Pages

Wednesday, August 24, 2011

တကယ်လို့များ မယ်လိုဒီ



စာပေအနုပညာနဲ့ တေးချစ်သူပရိသတ်အားလုံးက ကိုငှက်ကြီးလို့ခေါ်တဲ့ တေးရေးတေးဆို ထူးအိမ်သင်က ““တကယ်လို့များ မင်းအပြုံးလေးများမရှိရင်.. တကယ်လို့များ…”” တေးသီချင်း တစ်ပုဒ်စပ်ဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်းကိုနားထောင်မိရာက တကယ်လို့များဆိုတဲ့ စကားလုံးလေးက ကျွန်မခေါင်းထဲမှာ တွေးစရာဖြစ်လာခဲ့ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကိုလည်း တကယ်လို့များ ဆိုတဲ့ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှမေးဖြစ်ခဲ့ပါတယ်။
တကယ်လို့များမျိုးကို လူသူမရှိတဲ့ကျွန်းပေါ်ကို တစ်ယောက်တည်းပို့လိုက်မယ်ဆိုရင် ဘာတွေယူသွားချင်လဲ
ကျွန်းပေါ်ကိုမျိုးကိုမပို့လောက်ဘူးထင်ပါတယ်။ သွားရမယ်ဆိုရင်လည်း မသွားပါဘူး။ ဖြစ်မလာနိုင်တဲ့ဟာတွေ ၊ ဖြစ်မလာသေးတဲ့ဟာတွေရွေးပြီး ကိုယ့်ကိုယ်ကိုယ် ဖိစီးမှုဖြစ်အောင်မနေဘူး။
 တကယ်လို့ ကိုယ်သီဆိုထားတဲ့ သီချင်း(သို့) ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတာမြင်ရင် ဘယ်လိုခံစားမိလဲ သြော် တော်ပါသေးရဲ့ မျိုးကိုသိကြတယ်လို့ ခံစားမိပါတယ်။
ဖြေ။    ။မျိုးထင်တယ်။ အဲဒီကားကို ကြည့်တယ်ဆိုတာမျိုးပါလို့ မဟုတ်ဘဲ မင်းသားကို ကြိုက်ပြီးကြည့်တယ်လို့ပဲ ထင်ပါတယ်။ မျိုးသီချင်းဆိုလည်း တစ်ခွေလုံးကို နားထောင်နေတာပဲ ဒီသီချင်းကိုတော့ မကျော်တော့ပါဘူးဆိုပြီး ဆက်နားထောင်တာမျိုးပဲ ဖြစ်မှာပါ။ မျိုးသီချင်းတစ်ပုဒ်တည်းကိုပဲ  Repeat လုပ်ပြီး ဘယ်သူမှ မဖွင့်ဘူးထင်တယ်။ မျိုးမှာ အဲဒီလို ပေါက်ခဲ့တဲ့သီချင်း မရှိခဲ့ဘူး။ နာမည်ကြီးပြီး သရုပ်ဆောင်တော်တဲ့ အထဲမှာ မျိုးမပါဘူး။
တကယ်လို့များ လမ်းနာမည်ကို ကိုယ့်နာမည်နဲ့ မှည့်ခွင့်ရခဲ့မယ် ဆိုရင်ရော…။
ဖြေ။    ။အဲဒီလိုမျိုးကြီး မရှိချင်ပါဘူး။ ဘာကြောင့်လဲဆို အဲဒီလို လုပ်ရလောက်အောင် ကိုယ်ဘာမှ မဟုတ်လို့ပါဘဲ။ အနုပညာသမားတစ်ယောက် မှန်ပေမယ့် ပြည်သူအတွက် ကိုယ်ဘာမှ လုပ်ပေးတာမရှိဘူး။ မျိုး ခံယူချက်က ပရိသတ်ကြိုက်မယ့် အရာလေးတွေမျိုး နှစ်သက်တာတွေကို အတတ်နိုင်ဆုံး ကောင်းအောင် လုပ်တယ်။ အဲဒီအတွက် ပရိသတ်က အားပေးတယ်။ ပရိသတ်ကြိုက်လာလေ ပရိုဂျူဆာငှားလေ မျိုးပိုက်ဆံရလေပဲ။ အပေးအယူပဲ။ အဲဒီတော့ ပရိသတ်အတွက် ဆိုပေမယ့် ကိုယ့်အတွက်လည်း ပါတယ်။ ပရိသတ်အတွက် ချည်းပဲလို့ မျိုး မပြောချင်ဘူး။ ကိုယ်လက်ခံထားတာ တစ်ခုက မျိုးက သူတော်စင် မဟုတ်ဘူး။ မိန်းမယုတ်မဟုတ်သလို ဗိုင်းကောင်းကျောက်ဖိ မိန်းမတစ်ယောက်လည်း မဟုတ်ဘူး။ အဲဒီလို မဟုတ်တဲ့အတွက် ကိုယ်က မှတ်ကျောက်တင်လောက်တဲ့ သူမျိုး မဟုတ်သေးပါဘူး။
