Pages
Tuesday, August 30, 2011
ရာသီဥတု သိပ်ပူတဲ့ အချိန်ကျရင် တောင်ကြီးကို ပြန်ပြေးချင်တယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
ငယ်စဉ် မွေးဖွားရာ ဇာတိမြို့ကလေးကို လူတိုင်း ချစ်မြတ်နိုး တွယ်တာ တတ်ကြပါတယ်။ အရွယ်ရောက်လို့ ပညာဆည်းပူးဖို့၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေဖို့အတွက် မိမိရဲ့ဇာတိမြို့ကို စွန့်ခွာလို့ မြို့ကြီးပြကြီးကို ရောက်လာခဲ့တဲ့ သူတွေ ရှိပါတယ်။ ကိုယ့်ရဲ့ အိပ်မက် ကိုယ်စီနဲ့ပေါ့။ ဘယ်လိုအချိန် ဘယ်ကာလမှာပဲ မဆို ကိုယ့်ရဲ့ ဇာတိမြို့လေးကို လွမ်းတမ်းတ စိတ်တော့ ဖြစ်မိတတ်ကြပါတယ်။ မြို့ပြမှာ အလုပ်တွေမောလို့ စိတ်ကြည်နူးစရာ ရယ်လို့ ပြန်တွေးမိရင် ကိုယ့်ဇာတိက ငယ်ဘဝတွေဆိုရင် မှားမယ် မထင်ပါဘူး။ အနုပညာရှင်တွေ ထဲမှာလည်း အနယ်နယ်အရပ်ရပ်က သူတွေ ရှိပါတယ်။ သူတို့တွေရော.. သူတို့ရဲ့ ဇာတိမြေကို ဘယ်လို လွမ်းလဲဆိုတာ ဒီလိုပဲ မေးဖြစ်ခဲ့သမျှ ဖော်ပြပေးလိုက်ပါတယ်။
ဇာတိမြို့မှာ အလွမ်းဆုံး နေရာဆိုရင်တော့ ကျွန်တော့် အိမ်ပေါ့ဗျာ။ အလွမ်းဆုံး အချိန်ဆိုရင်တော့ “သိလား စာမေးပွဲတွေ ပြီးသွားတဲ့ အချိန်လေ သစ်ပင်မှာ သစ်ရွက်တွေက ကြွေပြီးတော့နေတဲ့ အချိန်ပေါ့။ ကျွန်တော့်အိမ်က ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်။ ကျောင်းဝန်းကြီးထဲ ကျွန်တော် တစ်ယောက်တည်းသွား သစ်ပင်ကြီးအောက်မှာ တစ်ယောက်တည်း ထိုင်ပြီး နေရတဲ့အရသာကို တအားလွမ်းတယ်” ရန်ကုန်မှာလည်း ကျွန်တော် နေသားကျနေပါပြီ။ ရာသီဥတု သိပ်ပူတဲ့ အချိန်ကျရင်တော့ ကျွန်တော် တောင်ကြီးကို ပြန်ပြေးချင်တယ်။
Q. ဇာတိမြေကို ပြန်လေ့ရှိလား။
A. ဇာတိမြေ တောင်ကြီးကို တန်ဆောင်တိုင်ဆိုရင် ပြန်လေ့ရှိပါတယ်။ ကျွန်တော် တစ်နှစ်တစ်ခေါက်တော့ ပြန်လေ့ရှိပါတယ်။
A. ဇာတိမြေ တောင်ကြီးကို တန်ဆောင်တိုင်ဆိုရင် ပြန်လေ့ရှိပါတယ်။ ကျွန်တော် တစ်နှစ်တစ်ခေါက်တော့ ပြန်လေ့ရှိပါတယ်။
Q. ဘယ်အချိန်မှာ ဇာတိမြေကို လွမ်းလဲ။
A. ပူတဲ့အချိန်မှာ လွမ်းပါတယ်။ တောင်ကြီးက အရမ်းအေးတော့ ရန်ကုန်မှာ ရာသီဥတု တအားပူပြီဆို တောင်ကြီးကို ပြန်ပြေးချင်ပါတယ်။
A. ပူတဲ့အချိန်မှာ လွမ်းပါတယ်။ တောင်ကြီးက အရမ်းအေးတော့ ရန်ကုန်မှာ ရာသီဥတု တအားပူပြီဆို တောင်ကြီးကို ပြန်ပြေးချင်ပါတယ်။
Q. တောင်ကြီးမှာ ဘယ်လို ပရဟိတမျိုးတွေ လုပ်ချင်လဲ။
A. ကျွန်တော်က အနုပညာပဲ လုပ်တတ်တာဆိုတော့ ကျန်တာ မလုပ်တတ်ဘူး။ ပရဟိတ လုပ်ငန်းမျိုး တစ်ချိန်ချိန်မှာ လုပ်ဖြစ်လာရင် ပြောပါမယ်။
A. ကျွန်တော်က အနုပညာပဲ လုပ်တတ်တာဆိုတော့ ကျန်တာ မလုပ်တတ်ဘူး။ ပရဟိတ လုပ်ငန်းမျိုး တစ်ချိန်ချိန်မှာ လုပ်ဖြစ်လာရင် ပြောပါမယ်။
Q. ဇာတိမြို့က သူငယ်ချင်းတွေရော ဘယ်လို စကားမျိုး ပြောချင်လဲ။
A. သူငယ်ချင်းတွေက အမြဲတမ်း အဆက်အသွယ် ရှိပါတယ်။
A. သူငယ်ချင်းတွေက အမြဲတမ်း အဆက်အသွယ် ရှိပါတယ်။
Q. လူငယ်တွေကိုရော ဘာတွေပြောချင်လဲ။
A. ဘာမှထွေထွေထူးထူး ပြောစရာ မရှိပါဘူး။
A. ဘာမှထွေထွေထူးထူး ပြောစရာ မရှိပါဘူး။
Q. ပရိသတ်ကိုရော
A. ပရိသတ်ကတော့ ကျွန်တော့်ရဲ့ ဇာတ်ကားတွေ တောက်လျှောက် ထွက်ဖို့ ရှိပါတယ်။ အားပေး ချီးမြှင့်ပါဦးလို့ ပြောချင်ပါတယ်။
A. ပရိသတ်ကတော့ ကျွန်တော့်ရဲ့ ဇာတ်ကားတွေ တောက်လျှောက် ထွက်ဖို့ ရှိပါတယ်။ အားပေး ချီးမြှင့်ပါဦးလို့ ပြောချင်ပါတယ်။
ကလောင် – မေသက်
8 Days Journal
Monday, August 29, 2011
နှစ်တစ်ရာ အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်

Myanmar Calander လေးတင်ပေးရင်နဲ့ နှစ်တစ်ရာမြန်မာပြက္ခဒိန်လေးကိုလည်းအားလုံးအတွက်အသုံးဝင်မယ်
ထင်လို့တင်ပေးလိုက်ပါတယ်..မြန်မာခုနှစ်ကော ၊ အင်္ဂလိပ်ခုနှစ်ကောအလွယ်တကူရှာဖွေနိုင်မှာဖြစ်သလို
ကွန်ပျုတာပေါ်မှာပဲအလွယ်တကူသိမ်းထားလို့ရမှာဖြစ်တဲ့အတွက်လဲကွန်ပျုတာသုံးစွဲသူတွေအတွက်ပိုပြီး
တော့အဆင်ပြေစေမှာဖြစ်ပါတယ်..။ 839 KB ပဲရှိပါတယ်..။ဒီကောင်လေးကို Install လုပ်ပေးယုံပါပဲ..။လို
အပ်တဲ့သူတွေကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..။
Download From Ifile.it
Download From Mediafire
အိမ်မှာ ပူညံပူညံဖြစ်နေရင် ပြန်လာချင်မှာ မဟုတ်ဘူး၊ ကိုယ်တွယ်တာတဲ့ မိသားစုလေးရှိလို့ ပြန်လာတာလေ
အိမ် . . . တဲ့။ အဲဒီဝေါဟာရကို ကြားလိုက်ရရင်ဖြင့် ရင်ထဲမှာ ငြိမ်းချမ်းသွားသလိုပါပဲ။ မိသားစုရဲ့ အငွေ့အသက်တွေ၊ ကိုယ်နဲ့အမြဲတစေ ထိတွေ့နေရတဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ၊ နောက်ပြီး ကိုယ့်ရဲ့လုံခြုံနွေးထွေးမှုကို ပေးနိုင်တဲ့ စိတ်ခံစားချက်တွေ ရောယှက်ပါနေတာက. . . အိမ် . . ဆိုတဲ့ ဝေါဟာရလေးပဲပေါ့။ ဘယ်လောက်ပဲ ဝေးကွာတဲ့နေရာဒေသကို ရောက်ရှိနေပါစေ။ အိမ်ဆိုတဲ့ . . . ကွန်းခိုရာ နေရာလေးကိုတော့ ရောက်အောင် ပြန်ချင်ကြစမြဲပါ။ ဒါကြောင့် သူတို့နေထိုင်တဲ့ အိမ်ကလေး ဒါမှမဟုတ် အိမ်ခန်းကလေးအကြောင်း တဖွဲ့တနွဲ့နဲ့ ပြောပြဖို့အတွက် ကိုတော့ အနုပညာရှင်တွေကို အကူအညီ တောင်းခဲ့ရပါတယ်။ အခုတစ်ပတ်မှာ အိမ်အကြောင်း ဖွင့်ဆိုမယ့်အနုပညာရှင်က ဖြိုးသီရိခေတ်ပ ဖြစ်ပါတယ်။
အိမ်ဆိုတာ အဓိပ္ပာယ် ဖွင့်ရရင်
အိမ်ဆိုတာ လုံခြုံတယ်၊ အေးချမ်းတယ်၊ နွေးထွေးတယ်ဆိုတဲ့ ခံစားမှုတွေကို ပေးတဲ့နေရာပေါ့။ နားခိုစရာထက် ခိုနားရာပေါ့။ အခြားနေရာတွေကတော့ နားခိုစရာပေါ့။ ကိုယ့်ရဲ့အိမ်ကျတော့ ခိုနားရာ နေရာပေါ့။ မေတ္တာတရားတွေ ဘာတွေရှိတယ်။ နွေးထွေးတာပေါ့။
အိမ်ရဲ့ အကြိုက်ဆုံး နေရာတွေက
ဧည့်ခန်းနဲ့ ကိုယ့်ရဲ့အိပ်ခန်းကို အကြိုက်ဆုံးပဲ။
ကိုယ်ကြိုက်တဲ့အိမ်ပုံစံတွေဆိုရင်
အိမ်ကြီးရခိုင်တို့၊ Class ဆန်တဲ့ပုံစံ Modernize ဖြစ်တဲ့ပုံစံတွေ ကြိုက်တယ်။ Cotage Design တွေကြိုက်တယ်။ အဲဒီထဲမှာမှ ပြောရရင် Modernize ဖြစ်တာကို အကြိုက်ဆုံးပဲ။
အခြားမြင်ဖူးတဲ့ အိမ်တွေဆိုရင်
အိမ်ဆောက်တာကိုလည်း ၀ါသနာပါတယ်။ အခြား ပြည်တွင်းပြည်ပ Celebrity တွေရဲ့ အိမ်ပုံစံလှလှလေးတွေ မြင်တဲ့အခါလည်း လိုက်ကြည့်မိတယ်။ အချို့အိမ်တွေဆိုရင် ခမ်းနားကြီးကျယ်ပြီးတော ဥရောပစတိုင်လ် ပုံစံမျိုးတွေလည်း မြင်ဖူးတယ်။ အိမ်ရဲ့အတွင်းအပြင် Decoration တွေကိုလည်း လိုက်ကြည့်ဖြစ်တယ်။
Decoration လုပ်ချင်တဲ့ အပိုင်းတွေဆိုရင်
Decoration လုပ်ဖြစ်ရင် မျက်နှာကျက်ကို ရှင်းရှင်းလေးလုပ်ချင်တယ်။ နံရံတွေမှာဆိုရင် အပေါက်လေးတွေ ဖေါက်မယ်။ ကျောက်ပြားလေးတွေကပ်မယ်။ လှေကားမှာ လက်ရန်းမဟုတ်ဘဲ နံရံလေးတွေ လုပ်ထားတာ ပြီးတော့ နံရံမှာ အထစ်လေးတွေ၊ အဲဒီအထစ်လေးတွေကို Accessories လေးတွေ ထည့်ရတာကို သဘောကျတယ်။ အရောင်မှာဆိုရင်တော့ အဖြူနဲ့ အနက်ကို အကြိုက်ဆုံးပဲ။ ရှင်းရှင်းလင်းလင်းနဲ့ ခေတ်မီတဲ့ အိမ်ပုံစံလေးတွေ ကြိုက်တယ်။ အိမ်ရှေ့ခြံထဲမှာလည်း မြက်ခင်းအပြည့် ခင်းချင်တယ်။
သီရိဂေဟာ ဖြစ်ဖို့ဆိုရင်
အဓိကကတော့ မိသားစုအချင်းချင်း ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းရှိဖို့လိုတယ်။ အိမ်မှာ ပူညံပူညံဖြစ်နေရင် ပြန်လာချင်မှာ မဟုတ်ဘူး။ အိမ်ကိုပြန်လာချင်တယ်ဆိုတာ ကိုယ်တွယ်တာတဲ့ မိသားစုလေးရှိလို့ ပြန်လာတာလေ။ ဒါကြောင့် မိသားစုအချင်းချင်း အေးချမ်းပျော်ရွှင်မှုလေး ရှိဖို့လိုတယ်။ ဒါမှ သီရိဂေဟာဖြစ်မှာပေါ့။
8 Days JournalWindows 7 အသုံးပြုနည်းလက်စွဲ ( E-Book )

ကျွန်တော်စာအုပ်လေးတွေ မတင်ပေးဖြစ်တာကြာသွားပါပြီ ဒီနေ့တော့ကွန်ပျူတာ ကိုစပြီးတော့လေ့လာကာစ
သူတွေအတွက် Windows 7 ကိုစတင်အသုံးပြုတဲ့အခါ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်အောင် ဦးအောင်လင်း
ရေးပေးထားတဲ့ Windows 7 အသုံးပြုနည်းစာအုပ်လေးတင်ပေးလိုက်ပါတယ်..Windows တစ်ခုကနေနောက်
ထပ် Windows တစ်ခုကိုပြောင်းပြီး အသုံးပြုတဲ့အခါ ကွန်ပျူတာနဲ့လက်ပွန်းတနီး မရှိတဲ့သူတွေအတွက်တော့အ
ခက်အခဲတစ်ခုဖြစ်စေ မှာပါ..။ဒါကြောင့် တစ်ခြား Widnows တစ်ခုခုကနေ Windows 7 ကိုပြောင်းပြီးအသုံးပြု
တဲ့အခါ အခက်အခဲ မရှိအောင် ဒီစာအုပ်လေးကို တင်ပေးလိုက်တာပါ..။လိုအပ်တဲ့သူတွေ ကတော့အောက်မှာ
အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ..
