ကိုလွင် (ဒေးဒရဲ ) မှကြိုဆိုပါ၏
Pages
Tuesday, August 23, 2011
ပြည်ပရောက်ရင် မြန်မာအစားအစာကို ပိုလွမ်းတယ် ရွှေစင်
ပရိသတ်အတွက်ဆိုသောစေတနာတစ်ခုကိုအရင်းခံပြီး ကဏ္ဍမျိုးစုံကို တင်ဆက်ပေးလျက်ရှိရာ မှာအစားအသောက်ကောင်းတွေကိုမှရှာဖွေစားသောက်ချင်တဲ့ ပရိသတ်အတွက် ရန်ကုန်မြို့ထဲမှ အဆင်ပြေနိုင်မယ့် စားသောက်ဆိုင်များကိုအနုပညာရှင်တွေနဲ့အတူ တင်ဆက်ပေးခဲ့ပါတယ်။ အဲဒီလိုတင်ဆက်ပေးနိုင်ဖို့အတွက် အဆိုပါဆိုင်များကိုကြိုတင်ဆက်သွယ်ပြီး တိတိကျကျဆောင်ရွက်ခဲ့ပေမယ့် ကြော်ငြာမဟုတ်သော ကြော်ငြာတစ်ခုယူဆထားသောသူရှိသလိုထင်တော့ ဆိုင်ရှင်ပြောတော့ မန်နေဂျာ၊ ထသွားမှဘေ(လ်)ဆိုသော ပုဂ္ဂိုလ်များနှင့်ကြုံရပြန်တော့ စိတ်မောစရာပေါ့။ဘာပဲဖြစ်ဖြစ်၊ ဒီဆိုင်လေးကိုတော့ ဒီအနုပညာရှင်က လာစားတယ်နော်။သွားစားကြည့်ဦးမှပဲလို့ အတွေးတစ်ခုပေါ်လာရင်ပဲ တင်ဆက်ရတာအမောပြေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်ရွှေစင်ရွေးချယ်ခဲ့တဲ့ အစားအသောက်များနှင့် ဆိုင်အနေထားကို ကြည့်ရှုခံစားကြည့်ရအောင်ပါ . . .. အစားအသောက်နဲ့ Location အနေအထားကို ဒီလိုပဲ ပြောပေးရှာပါတယ် .. အခုရွှေစင်ရွေးထားတဲ့ ဟင်းပွဲလေးတွေက ပုစွန်ကျွဲကောသီးသုပ်၊ယိုးဒယားသင်္ဘောသီးထောင်း၊ကြက်ကြပ်သံပရာချို၊ ဟင်းပွဲသုံးပွဲလေးကို ရွေးချယ်စားသောက်တဲ့ဒီဆိုင်ရဲူ့သခအေငခည အနေအထား နဲ့အ စား အေ သာ က်ေ တွလည်းအရမ်းကောင်းပါတယ်။ ထိုင်းအစားအသောက်တွေကိုကျတော့အပြင်မှာထွက်စားဖြစ်တယ်။ ရွှေစင်ကအစပ်ပါတဲ့ အစားအသောက်လေးတွေကို ကြိုက်တယ်လေ။စာမျက်နှာ ပေါ်မို့လို့သာ ဒီဟင်းပွဲသုံးပွဲကို ရွေးချယ်စားသောက်ပေမယ့် ဒီဆိုင်ရဲ့ အစားအသောက်အားလုံးကိုကြိုက်ပါတယ်။ ပြီးတော့ သွားရေးလာရေးကလည်းအဆင်ပြေတယ်လေ။ ဒီဆိုင်လေးက မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲလာရောက်စားသောက်နိုင်ဖို့ ကျယ်ဝန်းတယ်။ ကားပါကင်လည်းအကျယ်ကြီးပဲဆိုတော့အဆင်ပြေတာပေါ့။ အပြင်ကိုတော့အမြဲတမ်းသွားစားဖြစ်တယ်လေ။ဂျပန်စာတို့ဆိုရင်လည်း အမြဲအပြင်မှာထွက်စားဖြစ်တယ်။ ကိုယ်ကြိုက်တဲ့အစားအသောက်တွေဆိုရင် သေချာမှတ်ထားတယ် .. “အိမ်” မှာဆိုရင် အမြဲလုပ်စားဖြစ်တယ်။ ဆိုင်တစ်ဆိုင်ကနေစားပြီးပြန်လာပြီဆိုရင်တော့ အဲဒီဟင်းလေးကိုကြိုက်ရင် ဘယ်လိုချက်သလဲဆိုတာကိုသေချာမေးတယ်။ပြီးရင်အိမ်မှာ ကိုယ့်ဘာသာကိုယ်ပြန်လုပ်စားဖြစ်ပါတယ်။ ဂျပန်အစားအစာနဲ့ မြန်မာအစားအစာကိုအကြိုက်ဆုံးပဲပေါ့။ ပြည်ပရောက်ရင် မြန်မာအစားအစာကို အရမ်းလွမ်းတယ် အခုလိုရန်ကုန်မြို့ထဲမှာတင်ကြိုက်သလို မှာယူစားသောက်နိုင်တယ်ဆိုတော့ ကောင်းတာပေါ့။ပြည်ပကိုရောက်ရင် မြန်မာအစားအစာတွေကို အရမ်းလွမ်းတယ်။အဒီချိန်ကျရင် မြန်မာစားသောက်ဆိုင်လေးတွေကို ရွေးချယ်စားသောက်ဖြစ်တယ်လေ။ စင်္ကာပူကိုအလည်သွားတုန်းကဆိုရင် တစ်ပတ်လောက်ကြာသွားတော့ မြန်မာစားသောက်ဆိုင်ကိုနေ့တိုင်းသွားစားဖြစ်ခဲ့တာပေါ့။ အဲဒီဆိုင်လေးမှာဆိုရင် ငါးပိထောင်းတို့ မုန့်ဟင်းခါးတို့ကိုပါ ရနိုင်တယ်၊ ပြီးတော့ မြန်မာလိုပါရေးထားတာဆိုတော့ ပိုအဆင်ပြေတယ်လေ။ ဘာပဲဖြစ်ဖြစ်ပြည်ပမှာ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်းအဆင်ပြေတာပေါ့။ ရွှေစင်ဆိုရင်ကိုယ့်အိမ်ကို ပြန်မရောက်ခင်အိမ်ကိုသေချာဖုန်းဆက်ထားပြီးတော့ အိမ်ရောက်တာနဲ့ အထုပ်အပိုးတန်းချပြီးအရင်ဆုံး မြန်မာထမင်းဟင်းကိုအရင်ဆုံးစားဖြစ်လောက်တဲ့အထိပဲပေါ့။ ပရိတ်သတ်ကိုလည်း ဖိတ်ခေါ်ပေးပါတယ် ဒီဆိုင်လေးက အစားအသောက်တွေက အရမ်းကောင်းပါတယ်။ သွားရလာရတာအဆင်ပြေသလို ပရိသတ်ကြီးကိုလည်း လာစားသောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ဝယ်ယူစားသောက်ဖြစ်ခဲ့ သော Thai Kitchen No. 126 (A-1) ၊ဓမ္မစေတီလမ်းနှင့် အင်းလျားလမ်းမီးပွိုင့်ထောင့် ဗဟန်းမြို့နယ်မှ Thai Resturant ကိုကျေးဇူးတင်ပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment