပညာရှင်တွေကို အကူအညီ တောင်းခဲ့ရပါတယ်။ အခုတစ်ပတ်မှာ အိမ်အကြောင်း ဖွင့်ဆိုမယ့်အနုပညာရှင်က ဖြိုးသီရိခေတ်ပ ဖြစ်ပါတယ်။
ဖြိုးသီရိခေတ်
ဖြိုးသီရိခေတ်
အိမ်ဆိုတာ အဓိပ္ပာယ် ဖွင့်ရရင်
အိမ်ဆိုတာ လုံခြုံတယ်၊ အေးချမ်းတယ်၊ နွေးထွေးတယ်ဆိုတဲ့ ခံစားမှုတွေကို ပေးတဲ့နေရာပေါ့။ နားခိုစရာထက် ခိုနားရာပေါ့။ အခြားနေရာတွေကတော့ နားခိုစရာပေါ့။ ကိုယ့်ရဲ့အိမ်ကျတော့ ခိုနားရာ နေရာပေါ့။ မေတ္တာတရားတွေ ဘာတွေရှိတယ်။ နွေးထွေးတာပေါ့။
အိမ်ရဲ့ အကြိုက်ဆုံး နေရာတွေက
ဧည့်ခန်းနဲ့ ကိုယ့်ရဲ့အိပ်ခန်းကို အကြိုက်ဆုံးပဲ။
ကိုယ်ကြိုက်တဲ့အိမ်ပုံစံတွေဆိုရင်
အိမ်ကြီးရခိုင်တို့၊ Class ဆန်တဲ့ပုံစံ Modernize ဖြစ်တဲ့ပုံစံတွေ ကြိုက်တယ်။ Cotage Design တွေကြိုက်တယ်။ အဲဒီထဲမှာမှ ပြောရရင် Modernize ဖြစ်တာကို အကြိုက်ဆုံးပဲ။
အခြားမြင်ဖူးတဲ့ အိမ်တွေဆိုရင်
အိမ်ဆောက်တာကိုလည်း ၀ါသနာပါတယ်။ အခြား ပြည်တွင်းပြည်ပ Celebrity တွေရဲ့ အိမ်ပုံစံလှလှလေးတွေ မြင်တဲ့အခါလည်း လိုက်ကြည့်မိတယ်။ အချို့အိမ်တွေဆိုရင် ခမ်းနားကြီးကျယ်ပြီးတော ဥရောပစတိုင်လ် ပုံစံမျိုးတွေလည်း မြင်ဖူးတယ်။ အိမ်ရဲ့အတွင်းအပြင် Decoration တွေကိုလည်း လိုက်ကြည့်ဖြစ်တယ်။
Decoration လုပ်ချင်တဲ့ အပိုင်းတွေဆိုရင်
Decoration လုပ်ဖြစ်ရင် မျက်နှာကျက်ကို ရှင်းရှင်းလေးလုပ်ချင်တယ်။ နံရံတွေမှာဆိုရင် အပေါက်လေးတွေ ဖေါက်မယ်။ ကျောက်ပြားလေးတွေကပ်မယ်။ လှေကားမှာ လက်ရန်းမဟုတ်ဘဲ နံရံလေးတွေ လုပ်ထားတာ ပြီးတော့ နံရံမှာ အထစ်လေးတွေ၊ အဲဒီအထစ်လေးတွေကို Accessories လေးတွေ ထည့်ရတာကို သဘောကျတယ်။ အရောင်မှာဆိုရင်တော့ အဖြူနဲ့ အနက်ကို အကြိုက်ဆုံးပဲ။ ရှင်းရှင်းလင်းလင်းနဲ့ ခေတ်မီတဲ့ အိမ်ပုံစံလေးတွေ ကြိုက်တယ်။ အိမ်ရှေ့ခြံထဲမှာလည်း မြက်ခင်းအပြည့် ခင်းချင်တယ်။
သီရိဂေဟာ ဖြစ်ဖို့ဆိုရင်
အဓိကကတော့ မိသားစုအချင်းချင်း ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းရှိဖို့လိုတယ်။ အိမ်မှာ ပူညံပူညံဖြစ်နေရင် ပြန်လာချင်မှာ မဟုတ်ဘူး။ အိမ်ကိုပြန်လာချင်တယ်ဆိုတာ ကိုယ်တွယ်တာတဲ့ မိသားစုလေးရှိလို့ ပြန်လာတာလေ။ ဒါကြောင့် မိသားစုအချင်းချင်း အေးချမ်းပျော်ရွှင်မှုလေး ရှိဖို့လိုတယ်။ ဒါမှ သီရိဂေဟာဖြစ်မှာပေါ့။
8 Days Journal

No comments:

Post a Comment