Download From ifile.it
Download From Mediafire
အားလုံးပဲအဆင်ပြေကြပါစေ…ကျေးဇူးတင်ပါတယ်ခင်ဗျာ..
အားလုံးကိုဖိတ်ခေါ်ပါတယ်

ကျွန်တော့်ဆိုဒ်လေးကိုလာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများအားလုံးကို ဒီနေ့တော့ မြန်မာနိုင်ငံလုံးဆိုင်ရာ
နည်းပညာရပ်ဝန်း ( GIM ) ကိုဖိတ်ခေါ်ချင်ပါတယ်..ကျွန်တော်ဒီရက်ပိုင်း နည်းပညာရပ်ဝန်းဘက်ကိုအားစိုက်
နေရတဲ့ အတွက် ဆိုဒ်တွေဘက်ကိုလှည့်မကြည့်နိုင်ခဲ့တာဖြစ်ပါတယ်..ဒီရပ်ဝန်းလေးပေါ်ပေါက်လာဖို့အတွက်
မတည်ပေးခဲ့တဲ့ ကိုဖုန်းဝင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်..ရပ်ဝန်းစတင်လည်ပက်နေတာဟာဆိုရင်
လ၀က်လောက် သာရှိသေးတာဖြစ်တဲ့အတွက် မပြည့်စုံမှုလေးတွေရှိရင်လဲအားလုံးကိုနားလည်ပေးပါအုံးလို့
တောင်းဆိုချင်ပါတယ်..ကျွန်တော့်အနေနဲ့ကျွန်တော့်ရဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးကို မိမိတို့တက်အား
သည့်ဘက်မှ နည်းပညာလေးတွေကို ဖလှယ်ရင်း နည်းပညာရပ်ဝန်းကို တက်အားသည့်ဘက်မှအကျိုးပြုပေး
ပါအုံးလို့တောင်းဆိုရင်း အားလုံးသောညီအကိုမောင်နှမများကို ( မြန်မာနိုင်ငံလုံးဆိုင်ရာနည်းပညာရန်ဝန်း )
ကိုဖိတ်မန္တကပြုအပ်ပါတယ်ခင်ဗျာ…ခင်မင်လေးစားစွာဖြင့်..( နေမင်းမောင် )
http://www.globalitmyanmar.org/
အလုပ်အတွက် နိုင်ငံခြားကို ပြန်ထွက်မယ် (မို့မို့မြင့်အောင်)
အခုဇာတ်ကားတွေရိုက်နေတယ်။ ပြီးရင် မမို့အမျိုးသား အလုပ်အတွက် နိုင်ငံခြားကို ပြန်ထွက်ရမယ်။ ဗီဒီယိုတွေကတော့ ဆယ့်နှစ်လပိုင်း အထိ လက်ခံထားတယ်။ ဟိုတလောကလည်း နိုင်ငံခြား သွားသေးတယ်။ အခုလည်း ဒီလကုန်လောက် ပြန်ထွက်ဖြစ်မယ်။ ဘယ်လောက်ကြမယ် ဆိုတာတော့ မပြောတတ်သေးဘူး။ မမို့အမျိုးသား အလုပ်ပေါ်မှာ မူတည်တာပေါ့။ ပြီးခဲ့တဲ့ အခေါက်ကလည်း နိုင်ငံခြားသွားလို့ ကားရိုက်တွေကို ဖျက်လိုက်ရတယ်။ အခုတော့ မပျက်အောင် ကြိုးစားနေရတယ်။ ကိုယ့်ပရိသတ်တွေနဲ့ Producer တွေ အတွက်အခြား Actor တွေကလည်း ကိုယ့်အတွက်ကြောင့် ကသောင်းကနင်းတွေ ဖြစ်ကုန်တယ်။ မမို့ နိုင်ငံခြားမှာ သွားနေတုန်းကလည်း ဒီကို အရမ်းလွမ်းတာပဲ။ ရှုတင်ထမင်းကိုတောင်မှ လွမ်းတယ်။ ဟိုမှာက မြန်မာထမင်း မစားရတဲ့အခါကျတော့ ပိုဆိုးတယ်။ အပြင်လည်း သိပ်မထွက်ဘူး။ ဟိုတယ်ထဲမှာပဲ တစ်ယောက်တည်း နေရတော့ “အ’’ သွားမလားတောင် စိုးရိမ်ရတယ်။
MTA
8 Days Journal
Friday, August 26, 2011
RegistryBooster 2011 v6.0.7.2
ကျွန်တော်အခု RegistryBooster လေးကို နောက်ဆုံး Update လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်
လေးကတော့ ကျွန်တော်တို့ Computer ရဲ့ Performance ကို အကောင်းဆုံးမြှင့်တင်ပေး နိုင်ပါတယ်။
Registry ထဲမှာရှိတဲ့ Error ဖိုင်တွေနဲ့ မလိုအပ်တဲ့ဖိုင်တွေ ကိုလည်းရှင်းထုတ်ပေးပါ တယ်။ Hardware functions တွေထဲက Old drivers တွေကို Update လုပ်ပေးခြင်း၊ Hard disk space ထဲမှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေကိုဖယ်ရှားပေးခြင်းနဲ့ System တွေကို Optimize လုပ်ပေးခြင်းစတဲ့ Functions လေးတွေ
တော်တော် များများကို စုံပါတယ်။ကီးလေးတွေပါ တစ်ခါတည်း ထည့်ပေးထားပါတယ် ။အောက်မှာယူ
သွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကတော့ 6.85 MB ပဲရှိပါတယ်။ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာ ယူ
သွားလိုက်ပါဗျာ။
RegistryBooster 2011 v6.0.7.2
Downloading from ifile.it
Downloading from mediafire
ဆယ်ကျော်သက်အိပ်မက်- နေယံ
လူတိုင်းလူတိုင်းမှာ ဆယ်ကျော်သက် ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာတွေ ရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော်သက် ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်အရွယ် အိပ်မက်ကတော့ လေယာဉ်မောင်းတဲ့သူ ဖြစ်ချင်တာပါ။ ဟုတ်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ ရူးသွပ်မှုပါ။ ကျွန်တော်ငယ်ငယ်က ဆိုရင် Remote နဲ့ လေယာဉ်မောင်းရင် ကိုယ်ပါလေယာဉ်ထဲကို ပါသွားတယ်လို့ ခံစားမိတယ်။ မရှိပါဘူး။ မေမေတို့က ကျွန်တော့်ကို ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် အဖေနဲ့အမေက ကျွန်တော့်ကို တရားနဲ့အညီ ဆုံးမပါတယ်။
ဒီအနုပညာ အလုပ်ကို ကျွန်တော် အရမ်း လုပ်ချင်တာပါ။ ဒီအလုပ်ကို မလုပ်ခဲ့ရလို့ အသက်ကြီးသွားရင် နောင်တရတယ်ဆိုတဲ့ စိတ်ကြီးမဖြစ်ချင်လို့ ဒီအလုပ်ကို လုပ်ခဲ့တာပါ။ ဒီအလုပ်ကို အရမ်းကို ဝါသနာပါပြီး ဒီအပေါ်မှာ မွေ့လျော်ချင်လို့ လုပ်ခဲ့တာပါ။ ကျွန်တော်လုပ်ချင်လို့ကို လုပ်ခဲ့တာပါ။ ကျွန်တော် အရွယ်ရောက်တဲ့ အချိန်ကစပြီး ဝါသနာပါခဲ့တာပါ။ ငယ်ငယ်တုန်းက ဗီဒီယိုကြည့်ပြီး အိမ်ရောက်ရင် ရုပ်ရှင်ထဲက လုပ်တဲ့အတိုင်း ငိုရင် ငိုသလို လုပ်မယ်၊ ရူးတယ်ဆိုရင်လည်း ရူးတာတွေ လုပ်ကြည့်ခဲ့ပါတယ်။ လုပ်ကြည့်ရင်းကနေ ကျောင်းမှာဆိုရင်လည်း ကပွဲထဲမှာပါတယ်။ အဲဒီလိုလုပ်ရင်းကနေ ကျွန်တော် အနုပညာအလုပ်ကို ဝါသနာပါခဲ့တာပါ။ လေယာဉ်မောင်းတဲ့ အလုပ်ကို ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တာပါ။ အရမ်းကြီး ရူးသွပ်ခဲ့တာတော့ မရှိပါဘူး။ နောင်တရတာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း တကယ်လုပ်လို့ ရရင်တော့ ကြိုးစားပြီး လုပ်ချင်ခဲ့တာပါ။ ဘဝအတွက် အလုပ်တစ်ခုအနေနဲ့ မလုပ်ရင်တောင် လေ့လာလို့ရမယ်။ အခွင့်အရေးရရင်တော့ လုပ်ချင်ပါတယ်။ ဒီအချိန်ကျမှတော့ ဒီအလုပ်ကို မစွန့်လွှတ်ပါဘူး။ လေယာဉ်မောင်းတာကလည်း ငယ်ငယ်တုန်းက ဝါသနာပါတဲ့အတွက် လုပ်ကြည့်ချင်ပါတယ်။ ကျွန်တော့်ဘဝအတွက် အရေးအကြီးဆုံးကတော့ အနုပညာ အလုပ်ပါ။ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ်တည်ရတာ များပါတယ်။ ငယ်ငယ်တုန်းကတော့ ထိန်းချုပ်ခံရတာပေါ့။ ကြီးလာရင်တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်တာ မှန်ကန်မယ်လို့ ထင်ပါတယ်။ ဆယ်ကျော်သက် အရွယ်ကတော့ မတူကြပါဘူး။ တချို့ကျတော့ သူဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်နဲ့ သူ့စိတ်ဓာတ်ကလည်း သက်ဆိုင်ပါတယ်။ ထိန်းချုပ်မှရမယ့်သူဆို ထိန်းချုပ်သင့်ပါတယ်။ မထိန်းချုပ်ဘဲ လွှတ်ပေးလို့ရမယ့်သူဆိုရင်လည်း လွှတ်ပေးသင့်ပါတယ်လို့ ထင်ပါတယ်။ မိဘဆိုတာ ကိုယ်မွေးထားတဲ့ သားသမီးတွေကို အကောင်းတွေပဲ ဖြစ်စေချင်ကြတာလေ။ တချို့က မလိုတဲ့လောဘလေးတွေ ဖြစ်သွားတတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းစေချင်တဲ့အတွက် ထိန်းချုပ်တာဖြစ်တဲ့ အတွက် တချို့အရာလေးတွေ မှားခဲ့ရင်တောင် စေတနာအမှားပဲဖြစ်မယ်။ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ဆုံးဖြတ်ချက်လေးတော့ ပေးစေချင်တယ်။ မှားတဲ့အခါ ဆိုရင်တော့ လမ်းကြောင်း ပြန်တည့်ပေးစေချင်တယ်။ ဒီခေတ်မှာတော့ သားသမီးတွေနဲ့ မိဘတွေက ခေတ်အလျောက် နားလည်လာပြီဆိုတော့ ထူးထူးခြားခြား ပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ်။
မြတ်သူအောင်
Ref : 8 Days Journal
Thursday, August 25, 2011
အရေးနှင့်အဆို အောင်မြင်မှုချိုချို တစ်မိုးအောက် – ပူစူး
စရေးဖြစ်တာက— Idea ကတော့ ရေခြားမြေခြားမှာ ရောက်နေတဲ့ အဝေးကြီးဝေးနေတဲ့ ချစ်သူနှစ်ယောက် အကြောင်းပေါ့။ ဇာတ်လမ်းက ကျွန်တော်အမြဲတမ်း ပေါင်းနေတဲ့ သူငယ်ချင်းရဲ့ ကောင်မလေးက နိုင်ငံခြားမှာ ရောက်နေတယ်။ အရမ်းခင်တော့ သူဘယ်လို ဖြစ်နေလဲဆိုတာကို ကိုယ်ကသိတယ်။ အဲဒါကို တွေးမိရင်း ရေးဖြစ်သွားတာ။ တစ်မိုးအောက်စီးရီး မထွက်ခင် ၆ လလောက်အလ၂၀၀၉ ခုနှစ်လောက်မှာ ရေးဖြစ်တာ။
