လူတိုင်းလူတိုင်းမှာ ဆယ်ကျော်သက် ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာတွေ ရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော်သက် ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်အရွယ် အိပ်မက်ကတော့ လေယာဉ်မောင်းတဲ့သူ ဖြစ်ချင်တာပါ။ ဟုတ်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ ရူးသွပ်မှုပါ။ ကျွန်တော်ငယ်ငယ်က ဆိုရင် Remote နဲ့ လေယာဉ်မောင်းရင် ကိုယ်ပါလေယာဉ်ထဲကို ပါသွားတယ်လို့ ခံစားမိတယ်။ မရှိပါဘူး။ မေမေတို့က ကျွန်တော့်ကို ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် အဖေနဲ့အမေက ကျွန်တော့်ကို တရားနဲ့အညီ ဆုံးမပါတယ်။
ဒီအနုပညာ အလုပ်ကို ကျွန်တော် အရမ်း လုပ်ချင်တာပါ။ ဒီအလုပ်ကို မလုပ်ခဲ့ရလို့ အသက်ကြီးသွားရင် နောင်တရတယ်ဆိုတဲ့ စိတ်ကြီးမဖြစ်ချင်လို့ ဒီအလုပ်ကို လုပ်ခဲ့တာပါ။ ဒီအလုပ်ကို အရမ်းကို ဝါသနာပါပြီး ဒီအပေါ်မှာ မွေ့လျော်ချင်လို့ လုပ်ခဲ့တာပါ။ ကျွန်တော်လုပ်ချင်လို့ကို လုပ်ခဲ့တာပါ။ ကျွန်တော် အရွယ်ရောက်တဲ့ အချိန်ကစပြီး ဝါသနာပါခဲ့တာပါ။ ငယ်ငယ်တုန်းက ဗီဒီယိုကြည့်ပြီး အိမ်ရောက်ရင် ရုပ်ရှင်ထဲက လုပ်တဲ့အတိုင်း ငိုရင် ငိုသလို လုပ်မယ်၊ ရူးတယ်ဆိုရင်လည်း ရူးတာတွေ လုပ်ကြည့်ခဲ့ပါတယ်။ လုပ်ကြည့်ရင်းကနေ ကျောင်းမှာဆိုရင်လည်း ကပွဲထဲမှာပါတယ်။ အဲဒီလိုလုပ်ရင်းကနေ ကျွန်တော် အနုပညာအလုပ်ကို ဝါသနာပါခဲ့တာပါ။ လေယာဉ်မောင်းတဲ့ အလုပ်ကို ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တာပါ။ အရမ်းကြီး ရူးသွပ်ခဲ့တာတော့ မရှိပါဘူး။ နောင်တရတာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း တကယ်လုပ်လို့ ရရင်တော့ ကြိုးစားပြီး လုပ်ချင်ခဲ့တာပါ။ ဘဝအတွက် အလုပ်တစ်ခုအနေနဲ့ မလုပ်ရင်တောင် လေ့လာလို့ရမယ်။ အခွင့်အရေးရရင်တော့ လုပ်ချင်ပါတယ်။ ဒီအချိန်ကျမှတော့ ဒီအလုပ်ကို မစွန့်လွှတ်ပါဘူး။ လေယာဉ်မောင်းတာကလည်း ငယ်ငယ်တုန်းက ဝါသနာပါတဲ့အတွက် လုပ်ကြည့်ချင်ပါတယ်။ ကျွန်တော့်ဘဝအတွက် အရေးအကြီးဆုံးကတော့ အနုပညာ အလုပ်ပါ။ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ်တည်ရတာ များပါတယ်။ ငယ်ငယ်တုန်းကတော့ ထိန်းချုပ်ခံရတာပေါ့။ ကြီးလာရင်တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်တာ မှန်ကန်မယ်လို့ ထင်ပါတယ်။ ဆယ်ကျော်သက် အရွယ်ကတော့ မတူကြပါဘူး။ တချို့ကျတော့ သူဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်နဲ့ သူ့စိတ်ဓာတ်ကလည်း သက်ဆိုင်ပါတယ်။ ထိန်းချုပ်မှရမယ့်သူဆို ထိန်းချုပ်သင့်ပါတယ်။ မထိန်းချုပ်ဘဲ လွှတ်ပေးလို့ရမယ့်သူဆိုရင်လည်း လွှတ်ပေးသင့်ပါတယ်လို့ ထင်ပါတယ်။ မိဘဆိုတာ ကိုယ်မွေးထားတဲ့ သားသမီးတွေကို အကောင်းတွေပဲ ဖြစ်စေချင်ကြတာလေ။ တချို့က မလိုတဲ့လောဘလေးတွေ ဖြစ်သွားတတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းစေချင်တဲ့အတွက် ထိန်းချုပ်တာဖြစ်တဲ့ အတွက် တချို့အရာလေးတွေ မှားခဲ့ရင်တောင် စေတနာအမှားပဲဖြစ်မယ်။ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ဆုံးဖြတ်ချက်လေးတော့ ပေးစေချင်တယ်။ မှားတဲ့အခါ ဆိုရင်တော့ လမ်းကြောင်း ပြန်တည့်ပေးစေချင်တယ်။ ဒီခေတ်မှာတော့ သားသမီးတွေနဲ့ မိဘတွေက ခေတ်အလျောက် နားလည်လာပြီဆိုတော့ ထူးထူးခြားခြား ပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ်။
မြတ်သူအောင်
Ref : 8 Days Journal

No comments:
Post a Comment