တကယ်လို့များ ကိုယ် Crazy ဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်နဲ့ အလုပ်တွဲပြီး လုပ်ရမယ်ဆိုရင်ရော ….။
ဖြေ။    ။မျိုးက ဘယ်သူ့ကိုမှ မရူးသွပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အကြိုက်ဆုံး၊ အချစ်ဆုံး၊ တန်ဖိုးအထားဆုံး၊ အရာရာအားလုံးထက် ကိုယ့်ကိုယ်ကိုယ် ချစ်တယ်။ ဘာနဲ့မှ မလဲနိုင်ဘူး။ အဲဒါ ငါဆိုတဲ့ အတ္တလို့ ထင်တယ်။ လူတစ်ယောက်ဘဝမှာ ဂုဏ်သိက္ခာနဲ့ရပ်တည်တာ။ ဂုဏ်သိက္ခာအတွက် ပိုက်ဆံနဲ့ မလဲနိုင်သလို အောင်မြင်မှုနဲ့လည်း မလဲနိုင်ဘူး။
မေး။    ။တကယ်လို့များ ကိုယ်မုန်းတဲ့ သူတစ်ယောက်နဲ့ ဓာတ်လှေကားတစ်ခုထဲမှာ ပိတ်မိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ..။
ဖြေ။    ။မျိုးဘယ်သူ့ကိုမှ ခါးခါးသီးသီး မမုန်းဖူးပါဘူး။
တကယ်လို့များ တစ်ရက်သာ အသက်ရှင်ခွင့်ရတော့မယ်ဆိုရင် ဘာတွေလုပ်ချင်လဲ ..။
ဖြေ။    ။အဲဒါလည်း မဖြစ်နိုင်ပါဘူး။ အရာရာတိုင်းသာ ကြိုသိနေရင်လူတွေက ကြိုတင်ပြင်ဆင်ကုန်မှာပေါ့။ ကြိုတင်ပြင်ဆင်တိုင်းလည်း ဘဝမှာ ဖြစ်ချင်မှဖြစ်တာ။ မျိုးအဖေလည်း ဆေးရုံတက်တာ ဆရာဝန်က (၆) လပဲ ခံမယ်ပြောပြီး တစ်နှစ်ကျော်ကျော် အသက်ရှင်သွားတယ်။ တစ်ရက်ပဲ အသက်ရှင်မယ် ပြောပြီးနာရီဝက်အတွင်း သေချင် သေသွားနိုင်တယ်။
တကယ်လို့များ  မျိုးကို နံပါတ်တွေနဲ့ ပတ်သက်ပြီး အယူသီးမှုရှိလားလို့ မေးလာခဲ့ရင် ရော..နံပါတ်တွေနဲ့ပတ်သက်ပြီး မျိုးအယူသီးတာမျိုးမရှိဘူး။
ဖြေ။    ။မျိုးအတွက် ထူးထူးခြားခြား ကံကောင်းစေတဲ့ ဂဏန်းမရှိသလို ကံဆိုးစေတဲ့ ဂဏန်းမျိုးလည်း မရှိဘူး။ ဒါပေမဲ့ (၆)ကတော့ ကိုယ့်ရဲ့ မွေးနေ့မို့ကြိုက်တယ်။ နံပါတ်တွေက သူ့နေရာနဲ့သူ အကောင်းဆုံး ရပ်တည်နေကြတာပဲလေ။ ကိုယ်က ဒီနံပါတ်တစ်လုံးကို ကြိုက်တယ်ဆိုပြီး ကျန်တဲ့ဂဏန်းတွေ ဖျက်ပစ်လို့ရတာမှ မဟုတ်တာ။ ဘယ်အရာမဆို ကောင်းတယ်လို့ရွေးထားရင် ကောင်းတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်ပါတယ်။
ကလောင် – မေသက်
Ref: 8 Days Journal

No comments:

Post a Comment