ဒီသီချင်းကို သဘောကျခဲ့တယ်— ရေးပြီးတော့လည်း သူငယ်ချင်းကိုလည်း ပြတယ်။ ကိုယ်ကိုယ်တိုင်လည်း တကယ် သဘောကျတယ်။ သူ့အကြောင်း ရေးထားတယ်လို့ သူ့ကိုတောင် ဆိုပြသေးတယ်။ ကိုယ့်ကတောင် ကိုယ့်အကြောင်းကိုပင် ရေးလာလို့ နောက်သေးတယ်။ သီချင်းရေးတာကတော့ စိတ်ကူးရတဲ့အချိန်မှာ ကောက်ရေးလိုက်တာပဲ။ နေ့ဘက်လည်း ရေးသလို ညဘက်လည်း ကန့်သတ်မထားဘူး။ အရင်တုန်းကတော့ သီချင်းရေးရင် သံစဉ်ရောစာသားရော တပြိုင်နက်တည်း ရေးတာ။ နောက်ပိုင်းကျတော့ သံစဉ်လေးက လှတယ်ဆိုပြီး ထွက်တယ်။ စာသားက ဘယ်လိုမှ စဉ်းစားမရတာ ရှိတယ်။ နောက်ပိုင်းသံစဉ်ကို Notes နဲ့ ရေးထားတယ်။ စာအုပ် ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ကြုံတွေ့ရတာတွေရှိရင် အဆင်ပြေမယ့် သံစဉ်လေးနဲ့တွဲပြီး ရေးတတ်တယ်။
ဆိုထားတာက— ကိုယ့်ဘာသာ သီးသန့်ဆိုဖို့အတွက် ရေးထားတာပါ။ နောက်ပြီး သီချင်းကဆိုရတာ အရမ်းခက်တယ်။ စာသားတွေကလည်း အရမ်းစိပ်တယ်။ တစ်ကြောင်းနဲ့တစ်ကြောင်းက ကပ်နေတယ်။ ဒါတောင် Tempo တော်တော်နှေးထားတာ တစ်ကြောင်းဆိုပြီးရင် နောက်တစ်ကြောင်းကို ချက်ချင်းဆိုလို့ မရဘူး။ လေလည်း ကုန်နေပြီ။ ပြန်ပြင်ပြီးဆိုရတယ်။ အဆင်ပြေအောင် ဆိုလိုက်ရသလို ဖြစ်နေတယ်။ တစ်ခေါက်တည်းဆိုတဲ့ Mood တော့ မရခဲ့ဘူး။
အမှတ်တရဆိုရင်— အမှတ်တရကတော့ တစ်မိုးအောက်ဆိုတဲ့ သီချင်းကို ခေါင်းစဉ်အနေနဲ့ ပေးထားတာပဲ။ ကိုယ်လည်း တကယ်ကြိုက်လို့ပါ။ ပရိသတ်ရဲ့ တုံ့ပြန်မှုနောက်ပိုင်း Show ပွဲတွေမှာ ပရိသတ်က အဲဒီ သီချင်းလေး တောင်းတာများတယ်။ ပရိသတ်ကြိုက်တဲ့ သီချင်းလေး တစ်ပုဒ်ဖြစ်လို့လည်း ဝမ်းသာတယ်။ တစ်ခါတလေ စင်ပေါ်မတက်ခင်မှာ အဲဒီသီချင်း ဆိုပေးဖို့ ပြောတာများတယ်။
သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ကွာတာက— ကိုယ်ရေးတဲ့ သီချင်းကို ကိုယ်တိုင်ဆိုတဲ့အခါမှာ ရေးကတည်းက ကိုယ့်ခံစားချက်ပါတော့ သိပ်ပြီး အခက်အခဲ မရှိဘူး။ သူများသီချင်းတွေကို ဆိုရတာက ခက်တယ်။ သူက ဘယ်အကြောင်းအရာကို တည်ပြီးရေးထားတာလဲ။ တေးရေးတစ်ယောက် လိုချင်တာကို ဖမ်းဖို့က ပိုခက်တယ်။
တခြားလုပ်ထားတာတွေက— တခြား အနုပညာနဲ့ ပတ်သက်ပြီး နောက် တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေ စုနေတယ်။ နောက်ပြီး ထွက်ဖို့ရှိတာက အတွဲခွေ နှစ်ခွေထွက်ဖို့ ရှိတယ်။ ချစ်သူ့အနား အခွေထဲမှာကတော့ ပရိုဂျူဆာက စိုးလွင်လွင်သံနဲ့ တူလို့ဆိုပြီး သူ့သီချင်းတစ်ပုဒ် ဆိုထားတယ်။ နောက်တစ်ခွေကတော့ အတွဲဆိုထားတယ်။ L ဆိုင်းဇီနဲ့က ရင်ခုန်ဖော်ရင်ခုန်ဖက်ဆိုတဲ့ သီချင်းဆိုထားတယ်။ အဲဒါကိုပဲ Title လုပ်ထားတယ်။ ကိုယ်တိုင်လည်း သရုပ်ဆောင်ထားပါတယ်။ ပရိသတ်ကိုလည်း ကျွန်တော်အများကြီး ကြိုးစားနေပါတယ်။ အားပေးပါလို့ ပြောချင်ပါတယ်။
Ref : 8 Days Journal
Wednesday, August 24, 2011
Myanmar Ebooks Free Download
အခမဲ့ မြန်မာစာအုပ်တွေကို ဒေါင်း နိုင်ဖို့ 
http://www.myanmarebooks.net/
http://www.myanmarebooks.net/
Firefox Bookmark မှာမှတ်ထားတာတွေပျောက် မသွားအောင်

ကျွန်တော်တို့ Firefox ကိုအသုံးပြုသူတိုင်း မိမိတို့စိတ်ကြိုက် Website ကိုအလွယ်တကူ ရှာဖွေရလွယ်
အောင် Firefox မှာပါဝင်တဲ့ Bookmark လေးကိုသုံးပြီး အလွယ်တကူ မှတ်သားတက်ကြတာ ကိုတွေ့
ရပါတယ်..အဲ့ဒီမှာ Firefox မှာပါဝင်တဲ့ Bookmark လေးဟာကျွန်တော်တို့ Windows အသစ်တင်ရင်ပဲ
ဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် Firefox ကိုအသစ်ပြန်တင်တဲ့ အခါမှာပဲဖြစ်ဖြစ် မိမိတို့အချိန်ပေး ပီး
စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာ
ဖြစ်ပါတယ်..အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာကိုအရင်က
စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာ
ဖြစ်ပါတယ်..အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာကိုအရင်က
ရှင်းပြပေးဖူးပါတယ်..။အခုကျွန်တော် ဘာလို့ထပ်တင်ပေး ရလဲဆိုတော့မသိသေးတဲ့ သူများအတွက်
ရောပြီးရင် Firefox အသစ်တွေထပ် ထွက်လာတဲ့အခါမှာ အရင်တုန်းက အသုံးပြုခဲ့တဲ့ပုံစံလေးတွေ နဲ့
မတူတော့တာကြောင့် မသိသေးတဲ့သူတွေ အတွက်အလွယ်တကူ Export လုပ်လို့ရအောင် တင်ပေး
လိုက် တာပါ..။
ရောပြီးရင် Firefox အသစ်တွေထပ် ထွက်လာတဲ့အခါမှာ အရင်တုန်းက အသုံးပြုခဲ့တဲ့ပုံစံလေးတွေ နဲ့
မတူတော့တာကြောင့် မသိသေးတဲ့သူတွေ အတွက်အလွယ်တကူ Export လုပ်လို့ရအောင် တင်ပေး
လိုက် တာပါ..။
ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့အရင်ဆုံး Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာ
ရယ် Export လုပ်ထားတဲ့ Bookmark လေးကို Firefox မှာဘယ်လိုပြန်သွင်းရမယ်ဆိုတာတွေကိုရှင်းပြ
ပေးထားပါတယ်..။ပုံလေးတွေကိုကြည့်ပြီး လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။အရင်ဆုံး Firefox
ကိုဖွင့်လိုက်ပါ..ပြီးရင်အောက်က ပုံလေးတွေမှာပြထား သလိုအဆင့်ဆင့်လိုက်လုပ်ပေးလိုက်ပါ..။



အပေါ်ကပုံအတိုင်း Firefox Bookmark လေးကို Download လုပ်ပြီးသွားပြီဆိုရင်တော့အောက်မှာဆက်ပြီး
တော့ Export လုပ်ထားတဲ့ကောင်လေးကို ဘယ်လို Import လုပ်ရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ဆက်
ပြီးတော့ရှင်းပြပေးထားပါတယ်..


ဒီလောက်ဆိုရင်တော့ Firefox Bookmark လေးကိုဘယ်လို Export လုပ်ပြီး ဘယ်လို Import ပြန်လုပ်ပေး
ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်..



အပေါ်ကပုံအတိုင်း Firefox Bookmark လေးကို Download လုပ်ပြီးသွားပြီဆိုရင်တော့အောက်မှာဆက်ပြီး
တော့ Export လုပ်ထားတဲ့ကောင်လေးကို ဘယ်လို Import လုပ်ရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ဆက်
ပြီးတော့ရှင်းပြပေးထားပါတယ်..


ဒီလောက်ဆိုရင်တော့ Firefox Bookmark လေးကိုဘယ်လို Export လုပ်ပြီး ဘယ်လို Import ပြန်လုပ်ပေး
ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်..
တကယ်လို့များ မယ်လိုဒီ
စာပေအနုပညာနဲ့ တေးချစ်သူပရိသတ်အားလုံးက ကိုငှက်ကြီးလို့ခေါ်တဲ့ တေးရေးတေးဆို ထူးအိမ်သင်က ““တကယ်လို့များ မင်းအပြုံးလေးများမရှိရင်.. တကယ်လို့များ…”” တေးသီချင်း တစ်ပုဒ်စပ်ဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်းကိုနားထောင်မိရာက တကယ်လို့များဆိုတဲ့ စကားလုံးလေးက ကျွန်မခေါင်းထဲမှာ တွေးစရာဖြစ်လာခဲ့ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကိုလည်း တကယ်လို့များ ဆိုတဲ့ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှမေးဖြစ်ခဲ့ပါတယ်။
တကယ်လို့များမျိုးကို လူသူမရှိတဲ့ကျွန်းပေါ်ကို တစ်ယောက်တည်းပို့လိုက်မယ်ဆိုရင် ဘာတွေယူသွားချင်လဲ
ကျွန်းပေါ်ကိုမျိုးကိုမပို့လောက်ဘူးထင်ပါတယ်။ သွားရမယ်ဆိုရင်လည်း မသွားပါဘူး။ ဖြစ်မလာနိုင်တဲ့ဟာတွေ ၊ ဖြစ်မလာသေးတဲ့ဟာတွေရွေးပြီး ကိုယ့်ကိုယ်ကိုယ် ဖိစီးမှုဖြစ်အောင်မနေဘူး။
တကယ်လို့ ကိုယ်သီဆိုထားတဲ့ သီချင်း(သို့) ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတာမြင်ရင် ဘယ်လိုခံစားမိလဲ သြော် တော်ပါသေးရဲ့ မျိုးကိုသိကြတယ်လို့ ခံစားမိပါတယ်။
ဖြေ။ ။မျိုးထင်တယ်။ အဲဒီကားကို ကြည့်တယ်ဆိုတာမျိုးပါလို့ မဟုတ်ဘဲ မင်းသားကို ကြိုက်ပြီးကြည့်တယ်လို့ပဲ ထင်ပါတယ်။ မျိုးသီချင်းဆိုလည်း တစ်ခွေလုံးကို နားထောင်နေတာပဲ ဒီသီချင်းကိုတော့ မကျော်တော့ပါဘူးဆိုပြီး ဆက်နားထောင်တာမျိုးပဲ ဖြစ်မှာပါ။ မျိုးသီချင်းတစ်ပုဒ်တည်းကိုပဲ Repeat လုပ်ပြီး ဘယ်သူမှ မဖွင့်ဘူးထင်တယ်။ မျိုးမှာ အဲဒီလို ပေါက်ခဲ့တဲ့သီချင်း မရှိခဲ့ဘူး။ နာမည်ကြီးပြီး သရုပ်ဆောင်တော်တဲ့ အထဲမှာ မျိုးမပါဘူး။
တကယ်လို့များ လမ်းနာမည်ကို ကိုယ့်နာမည်နဲ့ မှည့်ခွင့်ရခဲ့မယ် ဆိုရင်ရော…။ဖြေ။ ။မျိုးထင်တယ်။ အဲဒီကားကို ကြည့်တယ်ဆိုတာမျိုးပါလို့ မဟုတ်ဘဲ မင်းသားကို ကြိုက်ပြီးကြည့်တယ်လို့ပဲ ထင်ပါတယ်။ မျိုးသီချင်းဆိုလည်း တစ်ခွေလုံးကို နားထောင်နေတာပဲ ဒီသီချင်းကိုတော့ မကျော်တော့ပါဘူးဆိုပြီး ဆက်နားထောင်တာမျိုးပဲ ဖြစ်မှာပါ။ မျိုးသီချင်းတစ်ပုဒ်တည်းကိုပဲ Repeat လုပ်ပြီး ဘယ်သူမှ မဖွင့်ဘူးထင်တယ်။ မျိုးမှာ အဲဒီလို ပေါက်ခဲ့တဲ့သီချင်း မရှိခဲ့ဘူး။ နာမည်ကြီးပြီး သရုပ်ဆောင်တော်တဲ့ အထဲမှာ မျိုးမပါဘူး။
ဖြေ။ ။အဲဒီလိုမျိုးကြီး မရှိချင်ပါဘူး။ ဘာကြောင့်လဲဆို အဲဒီလို လုပ်ရလောက်အောင် ကိုယ်ဘာမှ မဟုတ်လို့ပါဘဲ။ အနုပညာသမားတစ်ယောက် မှန်ပေမယ့် ပြည်သူအတွက် ကိုယ်ဘာမှ လုပ်ပေးတာမရှိဘူး။ မျိုး ခံယူချက်က ပရိသတ်ကြိုက်မယ့် အရာလေးတွေမျိုး နှစ်သက်တာတွေကို အတတ်နိုင်ဆုံး ကောင်းအောင် လုပ်တယ်။ အဲဒီအတွက် ပရိသတ်က အားပေးတယ်။ ပရိသတ်ကြိုက်လာလေ ပရိုဂျူဆာငှားလေ မျိုးပိုက်ဆံရလေပဲ။ အပေးအယူပဲ။ အဲဒီတော့ ပရိသတ်အတွက် ဆိုပေမယ့် ကိုယ့်အတွက်လည်း ပါတယ်။ ပရိသတ်အတွက် ချည်းပဲလို့ မျိုး မပြောချင်ဘူး။ ကိုယ်လက်ခံထားတာ တစ်ခုက မျိုးက သူတော်စင် မဟုတ်ဘူး။ မိန်းမယုတ်မဟုတ်သလို ဗိုင်းကောင်းကျောက်ဖိ မိန်းမတစ်ယောက်လည်း မဟုတ်ဘူး။ အဲဒီလို မဟုတ်တဲ့အတွက် ကိုယ်က မှတ်ကျောက်တင်လောက်တဲ့ သူမျိုး မဟုတ်သေးပါဘူး။
တကယ်လို့များ ကိုယ် Crazy ဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်နဲ့ အလုပ်တွဲပြီး လုပ်ရမယ်ဆိုရင်ရော ….။
ဖြေ။ ။မျိုးက ဘယ်သူ့ကိုမှ မရူးသွပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အကြိုက်ဆုံး၊ အချစ်ဆုံး၊ တန်ဖိုးအထားဆုံး၊ အရာရာအားလုံးထက် ကိုယ့်ကိုယ်ကိုယ် ချစ်တယ်။ ဘာနဲ့မှ မလဲနိုင်ဘူး။ အဲဒါ ငါဆိုတဲ့ အတ္တလို့ ထင်တယ်။ လူတစ်ယောက်ဘဝမှာ ဂုဏ်သိက္ခာနဲ့ရပ်တည်တာ။ ဂုဏ်သိက္ခာအတွက် ပိုက်ဆံနဲ့ မလဲနိုင်သလို အောင်မြင်မှုနဲ့လည်း မလဲနိုင်ဘူး။
မေး။ ။တကယ်လို့များ ကိုယ်မုန်းတဲ့ သူတစ်ယောက်နဲ့ ဓာတ်လှေကားတစ်ခုထဲမှာ ပိတ်မိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ..။
ဖြေ။ ။မျိုးဘယ်သူ့ကိုမှ ခါးခါးသီးသီး မမုန်းဖူးပါဘူး။
တကယ်လို့များ တစ်ရက်သာ အသက်ရှင်ခွင့်ရတော့မယ်ဆိုရင် ဘာတွေလုပ်ချင်လဲ ..။
ဖြေ။ ။အဲဒါလည်း မဖြစ်နိုင်ပါဘူး။ အရာရာတိုင်းသာ ကြိုသိနေရင်လူတွေက ကြိုတင်ပြင်ဆင်ကုန်မှာပေါ့။ ကြိုတင်ပြင်ဆင်တိုင်းလည်း ဘဝမှာ ဖြစ်ချင်မှဖြစ်တာ။ မျိုးအဖေလည်း ဆေးရုံတက်တာ ဆရာဝန်က (၆) လပဲ ခံမယ်ပြောပြီး တစ်နှစ်ကျော်ကျော် အသက်ရှင်သွားတယ်။ တစ်ရက်ပဲ အသက်ရှင်မယ် ပြောပြီးနာရီဝက်အတွင်း သေချင် သေသွားနိုင်တယ်။
တကယ်လို့များ မျိုးကို နံပါတ်တွေနဲ့ ပတ်သက်ပြီး အယူသီးမှုရှိလားလို့ မေးလာခဲ့ရင် ရော..နံပါတ်တွေနဲ့ပတ်သက်ပြီး မျိုးအယူသီးတာမျိုးမရှိဘူး။
ဖြေ။ ။မျိုးအတွက် ထူးထူးခြားခြား ကံကောင်းစေတဲ့ ဂဏန်းမရှိသလို ကံဆိုးစေတဲ့ ဂဏန်းမျိုးလည်း မရှိဘူး။ ဒါပေမဲ့ (၆)ကတော့ ကိုယ့်ရဲ့ မွေးနေ့မို့ကြိုက်တယ်။ နံပါတ်တွေက သူ့နေရာနဲ့သူ အကောင်းဆုံး ရပ်တည်နေကြတာပဲလေ။ ကိုယ်က ဒီနံပါတ်တစ်လုံးကို ကြိုက်တယ်ဆိုပြီး ကျန်တဲ့ဂဏန်းတွေ ဖျက်ပစ်လို့ရတာမှ မဟုတ်တာ။ ဘယ်အရာမဆို ကောင်းတယ်လို့ရွေးထားရင် ကောင်းတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်ပါတယ်။
ကလောင် – မေသက်
Ref: 8 Days Journal
Avira Antivirus နှင့်  Naevius USB Antivirus (with Keygen)
avira antivirus software လေးတင်ပေးကြည့်တာပါဗျာ။ကွန်ပျုတာတိုင်းမှာဘာဗိုင်းရပ်ဆော့ဝဲမှ မရှိလို့မဖြစ်လေ ။ကဲ...ခုတော့ Avira Antivirus ရပါပြီး ။
http://ugotfile.com/file/1260782/050210avira_antivir_personal_en.exe
OR
http://www.fileserve.com/file/9a5CWQT/050210avira_antivir_personal_en.exe
OR
http://ifile.it/xmc618f/avira_antivir_personal_en_www.sbsangpi.com.exe
OR
http://www.mediafire.com/?27kbdiu7xxiwnyi
USB အတွက် ကောင်းမွန်တဲ့ Antivirus လေးကိုမိတ်ဆက်ပေးပါအုန်းမယ်..ဒါလေးကတော့ Naevius USB Antivirus 2.1 လို့ခေါ်ပါတယ်. သူ့ရဲ့ အားသာချက်တွေကတော့ USB ထိုးလိုက်တာနဲ့ ချက်ချင်း Virus တွေသတ်ပေးပါတယ်.
http://ugotfile.com/file/1260782/050210avira_antivir_personal_en.exe
OR
http://www.fileserve.com/file/9a5CWQT/050210avira_antivir_personal_en.exe
OR
http://ifile.it/xmc618f/avira_antivir_personal_en_www.sbsangpi.com.exe
OR
http://www.mediafire.com/?27kbdiu7xxiwnyi
Naevius USB Antivirus (with Keygen)
USB အတွက် ကောင်းမွန်တဲ့ Antivirus လေးကိုမိတ်ဆက်ပေးပါအုန်းမယ်..ဒါလေးကတော့ Naevius USB Antivirus 2.1 လို့ခေါ်ပါတယ်. သူ့ရဲ့ အားသာချက်တွေကတော့ USB ထိုးလိုက်တာနဲ့ ချက်ချင်း Virus တွေသတ်ပေးပါတယ်.
အထူးသဖြင့်
Protection against any Trojans, spyware, worms via USB storage.
- Compatible with any antivirus resident like for example: BitDefender, Nod32, Kaspersky, AVG, Norton, McAfee, Panda, AVAST etc.
- Protection in realtime with.
- 100% protection from outside with write-protected dummy "autorun.inf" file.
စတာတွေကိုပါ..ပြီးတော့ Safely remove လဲပါပါတယ် အထူးကောင်းမွန်ကြောင်း ပြောတဲ့လူတွေလဲရှိပါတယ်.။
Protection against any Trojans, spyware, worms via USB storage.
- Compatible with any antivirus resident like for example: BitDefender, Nod32, Kaspersky, AVG, Norton, McAfee, Panda, AVAST etc.
- Protection in realtime with.
- 100% protection from outside with write-protected dummy "autorun.inf" file.
စတာတွေကိုပါ..ပြီးတော့ Safely remove လဲပါပါတယ် အထူးကောင်းမွန်ကြောင်း ပြောတဲ့လူတွေလဲရှိပါတယ်.။
Recycler virus သက်တဲ့ software
Unlocker ကကူညီပါလိမ့်မယ်။ Recycler virus ပေါ်မှာ right click နှိပ်ပြီး။ unlocker ကိုနှိပ်ပါ။
Action မှာ delete ကိုရွေးပေးပါ။ ဒါဆိုရင်အဆင်ပြေမှာပါ ဖျတ်လို့မရတာ မှန်သမျှကို Unlocker ကဖျတ်ပေး
ပါလိမ့်မယ်။
OR
အခမဲ့ မြန်မာပြည်TV လိုင်းကြည့်မလား ?
အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား. GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ် .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။
DOWNLOAD TVU Player
DOWNLOAD FROM IFILE.it
Tuesday, August 23, 2011
POEM ( 6 )
မသိခြင်း အချစ် ...
ချစ်သူ.....
မင်းအကြောင်းငါမသိ
ငါအကြောင်းမင်းမသိနဲ့ 
ချစ်တယ်ဆိုတဲ့ စကားကို
ငါ့ဘက်ကနေ သုံးလိုက်ပြီနော်...
ဒါပေမဲ့ 
ငါ့ဘက်က မင်းကို
ဘယ်လောက်ထိတန်ဖိုးထားတယ်ဆိုတာကို
ု
မင်းက မယုံဘူးတဲ့ လား ?
အဲဒီစကားလုံးလည်းမသုံးပါနဲ့ 
ငါသိနေတယ်....
အဲဒီမှာ သံသယတွေပြည့် နှက်နေတယ်
ငါသိနေတယ်....
နင်ငါ့ကို မယုံကြည်မှန်း
ငါဘယ်လို သက်သေပြရမလဲ...?
မှန်ပါတယ်...
ပုတ်သင်ညို တစ်ကောင်လို
အလွယ်တစ်ကူ ခေါင်းညိမ့် ဖို့ ရန်မလွယ်မှန်း
ကမ္ဘာကို ကိုင်
တိုင်တည်ပြီးတော့ ပြောပြရမလား ?
ကျိန်ပြောတယ်ဆိုတာ
ခေတ်ကုန်နေပေမဲ့ 
ငါ့ သစ္စာမှန်ရင်တော့ 
အဲဒီသစ္စာ ဆူးတွေက
နင့်ကိုချစ်တဲ့ အချစ်တွေပဲ
ဖြစ်နေမှာ...........။
အို... အမေ
အို... အမေ
အမေတစ်ယောက် နေမှ ကောင်းရဲ့ လား အမေ...။
ရာသီတွေအလီလီပြောင်းခဲ့သော်လည်း
မနေ့ တစ်နေ့ ကလို ပါပဲ အမေ...။
အမေဆီက ထွက်လာခဲ့တဲ့ ရက် အိမ်မက်တစ်ခုလိုထင်မှားပြီး
အမေါ ပုံရိပ်တွေကတော့ ရှင်သန်နေဆဲပါအမေ...။
အမေ့မေတ္တာရိပ်အောက်က တစ်ခဏတာ ခွဲလာခဲ့တဲ့အချိန်မှာ
အမေ့ရဲ့  ဂရုဏာ အပြုံးတွေကို မြင်ယောင်နေဆဲပါ အမေ...။
ရွာကျော်လို့ မြို့ ရောက် နိုင်ငံပါခြားလာခဲ့ပေမယ့်
အမေ့ရဲ့  ဂရုဏာ စကားသံတွေက သားငယ်ရဲ့  နားဝမှာ ဆွဲနေဆဲပါ အမေ...။
မြို့ ပြတစ်ခုရဲ့ ရင်ခွင်မှာ သားငယ်ဝင်ရောက်နားခိုနေပေမယ့်
အမေ့ ရွာလောက် မပျော်ခဲ့ပါဘူး အမေ...။
မိုးမျှော်တိုက်တွေ ခိုင်ခံ့ပြီးထည်ဝါတဲ့အဆောင်ယောင်တွေက
အမေ့ ရဲ့ တဲ အိုလောက် လုံခြုံမှုတွေ မပေးခဲ့ပါဘူး အမေ...။
ချပါတီတွေ ဘာကာတွေ ဘယ်လောက်ပဲ အရသာရှိလို့  ခွန်အားတွေ ပြည့်နေပါစေ အမေ
အမေရဲ့  ထမင်းကြမ်းခဲလောက် မမြိန်ခဲ့ပါဘူး အမေ...။
မြို့ ပြတစ်ခုရဲ့  နေရောင်ခြည် ၊ နီးယွန်းမီးတွေ ဘယ်လောက်ထိန်လင်း ၊လမ်းပြကြယ်တွေဘယ်နှစင်းပဲ လင်းနေပါစေ
အမေ့ရဲ့ ရင်ခွင်လောက် နွေးထွေးမှုမပေးသလို
အမေ့ရဲ့ လမ်းညွှန်မှု မရှိလို့ အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ...။
မှနေကျမြောက်များစွာ စကားထဲက
ဘယ်တော့မှ မငိုနဲ့ ဆိုတဲ့ အမေ့ရဲ့ စကားတစ်ခွန်းက
သားအတွက်ခွန်အားတွေဖြစ်စေလို့ ကျလုလုမျက်ရည်တွေကို မြိုသိပ်
လောကဓံရဲ့ မုန်တိုင်း အခါးသီးတွေကို ခါးစည်းရင်း
ဘ၀ရဲ့ လှေကို အားမာန်အပြည့်နဲ့  လှော်ခက်နေဆဲပါ အမေ...။
တစ်ကျော့ပြန်ပြည်ဆိုက်လို့  ဒီဒိုက်ဘ၀ကလွတ်လာခဲ့ရင်
အိမ်အပြန်တံခါးဖွင့်ပြီး ကြိုနေမဲ့ သူကို ရှာကြည့်မိတော့
အမေနဲ့  အမေရဲ့  တဲအိုလေးက သားအတွက်ပဲဆိုတာ
ယုံပါတယ် အမေရယ်........။
အချစ်ဝိညာဉ်
လကွယ်ညတစ်ညမှာတိတ်ဆိတ်ငြိမ်သက်လျက်
ကောင်ကင်ကြီးကိုကြည့်နေတဲ့ ငါဟာ
မသိစိတ်ထဲက အချစ်ဝိညာဉ်ရဲ့ 
ဖမ်းစားခြင်းကို ခံလိုက်ရတယ်
သူကိုယ်တိုင်လဲ လွမ်းရမယ်ဆိုတာကို
သိနေလျက်နဲ့ 
အတ္တဆန်စွာမင်းပုံရိပ်တွေ
ဆက်လက်တွေးနေမိတယ်
ငါ့ ရဲ့ ခံစားချက်တွေဟာမင်းအတွက်ရသ
မမြောက်နိုင်ပေမဲ့ နှလုံးသားမှာ
သံစဉ်ညီပြီး
ကြိုးပြတ်နေတဲ့ ဂီတာအိုလေးကို
တီးခတ်နေတယ်လို့
သဘောထားပေးပါချစ်သူ
မင်းငါ့ ရဲ့ ခံစားချက်တွေကို
ဒါဏ်ခတ်မယ် ဆိုခဲ့ ရင်တောင်တုံပြန်မှု့ 
ကင်းမဲ့ တဲ့ အပြုံးတစ်ပွင့် နဲ့ 
ခွင့် လွတ်ခြင်းနှလုံးသားကိုရင်မှာပိုက်လို့ 
မင်းကိုအမုန်းကင်းမဲ့ တဲ့ 
မျက်လုံးအစုံနဲ့ ကြည့် နေမဲ့သူပါချစ်သူ
ရမှတ်ကိုမသိပဲ
ဘဝစားမေးပွဲဖြေဆိုခွင့် 
တောင်းခံလိုက်တဲ့ ငါဟာ
ရင်မှာဖြစ်တည်နေ့ တဲ့ 
အလွမ်းစာတွေကို
မေးခွန်းမလိုပဲ ဖြေဆိုသွားမှာပါချစ်သူ
ဒီစာလေးကိုဖတ်မိလို့ 
တစ်ရက်အသက်တိုမယ်ဆိုရင်တောင်
အချစ်ဝိညာဉ်လေးက
မင်းရဲ့ စိတ်တွေကိုကုသသွားမှာပါချစ်သူ ။ ။
အလွမ်းပန်းချီကားတစ်ချပ်
တည်ငြိမ်နေတဲ့ နှလုံသားကို
မျော်လင့် မထားပဲမင်းတစ်ယောက်
ဝင်လာခဲ့ ချိန်မှာ
ငါ့ ရဲ့ နှလုံးသားဟာ
ရင်ခုန်နှုန်းတွေမြန်ဆန်လာတယ်ဆိုတာ
အကြွင်းမဲ့ ဖြစ်ရပ်တစ်ခုပါ
တိတ်တစ်ခိုးအချစ်နဲ့ 
နောက်ယောင်ခံလိုက်ချိန်လေးမှာ
ဘယ်ကမသိတဲ့ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ 
သူတစ်ယောက်ဟာ
ငါ့ ရဲ့ နှလုံးသားကို
လှောင်ပြောင်ခြင်းခံခဲ့ ရတယ်
ကွပ်မျက်ခြင်းခံလိုက်ရတဲ့ 
ငါ့ ၇ဲ့ နှလုံးသားဟာ
တည်ငြိမ်မှု့ မရှိတော့ ဘူးဆိုတာ
သိလျက်နဲ့ မင်းရဲ့ ဥပက္ခာပြုမူ့ တွေကို
ခံရမဲ့ သူတစ်ယောက်အတွက်
အလွမ်တွေဟာအသင့် ဖြစ်နေခဲ့ ပြီပဲလေ
ဘယ်လိုပဲဖြစ်ဖြစ်
သံယောဇဉ်ဆိုတဲ့ 
ဆေးမင်ရည်နဲ့ အလွမ်းပန်းချီကားလေး
ဆက်လက်ရေးဆွဲသွားအုံးမယ်ဆိုတာ
မင်းတစ်ယောက်ယုံပေးပါ
ဘိုင်ဘိုင်ပါနုတ်ဆက်လိုက်ပါတယ်
ကဗျာလေးတော မေ၇းတက်ပါဘူး
ခံစားမှု့ လေးကိုအရင်းခံထားတယ်ဆိုတာတော့ 
သိစေချင်လို့ ပါကဗျာလေးကိုဖတ်ပြီးလှောင်ပြောင်မှု့ အပြည့် နဲ့ 
ဟားတိုက်ပြီးရယ်လိုက်ပါတော့ နော် ။ ။
မျိုသိပ်ခြင်း
အမှတ်တမဲ့ပါပဲ... လျှို့ ဝှက်နက်နဲမှုတွေ အပြည့်သယ်ဆောင်လာတဲ့
" အချစ် "ဆိုတဲ့ အက္ခရာကို နှလုံးသားမှာ ထင်ကျန်စေတဲ့
အပြုံးပိုင်ရှင်မလေးတစ်ယောက် တံခါးခေါက်သံမကြားလိုက်ဘဲ
ရင်ဘတ်ထဲကို ရောက်နေခဲ့တယ်....။
ပြောပြချင်တဲ့ စကားတွေကို စာစီကြည့်လိုက်တယ်
ပီတိပန်းလေးတွေက လန်းဆန်းဝေဆာလို့ .....။
တနေ့ တော့ ယုံကြည်ပွင့်လင်းစွာ
ကြေငြာထားပါလျှက်နဲ့ 
သစ္စာတံခါး ရိုက်ချိုးသူတစ်ယောက်ကြောင့်
အိမ်မက်စီးကြောင်းလေး(ပူလောင်စွာနဲ့ )
ခမ်းခြောက်ခဲ့ရတယ်...။
အချစ်ဆိုတာ
တစ်ခါတစ်လေ မျှော်လင်းခြင်းအိမ်မက်တွေနဲ့ 
အဆုံးသတ်တတ်တယ်နော်....။ခမ်းနားလှပတဲ့ တို့ရဲ့ အတိတ်က အိမ်မက်မဟုတ်ဘူးဆိုရင်
မင်းပေးထားတဲ့ စကားလုံးတွေ
ဘယ်နားသွားရှာရမှာလဲ ?
ဒါပေမဲ့....
အားလုံးအတွက် မျက်ရည်စက်နဲ့ ပဲ
မျိုသိပ်လိုက်လိုက်ပါတော့မယ်ကွာ...။
ဒီဒဏ်ရာတွေကတော့ ဖြေစရာကို မရှိဘူးနော်.......။
အချစ်...သို့ ဦးတည်ရာ
ဒို့ တာဝန်အရေး (၃ ) ပါး
(၁) ထာဝရ အထီးမကျန်ရေး ဒို့ အရေး ။
(၂) ချစ်သူရှောင်ပြေး အမုန်းမပေးရေး ဒို့ အရေး ။
(၃) နောက်တစ်ကြိမ် အသဲထပ်မကွဲရေး ဒို့ အရေး ။
" ချစ်သူ့ သဘောထား "
(၁) ထာဝရအားကိုး ဒီအချစ်မျိုး အဆိုးမြင်ပတ်ဝန်းကျင်များ အား ဆန့် ကျင်ကြ။
(၂) ရင်ခွင်တော် တည်ငြိမ်ရေး နဲ့  ရေရှည်တည်တံ့မင်းအတွက်ကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့် ကျင်ကြ။
(၃) နှစ်ကိုယ်တူချစ်ခရီးကို ၀င်ရောက် စွက်ဖက် နှောက်ယှက်သော မိဘ မိတ်ဆွေ အပေါင်းအသင်း ညီအကို ဆန့် ကျင်ကြ။
မောင်နှ များအား
(၄) ကြားလူဝင်ခုတ် ဤအမျိုးယုတ်ကို ထာဝရ မိတ်ဆွေမှ ခွါထုတ်ကြ ။
" ရှင်သန်ရေး ဦးတည်ချက် (၄ ) ရပ်
(၁) ရင်ခွင်တော် တည်ငြိမ်ရေး , နှလုံးသား အသစ်အစားမထိုးရေး နှင့်  မကြာခဏ တွေ့ ဆုံပေးရေး ။
(၂) နှစ်ဦးသား အပေါ်သစ္စာ ရှိရေး။
(၃) ချစ်သူ အကြိုက် အလိုက်ဆောင်ရွက်ပေးရေး
(၄) ဖြစ်ပေါ်လာသော အခက်အခဲ ပြဿနာများနှင့် အညီ အတူတကွ ညှိနှိုင်း တိုင်ပင်ဝေဖန် ဆုံးဖြတ်ရေး။
" နှလုံးသား ရေး ဦးတည်ချက် (၄) ရပ်
(၁) သူငယ်ချင်း ဘ၀ကိုအခြေခံ၍ အခြားနှလုံးသားရေး ဏ္ဍများကိုလည်း လစ်လျူမရှုပဲ ထာဝရလက်ခံပေးရေး။
(၂) ရင်ခွင်မှ နှလုံးသားစစ်စစ် ဖြစ်ပေါ်လာရေး။
(၃) နှလုံးသားမှ သံယောဇဉ် နှင့်  ချစ်ခြင်းမေတ္တာ များကို ပေါင်းစပ်၍ ခိုင်မြဲတဲ့ ဘ၀ဖြစ်အောင်တည်ဆောက်ရေး။
(၄) ရင်ခုန်သံ ထာဝရ ငြိမ်းချမ်းရေးကိုဖန်တီး နိုင်မယ့် သူသည် သူငယ်ချင်း ဘ၀နဲ့  အခြားရင်ခုန်မူ ဏ္ဍတို့ ၏ လက်ဝယ်တွင်ရှိရေး။
" နှစ်ဦးသား လိုက်နာဖို့  ဦးတည်ချက် (၄ ) ရပ်
(၁) နှလုံးသား တစ်ခု၏ ချစ်ခြင်းမေတ္တာ နှင့်  ရင်ခုန်မူ စစ်မှန်ရေး။
(၂) အချစ်ဂုဏ် တွယ်တာမူဂုဏ် ခိုင်မာရေးနှင့်  ထာဝရ လက်တွဲဖော်အဖြစ်မျ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့် ရှောက်ရေး။
(၃) အချစ်စိတ်ရှင်သန် ထက်မြက်ရေး။
(၄) တစ်ဘ၀လုံး သစ္စာ ရှိရေး နှင့်  မဖောက်ပြန်ရေး။
ချစ်သူ.....
မင်းအကြောင်းငါမသိ
ငါအကြောင်းမင်းမသိနဲ့ 
ချစ်တယ်ဆိုတဲ့ စကားကို
ငါ့ဘက်ကနေ သုံးလိုက်ပြီနော်...
ဒါပေမဲ့ 
ငါ့ဘက်က မင်းကို
ဘယ်လောက်ထိတန်ဖိုးထားတယ်ဆိုတာကို
ု
မင်းက မယုံဘူးတဲ့ လား ?
အဲဒီစကားလုံးလည်းမသုံးပါနဲ့ 
ငါသိနေတယ်....
အဲဒီမှာ သံသယတွေပြည့် နှက်နေတယ်
ငါသိနေတယ်....
နင်ငါ့ကို မယုံကြည်မှန်း
ငါဘယ်လို သက်သေပြရမလဲ...?
မှန်ပါတယ်...
ပုတ်သင်ညို တစ်ကောင်လို
အလွယ်တစ်ကူ ခေါင်းညိမ့် ဖို့ ရန်မလွယ်မှန်း
ကမ္ဘာကို ကိုင်
တိုင်တည်ပြီးတော့ ပြောပြရမလား ?
ကျိန်ပြောတယ်ဆိုတာ
ခေတ်ကုန်နေပေမဲ့ 
ငါ့ သစ္စာမှန်ရင်တော့ 
အဲဒီသစ္စာ ဆူးတွေက
နင့်ကိုချစ်တဲ့ အချစ်တွေပဲ
ဖြစ်နေမှာ...........။
အို... အမေ
အို... အမေ
အမေတစ်ယောက် နေမှ ကောင်းရဲ့ လား အမေ...။
ရာသီတွေအလီလီပြောင်းခဲ့သော်လည်း
မနေ့ တစ်နေ့ ကလို ပါပဲ အမေ...။
အမေဆီက ထွက်လာခဲ့တဲ့ ရက် အိမ်မက်တစ်ခုလိုထင်မှားပြီး
အမေါ ပုံရိပ်တွေကတော့ ရှင်သန်နေဆဲပါအမေ...။
အမေ့မေတ္တာရိပ်အောက်က တစ်ခဏတာ ခွဲလာခဲ့တဲ့အချိန်မှာ
အမေ့ရဲ့  ဂရုဏာ အပြုံးတွေကို မြင်ယောင်နေဆဲပါ အမေ...။
ရွာကျော်လို့ မြို့ ရောက် နိုင်ငံပါခြားလာခဲ့ပေမယ့်
အမေ့ရဲ့  ဂရုဏာ စကားသံတွေက သားငယ်ရဲ့  နားဝမှာ ဆွဲနေဆဲပါ အမေ...။
မြို့ ပြတစ်ခုရဲ့ ရင်ခွင်မှာ သားငယ်ဝင်ရောက်နားခိုနေပေမယ့်
အမေ့ ရွာလောက် မပျော်ခဲ့ပါဘူး အမေ...။
မိုးမျှော်တိုက်တွေ ခိုင်ခံ့ပြီးထည်ဝါတဲ့အဆောင်ယောင်တွေက
အမေ့ ရဲ့ တဲ အိုလောက် လုံခြုံမှုတွေ မပေးခဲ့ပါဘူး အမေ...။
ချပါတီတွေ ဘာကာတွေ ဘယ်လောက်ပဲ အရသာရှိလို့  ခွန်အားတွေ ပြည့်နေပါစေ အမေ
အမေရဲ့  ထမင်းကြမ်းခဲလောက် မမြိန်ခဲ့ပါဘူး အမေ...။
မြို့ ပြတစ်ခုရဲ့  နေရောင်ခြည် ၊ နီးယွန်းမီးတွေ ဘယ်လောက်ထိန်လင်း ၊လမ်းပြကြယ်တွေဘယ်နှစင်းပဲ လင်းနေပါစေ
အမေ့ရဲ့ ရင်ခွင်လောက် နွေးထွေးမှုမပေးသလို
အမေ့ရဲ့ လမ်းညွှန်မှု မရှိလို့ အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ...။
မှနေကျမြောက်များစွာ စကားထဲက
ဘယ်တော့မှ မငိုနဲ့ ဆိုတဲ့ အမေ့ရဲ့ စကားတစ်ခွန်းက
သားအတွက်ခွန်အားတွေဖြစ်စေလို့ ကျလုလုမျက်ရည်တွေကို မြိုသိပ်
လောကဓံရဲ့ မုန်တိုင်း အခါးသီးတွေကို ခါးစည်းရင်း
ဘ၀ရဲ့ လှေကို အားမာန်အပြည့်နဲ့  လှော်ခက်နေဆဲပါ အမေ...။
တစ်ကျော့ပြန်ပြည်ဆိုက်လို့  ဒီဒိုက်ဘ၀ကလွတ်လာခဲ့ရင်
အိမ်အပြန်တံခါးဖွင့်ပြီး ကြိုနေမဲ့ သူကို ရှာကြည့်မိတော့
အမေနဲ့  အမေရဲ့  တဲအိုလေးက သားအတွက်ပဲဆိုတာ
ယုံပါတယ် အမေရယ်........။
အချစ်ဝိညာဉ်
လကွယ်ညတစ်ညမှာတိတ်ဆိတ်ငြိမ်သက်လျက်
ကောင်ကင်ကြီးကိုကြည့်နေတဲ့ ငါဟာ
မသိစိတ်ထဲက အချစ်ဝိညာဉ်ရဲ့ 
ဖမ်းစားခြင်းကို ခံလိုက်ရတယ်
သူကိုယ်တိုင်လဲ လွမ်းရမယ်ဆိုတာကို
သိနေလျက်နဲ့ 
အတ္တဆန်စွာမင်းပုံရိပ်တွေ
ဆက်လက်တွေးနေမိတယ်
ငါ့ ရဲ့ ခံစားချက်တွေဟာမင်းအတွက်ရသ
မမြောက်နိုင်ပေမဲ့ နှလုံးသားမှာ
သံစဉ်ညီပြီး
ကြိုးပြတ်နေတဲ့ ဂီတာအိုလေးကို
တီးခတ်နေတယ်လို့
သဘောထားပေးပါချစ်သူ
မင်းငါ့ ရဲ့ ခံစားချက်တွေကို
ဒါဏ်ခတ်မယ် ဆိုခဲ့ ရင်တောင်တုံပြန်မှု့ 
ကင်းမဲ့ တဲ့ အပြုံးတစ်ပွင့် နဲ့ 
ခွင့် လွတ်ခြင်းနှလုံးသားကိုရင်မှာပိုက်လို့ 
မင်းကိုအမုန်းကင်းမဲ့ တဲ့ 
မျက်လုံးအစုံနဲ့ ကြည့် နေမဲ့သူပါချစ်သူ
ရမှတ်ကိုမသိပဲ
ဘဝစားမေးပွဲဖြေဆိုခွင့် 
တောင်းခံလိုက်တဲ့ ငါဟာ
ရင်မှာဖြစ်တည်နေ့ တဲ့ 
အလွမ်းစာတွေကို
မေးခွန်းမလိုပဲ ဖြေဆိုသွားမှာပါချစ်သူ
ဒီစာလေးကိုဖတ်မိလို့ 
တစ်ရက်အသက်တိုမယ်ဆိုရင်တောင်
အချစ်ဝိညာဉ်လေးက
မင်းရဲ့ စိတ်တွေကိုကုသသွားမှာပါချစ်သူ ။ ။
အလွမ်းပန်းချီကားတစ်ချပ်
တည်ငြိမ်နေတဲ့ နှလုံသားကို
မျော်လင့် မထားပဲမင်းတစ်ယောက်
ဝင်လာခဲ့ ချိန်မှာ
ငါ့ ရဲ့ နှလုံးသားဟာ
ရင်ခုန်နှုန်းတွေမြန်ဆန်လာတယ်ဆိုတာ
အကြွင်းမဲ့ ဖြစ်ရပ်တစ်ခုပါ
တိတ်တစ်ခိုးအချစ်နဲ့ 
နောက်ယောင်ခံလိုက်ချိန်လေးမှာ
ဘယ်ကမသိတဲ့ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ 
သူတစ်ယောက်ဟာ
ငါ့ ရဲ့ နှလုံးသားကို
လှောင်ပြောင်ခြင်းခံခဲ့ ရတယ်
ကွပ်မျက်ခြင်းခံလိုက်ရတဲ့ 
ငါ့ ၇ဲ့ နှလုံးသားဟာ
တည်ငြိမ်မှု့ မရှိတော့ ဘူးဆိုတာ
သိလျက်နဲ့ မင်းရဲ့ ဥပက္ခာပြုမူ့ တွေကို
ခံရမဲ့ သူတစ်ယောက်အတွက်
အလွမ်တွေဟာအသင့် ဖြစ်နေခဲ့ ပြီပဲလေ
ဘယ်လိုပဲဖြစ်ဖြစ်
သံယောဇဉ်ဆိုတဲ့ 
ဆေးမင်ရည်နဲ့ အလွမ်းပန်းချီကားလေး
ဆက်လက်ရေးဆွဲသွားအုံးမယ်ဆိုတာ
မင်းတစ်ယောက်ယုံပေးပါ
ဘိုင်ဘိုင်ပါနုတ်ဆက်လိုက်ပါတယ်
ကဗျာလေးတော မေ၇းတက်ပါဘူး
ခံစားမှု့ လေးကိုအရင်းခံထားတယ်ဆိုတာတော့ 
သိစေချင်လို့ ပါကဗျာလေးကိုဖတ်ပြီးလှောင်ပြောင်မှု့ အပြည့် နဲ့ 
ဟားတိုက်ပြီးရယ်လိုက်ပါတော့ နော် ။ ။
မျိုသိပ်ခြင်း
အမှတ်တမဲ့ပါပဲ... လျှို့ ဝှက်နက်နဲမှုတွေ အပြည့်သယ်ဆောင်လာတဲ့
" အချစ် "ဆိုတဲ့ အက္ခရာကို နှလုံးသားမှာ ထင်ကျန်စေတဲ့
အပြုံးပိုင်ရှင်မလေးတစ်ယောက် တံခါးခေါက်သံမကြားလိုက်ဘဲ
ရင်ဘတ်ထဲကို ရောက်နေခဲ့တယ်....။
ပြောပြချင်တဲ့ စကားတွေကို စာစီကြည့်လိုက်တယ်
ပီတိပန်းလေးတွေက လန်းဆန်းဝေဆာလို့ .....။
တနေ့ တော့ ယုံကြည်ပွင့်လင်းစွာ
ကြေငြာထားပါလျှက်နဲ့ 
သစ္စာတံခါး ရိုက်ချိုးသူတစ်ယောက်ကြောင့်
အိမ်မက်စီးကြောင်းလေး(ပူလောင်စွာနဲ့ )
ခမ်းခြောက်ခဲ့ရတယ်...။
အချစ်ဆိုတာ
တစ်ခါတစ်လေ မျှော်လင်းခြင်းအိမ်မက်တွေနဲ့ 
အဆုံးသတ်တတ်တယ်နော်....။ခမ်းနားလှပတဲ့ တို့ရဲ့ အတိတ်က အိမ်မက်မဟုတ်ဘူးဆိုရင်
မင်းပေးထားတဲ့ စကားလုံးတွေ
ဘယ်နားသွားရှာရမှာလဲ ?
ဒါပေမဲ့....
အားလုံးအတွက် မျက်ရည်စက်နဲ့ ပဲ
မျိုသိပ်လိုက်လိုက်ပါတော့မယ်ကွာ...။
ဒီဒဏ်ရာတွေကတော့ ဖြေစရာကို မရှိဘူးနော်.......။
အချစ်...သို့ ဦးတည်ရာ
ဒို့ တာဝန်အရေး (၃ ) ပါး
(၁) ထာဝရ အထီးမကျန်ရေး ဒို့ အရေး ။
(၂) ချစ်သူရှောင်ပြေး အမုန်းမပေးရေး ဒို့ အရေး ။
(၃) နောက်တစ်ကြိမ် အသဲထပ်မကွဲရေး ဒို့ အရေး ။
" ချစ်သူ့ သဘောထား "
(၁) ထာဝရအားကိုး ဒီအချစ်မျိုး အဆိုးမြင်ပတ်ဝန်းကျင်များ အား ဆန့် ကျင်ကြ။
(၂) ရင်ခွင်တော် တည်ငြိမ်ရေး နဲ့  ရေရှည်တည်တံ့မင်းအတွက်ကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့် ကျင်ကြ။
(၃) နှစ်ကိုယ်တူချစ်ခရီးကို ၀င်ရောက် စွက်ဖက် နှောက်ယှက်သော မိဘ မိတ်ဆွေ အပေါင်းအသင်း ညီအကို ဆန့် ကျင်ကြ။
မောင်နှ များအား
(၄) ကြားလူဝင်ခုတ် ဤအမျိုးယုတ်ကို ထာဝရ မိတ်ဆွေမှ ခွါထုတ်ကြ ။
" ရှင်သန်ရေး ဦးတည်ချက် (၄ ) ရပ်
(၁) ရင်ခွင်တော် တည်ငြိမ်ရေး , နှလုံးသား အသစ်အစားမထိုးရေး နှင့်  မကြာခဏ တွေ့ ဆုံပေးရေး ။
(၂) နှစ်ဦးသား အပေါ်သစ္စာ ရှိရေး။
(၃) ချစ်သူ အကြိုက် အလိုက်ဆောင်ရွက်ပေးရေး
(၄) ဖြစ်ပေါ်လာသော အခက်အခဲ ပြဿနာများနှင့် အညီ အတူတကွ ညှိနှိုင်း တိုင်ပင်ဝေဖန် ဆုံးဖြတ်ရေး။
" နှလုံးသား ရေး ဦးတည်ချက် (၄) ရပ်
(၁) သူငယ်ချင်း ဘ၀ကိုအခြေခံ၍ အခြားနှလုံးသားရေး ဏ္ဍများကိုလည်း လစ်လျူမရှုပဲ ထာဝရလက်ခံပေးရေး။
(၂) ရင်ခွင်မှ နှလုံးသားစစ်စစ် ဖြစ်ပေါ်လာရေး။
(၃) နှလုံးသားမှ သံယောဇဉ် နှင့်  ချစ်ခြင်းမေတ္တာ များကို ပေါင်းစပ်၍ ခိုင်မြဲတဲ့ ဘ၀ဖြစ်အောင်တည်ဆောက်ရေး။
(၄) ရင်ခုန်သံ ထာဝရ ငြိမ်းချမ်းရေးကိုဖန်တီး နိုင်မယ့် သူသည် သူငယ်ချင်း ဘ၀နဲ့  အခြားရင်ခုန်မူ ဏ္ဍတို့ ၏ လက်ဝယ်တွင်ရှိရေး။
" နှစ်ဦးသား လိုက်နာဖို့  ဦးတည်ချက် (၄ ) ရပ်
(၁) နှလုံးသား တစ်ခု၏ ချစ်ခြင်းမေတ္တာ နှင့်  ရင်ခုန်မူ စစ်မှန်ရေး။
(၂) အချစ်ဂုဏ် တွယ်တာမူဂုဏ် ခိုင်မာရေးနှင့်  ထာဝရ လက်တွဲဖော်အဖြစ်မျ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့် ရှောက်ရေး။
(၃) အချစ်စိတ်ရှင်သန် ထက်မြက်ရေး။
(၄) တစ်ဘ၀လုံး သစ္စာ ရှိရေး နှင့်  မဖောက်ပြန်ရေး။
MMCP Idol Season III ပထမဆုရှင် Toxic နှင့် တွေ့ဆုံခြင်း
အင်တာနက်ပေါ်မှာ စီးပွားရေးဆိုင်ရာ သက်ဆိုင်ရာ စာမျက်နှာတွေရှိကြသလို လူမှုရေးဆိုင်ရာ အသင်းအဖွဲ့တွေရဲ့ စာမျက်နှာတွေလည်း ရှိကြပါတယ်။ ပြီးတော့ မိသားစုဆန်တဲ့ လူမှုပတ်ဝန်းကျင်တွေလည်း ရှိကြပါတယ်။ အင်တာနက်ထဲက မြန်မာ့လူမှုပတ်ဝန်းကျင် ဆိုင်ရာ မျက်နှာစာတွေထဲမှာ လက်ရှိအချိန်အထိ သက်တမ်းအရှည်ကြာဆုံးနဲ့ အအောင်မြင်ဆုံးပြောရမယ့် Myanmar Cupid Forum က forum အတွင်းမှာရှိတဲ့ အဖွဲ့ဝင်တွေထဲက ရွက်ပုန်းသီး အနုပညာရှင်တွေကို ဖော်ထုတ်ပေးတဲ့ MMCP Idol အစီအစဉ်ကို ကျင်းပခဲ့တာ ဒီနှစ်မှာဆိုရင် Season III ကို ရောက်ရှိခဲ့ပါပြီ။ ဒီ Season III မှာ MMCP Idol Winner အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဝါသနာရှင် အဆိုတော်မလေး Toxic နဲ့ Delo Delo ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။
Q. ငါ့ညီမရဲ့ နာမည်အရင်းကို သိချင်ပါတယ်။A. ဂရေစီရှိုင်း (Gracie Shine) ပါ။
Q. ညီမက Toxic ဆိုတဲ့ နာမည်နဲ့ Myanmar Cupid Forum က ပြုလုပ်တဲ့ MMCP Idol Season III မှာ ပထမဆု ရခဲ့တယ်လို့ သိရပါတယ်။ ညီမ ဘယ်လိုလုပ်ပြီး ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်လဲ ဆိုတာ သိချင်ပါတယ်။
A. ဟုတ်ကဲ့။ ပြိုင်ခဲ့ပါတယ်။ Toxic က Torncity Online Game နဲ့ စပြီး MMCP Forum ကို ရောက်ခဲ့တာပါ။ အဲ့ဒီမှာ ရေးရင်းနဲ့ Idol season II နဲ့ တိုးသွားတာ.. နဂိုထဲကလဲ သီချင်းဆိုတာ ဝါသနာပါနေတော့ .. ကိုယ့်ဖာကိုယ် သီချင်းဆို အသံသွင်းပြီး ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီအခေါက်ကတော့ မရခဲ့ပါဘူး။ ဆန်ကာတင် ၅ ယောက် အဆင့်မှာ ပြုတ်ခဲ့တာပါ။ အဲ့ဒီအခေါက်က အတွေ့အကြုံတွေ သင်ခန်းစာယူရင်းနဲ့ season III မှာ အများကြီးပြင်ဆင်ပြီး Toxic ထပ်ပြိုင်ခဲ့တာပါ။ အဲ့ဒီတခါမှာတော့ Idol ဆုကို ရခဲ့ပါတယ်။
Q. ညီမက အနုပညာနဲ့ ပတ်သက်ပြီး ဗီဇပါတယ်လို့ ပြောရမှာပေါ့နော်။ ဘယ်အရွယ်ကတည်းက သီချင်းဆိုတာနဲ့ ပတ်သက်ပြီး စတင်လေ့လာခဲ့ပါသလဲ။
A. ဘယ်အရွယ်ကတည်းကလဲ ဆိုတော့ ဘယ်လို စပြောရမလဲတော့ မသိဘူး။ Toxic ကို ငယ်ငယ်ထဲက ပါပါးက သီချင်းဆိုတာနဲ့ ပတ်သတ်ပြီး Train ခဲ့တာပါ။ စကားစပြောတတ်တဲ့ အရွယ်ထဲကစပြီး သံစဉ်လေးတွေ ညည်းညည်းတတ်တာရယ်၊ ၅ နှစ် သမီးလောက်ထဲက ဘုရားကျောင်းမှာ solo ဆိုဖို့ အတွက် ပါပါးက Train ခဲ့ပါတယ်။ ပါးက သူ အလုပ်ကပြန်လာတဲ့ အချိန်ဆို ဂီတာတီးပေးပြီး Toxic ကို သီချင်းဆိုခိုင်းပါတယ်။ လိုအပ်တာတွေကို ပြင်ပေးပါတယ်။ သီချင်းအဆိုပညာအတွက် တသမတ်ထဲ သင်ခဲ့တာဆိုလို့ ဂီတနဲ့ ပတ်သတ်တဲ့ ပညာသင်ကြားနေတဲ့အချိန်မှာ Voice Lesson (Subject) က ပါနေတော့ သင်ဖူးပါတယ်။ ကျန်တာ ထွေထွေထူးထူးတော့ မလုပ်ဖူးပါဘူး။ အဓိက ကိုယ့်ဖာကိုယ် နားထောင်တယ်၊ လေ့လာတယ်။ ဘုရားကျောင်းမှာ အပတ်တိုင်း သီချင်းဦးဆောင်ဆိုတာကလဲ အများကြီး အထောက်အကူ ဖြစ်ခဲ့တာပါ။
Q. ပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုပြင်ဆင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသလဲ။
A. အမှန်အတိုင်းပြောရရင် Toxic က ပထမတစ်ခေါက်မှာ အများကြီးမျှော်လင့်ပြီး ပြိုင်ခဲ့တော့ အရှုံးကို ရင်ဆိုင်ရတဲ့အခါမှာ တော်တော်ခံရခက်ခဲ့ပါတယ်။ အဲ့ဒါကလဲ သင်ခန်းစာ တစ်ခုပါပဲ။ ဒီတစ်ခေါက် ပြိုင်တဲ့အခါမှာ ကိုထွဋ်ထိပ် အများကြီး ကူညီပေးခဲ့ပါတယ်။ သီချင်းရွေးတာ Mixing ဆွဲတာကအစ၊ အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ အဓိကကတော့ စိတ်ကို အပေါ့ပါးဆုံးထားတတ်အောင် ကြိုးစားခဲ့ရပါတယ်။ နောက်တော့ ကိုယ်အသံနဲ့ လိုက်ဖက်မယ့် သီချင်းတွေ ရွေးရတယ်။ ပရိသတ်နဲ့ပါ အဆင်ပြေမယ့် သီချင်းမျိုးပေါ့။ နောက်ပြီးတော့ ဆိုတယ် …
Q. ပြိုင်ပွဲဝင်ခဲ့တဲ့ သီချင်းလေးတွေကိုရော ပြောပြနိုင်မလား။
A. (၁) လမ်းမကြီးရဲ့ဘေး (၂) သီချင်းမရှိတဲ့ ဂစ်တာ (၃) ယုံရဲ့လား (၄) အကြင်နာစစ်ရင် (၅) ချစ်ခြင်းဖြစ်တည်ရာ (၆) လိပ်ပြာရှိုက်သံ
Q. ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်းမှာရော အခက်အခဲတွေများ ရှိခဲ့သေးလား။ ဘယ်လိုများ ဖြေရှင်းခဲ့ပါသလဲ။
A. ဟုတ်။ ရှိတာပေါ့ အကိုရယ်။ လုံးဝ မပြိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အခါတောင် ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ခုနက ပြောခဲ့သလိုပဲလေ စိတ်ကို အပေါ့ပါးဆုံး ဖြစ်အောင် ပြန်ပုံသွင်းရတော့တာပေါ့။ လူဆိုတာက အမြဲ ပြည့်စုံနေတဲ့သူတွေမှ မဟုတ်တာ။ ကိုယ့်ကို ကြိုက်တဲ့သူ ရှိမယ် မကြိုက်တဲ့သူရှိမယ်။ ကိုယ့်ကို အားပေးခဲ့တဲ့သူက ၁% ပဲရှိနေစေဦးတော့။ သူတို့ အားပေးခဲ့တဲ့ အားပေးမှုကို ကိုယ့်ဘက်က အပြည့်အ၀ ပြန်ပေးဆပ်နိုင်ရမယ်လို့ Toxic ခံယူထားပါတယ်။ အဲ့ဒီ ၁% အတွက် Toxic ရပ်တည်နေရဦးမှာပဲ ဆိုတဲ့ စိတ်မွေး၊ အားတင်းပြီး ပြိုင်ပွဲကို ဆက်ပြိုင်ခဲ့ပါတယ်။ ဘယ်လိုဖြေရှင်းလဲ ဆိုတော့ ဘယ်လိုမှ မဖြေရှင်းပါဘူး။ အချိန်တန်တော့ သူ့ဘာသူ ပြီးသွားတာပါပဲလေ။
Q. MMCP Idol Winner အဖြစ် ရွေးချယ်ခံရတာ သိလိုက်ရတော့ ဘယ်လို ခံစားရပါသလဲ။
A. ပျော်တာပေါ့ အကိုရယ်။ Toxic အရမ်း ပြင်ဆင်လာခဲ့ရတာကိုး။
Q. MMCP Idol Winner ဖြစ်လာခဲ့ရင် နောက်နှစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတော့ဘူးလို့ သိရတယ်နော်။ ညီမအနေနဲ့ အနုပညာလောကကို ဝင်ရောက်ဖို့ အစီအစဉ်ရှိလား။
A. ဟုတ်ကဲ့။ ဝင်ရောက်ချင်ပါတယ်။ အစီအစဉ်ရှိလားဆိုတော့ Toxic အခုချိန်မှာ မသေချာသေးပါဘူး။ အခုလက်ရှိတော့ အပျော်တမ်း အဆင့်ပဲ လုပ်ဖြစ်သေးတာမို့ ပရို အဆင့်လုပ်ဖို့ ဆိုတာက လိုပါသေးတယ်။
Q. လက်ရှိ မြန်မာပြည်က အနုပညာရှင်တွေထဲကရော ဘယ်သူတွေကို အားကျ အတုယူသလဲ။
A. မတင်ဇာမော်ပါ။
Q. ညီမရဲ့ စိတ်ကူးအိပ်မက်ကလေးကိုလည်း သိပါရစေ။
A. အောင်မြင်တဲ့ အိုင်တီသမားတစ်ယောက်ဖြစ်ချင်ပါတယ်။
Q. ခုချိန်မှာ ညီမအလုပ်ချင်ဆုံး အလုပ်တစ်ခုကို ပြောပြပေးပါလား။
A. အခုလောလောဆယ်တော့ Game ဆော့ချင်တယ်။
Q. ညီမလိုမျိုး အနုပညာ ဝါသနာရှင် ညီအစ်ကိုမောင်နှမတွေကိုရော ဘာအမှာစကားများ ပါးချင်ပါသေးလဲ။
A. အနုပညာကို ဝါသနာပါတယ် ဆိုတာ လုပ်ယူလို့ မရပါဘူး။ ဘုရားပေးတဲ့ဆုပါပဲ။ တကယ်ဖြစ်ချင်တယ်ဆိုရင် ကြိုးစားပါ။ အရှုံးတွေနဲ့ ကြုံလာရင်လဲ စိတ်ကို အပေါ့ပါးဆုံးထားပြီး ရင်ဆိုင်ပါ။ အောင်မြင်မှုဆိုတာ ကိုယ်နဲ့ လက်တစ်ကမ်းမှာပဲ ရှိတာမို့ ကိုယ်ဆုပ်ကိုင်မိတဲ့အထိ ဘာအခက်အခဲတွေ့တွေ့ အားမလျှော့ပါနဲ့လို့ ပြောချင်ပါတယ်။
Q. အစ်ကိုတို့ရဲ့ Delo Delo ပရိသတ်ကြီးအတွက်ရော ဘာများအမှာစကား ပြောချင်ပါသေးလဲ။
A. Toxic ကို ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးတဲ့ Delo Delo ကို ရော၊ Toxic ရဲ့ Interview လေးကိုဖတ်ပေးတဲ့ Delo Delo ပရိသတ်ကြီးကိုရော ကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်။ Toxic အခုချိန်မှာ အပျော်တမ်းလုပ်နေပေမယ့် တတ်နိုင်တဲ့ အထဲက အကောင်းဆုံး လုပ်သွားမှာပါ။ အားပေးကြပါဦးလို့လည်း ပြောချင်ပါတယ်။
ပြိုင်ပွဲဝင်သီချင်းအဖြစ် Toxic သီဆိုခဲ့တဲ့ သီချင်းတွေထဲက “ချစ်ခြင်းဖြစ်တည်ရာ” သီချင်းကို ဒီနေရာကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။
တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီကို အကောင်းဆုံး ဖြစ်ချင်တယ် (နဝရတ်)
“နဝရတ်တို့ဆိုင်က ဒီဇိုင်နာ မကာအိုမှာ သွားပြိုင်တာ ဒီဇိုင်နာ အယောက် နှစ်ဆယ်ထဲက နဝရတ်တို့ဆိုင်က ဒီဇိုင်နာက ဒုတိယဆု ရခဲ့တာ၊ အာရှနိုင်ငံ ပေါင်းစုံထဲမှာ ကိုယ်စားပြု သွားပြိုင်ခဲ့တာပေါ့။ သူညှပ်ခဲ့တဲ့ ဆံပင်ပုံလေးကို အမှတ်တရ ညှပ်ထားတာပါ။ အဓိကကတော့ စိတ်ပဲပေါ့။ နဝရတ် စိတ်ထဲမှာ လွတ်လွတ် လပ်လပ်လေး နေချင်တာရယ် တိမ်မင်းသမီး ဇာတ်ကားကြီး အတွက် လုံးပန်းခဲ့ရတာ အတွက်ကြောင့် လွတ်လပ်သွားအောင် အခုလို ဆံပင်ပုံလေးကို ညှပ်ဖြစ်ခဲ့တာလည်း ပါတာပေါ့” ဟု ဆံပင်ပုံစံအသစ် ဒီဇိုင်းအသစ်နဲ့ တွေ့နေရတဲ့ နဝရတ်၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားကြီးနဲ့ နာမည်ကြီးနေတဲ့ နဝရတ်ကို ဒီတစ်ပတ်မှာတော့ 8 DAYS cover အဖြစ် ရွေးချယ်လိုက်ရပါတယ်
တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားကြီးကို ဘယ်နိုင်ငံတွေမှာ ပြသဖို့ အစီအစဉ် ရှိပါသလဲ။
ဆယ်လပိုင်းမှာ အမေရိကမှာ သွားပြဖို့ လုပ်ထားတယ်။ အန်တီ ဆွေဇင်ထိုက်ကနေ ဖိတ်စာနဲ့ လှမ်းခေါ်လိုက်မယ်တဲ့။ အိန္ဒိယမှာလည်း (၁၁)လပိုင်း ကျရင်တော့ သွားပြဖို့အတွက် ရုပ်ရှင် အစည်းအရုံးကနေ ဖိတ်စာ ပို့ထားတယ်။ နိုင်ငံခြားမှာ ပြသရမယ်ဆိုတော့ ဇာတ်ကား ရဲ့ Version နဲ့ Quality ကို ပြန်ထိန်းနေရတယ်။ ကိုယ့်မြန်မာပြည်မှာ အရင်ဆုံး မပြရဘဲနဲ့ သူများနိုင်ငံတွေမှာ ပြရမယ်ဆိုတော့ စိတ်ထဲမှာ နည်းနည်း feel ဖြစ်တယ်။ ဒါပေမဲ့ဇာတ်ကား မပြခင် ဒီမှာ အခွေတွေ ကြိုတင်ထွက်မှာကိုလည်း ကြောက်တယ်။
တိမ်မင်းသမီးအတွက် အခက်အခဲ မျိုးစုံ ကြုံတွေ့ နေရတယ်လို့ ကြားတယ်နော်။
ဇာတ်ကား တစ်ခုလုံးကို ကောင်းအောင် လုပ်ထားတယ်။ နိုင်ငံခြားမှာ ပြသရမှာဆိုတော့ အသံတွေကအစ ပြင်ဆင်ထားရတယ်။ ဖလင်အထိတော့ ပြောင်းလဲ ပြီးသွားပြီ။ အသံ recording ကျတော့ ဇာတ်ကားရိုက်တုန်းက လေသံတွေ အသံဖမ်းမိုက်ရဲ့ လိုအပ်ချက်တွေကို အစအဆုံး ပြန်ညှိနေရတယ်။ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်။ အသံဖမ်း အင်ဂျင်နီယာကို ပိုက်ဆံ သတ်သတ်ပေးပြီး ပြန်လုပ်ခိုင်းရတယ်။ သရုပ်ဆောင်တုန်းက mood ကို ဘယ်လိုမှ ပြန်မရတော့ဘူး။ ရုပ်ကြည့်ပြီး အသံ ပြန်ထပ်ရတာ ဆိုတော့လေ။ သရုပ်ဆောင်တွေ အကုန်လုံးလည်း ပြန်ပြီး အသံသွင်းရတော့ စိတ်တိုနေကြတယ်။ ဒါရိုက်တာပဲ အသံပိုင်း ဆိုင်ရာမှာ မှားသွင်းသလား၊ ဘယ်လိုလဲတော့ မသိဘူးလေ။ ဒါပေမဲ့ ဖြစ်တဲ့ ပြဿနာတော့ တော်တော်လေး များတယ်။ ဒါက မကျွမ်းကျင်ဘူးလို့ဘဲ ကိုယ်က သတ်မှတ်ရမှာပေါ့။
တိမ်မင်းသမီးကို နိုင်ငံခြားမှာ အရင်ဆုံး ပြသဖို့ထက် ကိုယ့်မြန်မာပြည်မှာ အရင်ဆုံး ပြသဖို့ စိတ်ကူး မရှိဘူးလား။
ဒီဇာတ်ကားက မြန်မာ့ရိုးရာကို အဓိကထားပြီး နယ်စုံ ရိုက်ထားတာ။ တစ်ကမ္ဘာလုံးကို မြန်မာပြည်ရဲ့ လှပတဲ့ ရှုခင်းတွေကို ပြသချင်တယ်။ ကျန်တာတွေတော့ သူတို့အတွက် မထူးဆန်းပါဘူး။ နိုင်ငံခြားမှာ ပြိုင်ပွဲဝင်ဖို့ အတွက် ရက်တောင် ချိတ်ပြီးသွားပြီ။ ဒါပေမဲ့ နဝရတ် စိတ်ထဲမှာ ပရိတ်အတွက် ခံစားချက်လေး တစ်ခု ဖြစ်လာတယ်။ ပရိသတ်ဆိုတာ ကိုယ့်ရဲ့ ထမင်းရှင်ပဲလေ။ ဘုရားဆွမ်းတော် တင်သလိုမျိုး ကိုယ့်ပရိသတ်ကိုလည်း ဦးဦးဖျားဖျား အနေနဲ့ ကိုယ့်ဇာတ်ကားကြီးကို ပြသချင်တဲ့ စိတ်လေး ပေါ်လာတယ်။ ဒီနှစ်ကုန်မှာ ပြသခဲ့ရင်တောင် နောင်နှစ်ထဲမှာ ပြသဖို့အတွက် သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင်ချင်တယ်။ အရင်ဆုံး မြန်မာပြည်မှာ ပြသဖို့ စဉ်းစားထားတယ်။ နိုင်ငံခြားဆိုတာ ပြိုင်ပွဲဝင်ဖို့ နောင်နှစ်ဆိုရင်လည်း ဖြစ်တာပဲ။
ဇာတ်ကားရိုက်တုန်းက အမှတ်တရလေးတွေ ပြောပြပေးပါဦး။
ဇာတ်ကား ကန်တော့ပွဲ ပေးကတည်းက စခဲ့တာပဲ။ ဒီဇာတ်ကား ရိုက်နေတုန်းမှာ ဒါရိုက်တာ အမေ ကွယ်လွန်တယ်။ ကင်မရာမင်းန် အဖေဆုံးတယ်။ နယ်သွားရိုက်တော့လည်း မြွေတွေ တွေ့ခဲ့ရတာလည်း အများကြီးပဲ။ ဒီဇာတ်ကားက တော်တော် ကြမ်းတယ်။ နယ်လည်း တော်တော် စုံခဲ့တယ်။ အဲဒီလို အခက်အခဲ မျိုးစုံကို ဇာတ်ကားကြီး ရုံတင် ပြသတဲ့အခါ လက်ကမ်း ကြော်ငြာ ဒါမှမဟုတ် စီဒီဖြစ်ဖြစ် ပရိသတ်တွေကို အမှတ်တရ ပေးမလား စဉ်းစားနေပါတယ်။
တိမ်မင်းသမီးနဲ့သာ အကယ်ဒမီ ရခဲ့မယ်ဆိုရင်ရော..။
တိမ်မင်းသမီးနဲ့ အကယ်ဒမီဆုသာ ရခဲ့ရင်တော့ အတိုင်းထက် အလွန်ပေါ့။ ဇာတ်ကားကြီးကို အကောင်းဆုံး လုပ်ထားတာ ဆိုတော့ နဝရတ်အတွက် စေတနာ မေတ္တာ တစ်ခုခုကို ရောင်ပြန်ဟပ်မှာပါ။ ပရိသတ်ဆီကပဲ ဖြစ်ဖြစ်ပေါ့။ ကိုယ်လွှတ်လိုက်တဲ့ မြှားက တစ်ခုခုတော့ ထိမှာပါ။ ကိုယ့်ရဲ့ စေတနာ မေတ္တာမြှားတစ်စင်း ဆိုတော့လေ။
အကယ်ဒမီ နဝရတ်လို့ ကြေညာပြီးတဲ့ နောက်မှာ ဘာတွေလုပ်ဖို့ ရှိပါလဲ။
အကယ်ဒမီသာ ရမယ် ဆိုရင်တော့ အကယ်ဒမီ ဧည့်ခံပွဲလေးကို အရင်ဆုံး လုပ်ရမှာပေါ့။ ရန်ကုန် ပြန်ရောက်မှသာ နဝရတ်ရဲ့ လက်ဦးဆရာ ဖြစ်တဲ့ ဦးကျော်ဟိန်းရှိရာ မှော်ဘီကို သွားတွေ့ရမှာပါ။ ဇာတ်ကား မပြခင်ကတည်းက သူ့ဆီကို အရင်ဆုံး ပြသဖို့ စဉ်းစားထားတယ်။
ဇာတ်ကား ရိုက်တဲ့အခါမှာ တော်တော်လေးကို စိတ်ရောလူရော မောပန်းခဲ့ရမှာပဲနော်။ တခြား ဇာတ်ကားတွေကို အနိုင်ပိုင်းလိုက်တဲ့ သဘောလား။
ဟုတ်တယ်။ ဇာတ်ကား ရိုက်ပြီးတော့ စိတ်ရော လူရော မောပြီး ကျန်ခဲ့တာ။ Quality ကို နည်းနည်း ထိန်းထားချင်တယ်။ ဇာတ်ကား တစ်ကားကို ရိုက်တဲ့အခါမှာ ဖြစ်ချင်ပြီဆိုရင် တကယ်စိတ်နှစ်ပြီး လုပ်လိုက်တာ၊ တခြား ဘာကိုမှ မကြည့်တော့ဘူး။ ဇာတ်ကားတွေ လာငှားတာတွေ ရှိပါတယ်။ နဝရတ်နဲ့ မလိုက်တာတွေ အဆင်မပြေတာတွေ ရှိတော့ အဲဒီလို ဇာတ်ကားမျိုးတွေ ရိုက်ရင် တိမ်မင်းသမီးကို သွားထိမှာပဲလေ။ နောက်မှပဲ နဝရတ်နဲ့ လိုက်မယ့် ကာရိုက်တာ ဇာတ်တွေကို မဖြစ်မနေ လာငှားကြမှာပဲ။ အဲဒီကျမှ ရိုက်ဖို့ စဉ်းစားထားတယ်။ ပရိသတ်က သတ်မှတ်ပေးထားတဲ့ နဝရတ်ဆိုတဲ့ နေရာတစ်ခုကို တန်ဖိုးရှိရှိလေးနဲ့ ရပ်တည်နေချင်တယ်။ အရမ်း ပေါ့ပျက်ပျက်ကြီး မဖြစ်သွားစေချင်တဲ့ သဘောပါပဲ။
တကယ်လို့များ နဝရတ်ကို အမေခန်းမှာ ခေါ်ရိုက်မယ်ဆိုရင် ရိုက်ဖြစ်မှာပါလား။
လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် ကတည်းက အမေခန်းကို ရိုက်ကူးပါတယ်။ မြင့်မြတ်ရဲ့ အမေနေရာကလည်း သရုပ် ဆောင်ခဲ့ဖူးပါတယ်။ မြင့်မြတ်နဲ့ ရိုက်တဲ့ ဇာတ်ကားဆိုရင် အမေ ကာရိုက်တာကနေ သရုပ် ဆောင်ခဲ့ဖူးတာပေါ့။ နဝရတ်ကတော့ သရုပ်ဆောင်ပါတယ်။
အနုပညာ အလုပ်တွေ စီးပွားရေး အလုပ်တွေကို တစ်ယောက်တည်း လုပ်နေရတဲ့ နဝရတ်အတွက် မှီခိုအားထားရာ ဘဝလက်တွဲဖော် မရှာတော့ဘူးလား။
(ရယ်လျက်) ဒီတစ်သက်တော့ မရှာတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ရဲ့ အချိန်တွေကို ခွဲပြီး ပေးရတော့မှာလေ။ အာရုံတွေ အရမ်း နောက်လွန်းလို့။
မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုတဲ့ စကားလေးရော..။
အမယ်လေး..၊ မောင်ကပဲ မထမ်းဘဲနဲ့ မယ်ကပဲ ရွက်နေရရင် ဘယ်လိုလုပ်မလဲ။ နှစ်ယောက်စာ ရွက်နေရရင် ကိုယ်ချည်းပဲ ဒုက္ခ ရောက်နေပါ့မယ်။ မလုပ်ပါနဲ့ အေးဆေးပဲ နေပါရစေတော့။
ဒါဆိုရင် အကြိုက် မတွေ့ခဲ့လို့ပေါ့နော်။
စိတ်ကြိုက်တော့ တွေ့သား။ ကိုယ်တိုင်က အကြိုက်များလို့ ရွေးရ ခက်နေတာလေ။ (ရယ်လျက်)၊ အလကား စတာပါ။ နဝရတ် ပတ်ဝန်းကျင်က ပတ်သက်ရာ မိတ်ဆွေတွေ့ရဲ့ အိမ်ထောင်ရေး ဒုက္ခတွေကို တွေ့နေရတော့ အိမ်ထောင်ပြုရမှာ ကြောက်လာတယ်။ ဘယ်သူမဆို ဆေးပေးမီးယူဆိုတာ အသက်ကြီးရင်လည်း ရှာရင်ရပါတယ်။ နိုင်ငံခြားမှာဆိုရင် အသက်ကြီးမှ လက်ထပ်ကြတာ အများကြီးပဲ။ နှစ်ယောက်တည်းနဲ့ ပျော်စရာကြီး။ ဒါပေမဲ့ နဝရတ်က မမြင်နိုင်တဲ့ အရာကို မမျှော်မှန်းတတ်ဘူး။ လက်တွေ့ကျကျ မျက်စိရှေ့မှာ တွေ့ရတာကို ကျင့်သုံးရတာ အကြိုက်ဆုံးပါပဲ။ ဒါပေမဲ့ နဝရတ်ကတော့ အခုလက်ရှိ အခြေအနေလေးကို အကြိုက်ဆုံးပဲ။
ဒါဆိုရင် နဝရတ် နားလည်ထားတဲ့ ဘဝအဓိပ္ပါယ်က..။
ငြိမ်းချမ်းတဲ့ ဘဝလေးကို လိုချင်တယ်။ လှူမယ် တန်းမယ်။ အသက်ကြီးလာရင် ကလောလို နေရာလေးမှာ စိုက်ခင်းလေးနဲ့ ငြိမ်းချမ်းစွာ နေချင်တယ်။ အရမ်းချမ်းသာပြီး သားသမီး အပူတွေဆိုရင် အရမ်း စိတ်ညစ်တယ်။ အေးအေးချမ်းချမ်း life style လေး နေသွားချင်တယ်။ သီလရှင် ဝတ်ဖြစ်ရင်လည်း ဝတ်ဖြစ်မှာပေါ့။
အသက်ကြီးလာရင် သီလရှင် ဝတ်မယ်ဆိုတော့ နဝရတ်ရဲ့ ပိုင်ဆိုင်မှုတွေကရော..။
အကုန် လှူခဲ့မှာပေါ့၊ ကိုယ့်ကိုယ်ကိုယ်တောင် လှူခဲ့မှာ။ ဘာလုပ်တော့မှာလဲ။ တရားစခန်းတွေ ဘာတွေလည်း ဝင်ခဲ့တော့ အကုန်လုံး သိနေပြီလေ။ လောကကြီးက နေတတ်ရင် ကျေနပ်စရာကြီးပါ။
အခုဆိုရင် နဝရတ်ရဲ့ တိမ်မင်းသမီး ဒဏ္ဍာရီ ဇာတ်ကားနဲ့ ပတ်သက်ပြီး သိခွင့်ရခဲ့သလို နဝရတ်ရဲ့ စိတ်နေ သဘောထားကိုလည်း အနည်းငယ် သိခဲ့ရပါတယ်။ ဒါကြောင့် အင်တာဗျူးရဲ့ နှုတ်ဆက်စကားလေး ပြောပေးပါဦး။
နဝရတ်ရဲ့ 8 DAYS ပရိသတ်တွေ ခုနှစ်ရက် သားသမီး အားလုံးကို ပြောချင်တာက ပရိတ်အတွက် နဝရတ်ပါ။ နဝရတ်လုပ်တဲ့ အနုပညာ အားလုံးဟာ ပရိသတ် အတွက်ပါ။ ပရိသတ်ရင်ထဲ အနက်ရှိုင်းဆုံး နေရာထိ ရောက်အောင် လုပ်ဆောင်နေပါတယ်လို့ နှုတ်ဆက်ချင်ပါတယ်။
ပြည်ပရောက်ရင် မြန်မာအစားအစာကို ပိုလွမ်းတယ် ရွှေစင်
Subscribe to:
Comments (Atom)














