Pages

Friday, November 4, 2011

နင်းချေသွားနိုင်ပါတယ်....

ငါ့ရင်ကို တစ်စစီခြွေ
ငါ့အသဲကို ပန်းသဖွယ်
မင်းဦးထိပ်မှာ ဆင်မြန်းချင်သပဆိုရင်
အဆင်လှတဲ့ မင်းကေသာထက်မှာ
အသွင်ကျစေမယ့် ငါ့အသည်းနှလုံးကို
ပန်းတစ်ပွင့်စာအဖြစ် လိုအပ်မယ်ဆိုရင်
ငါကိုယ်တိုင် ဖြတ်တောက်ပေးနိုင်ပါတယ်  ချစ်သူရယ်...။
အသဲပန်းမို့ မလွမ်းသာလို့ 
မင်းအတွက် ပန်းတစ်ခင်းစာထက်တွေ့ ရင်
ဆက်လျှောက်လာတဲ့ မင်းရဲ့ လမ်းမထက်မှာ
ငါ့အသဲကို တစ်စစီခြွေ
မြေမှာခစေမယ့် ငါ့အသည်းပန်းကို
မင်းရဲ့ ဘယ်ညာခြေဖ၀ါးအောက်မှာ
နင်းချေသွားအုံးမယ်ဆိုရင်တောင်
ကျေနပ်စွာ အပြုံးပန်းဆင်နေမှာပါ ချစ်သူရယ်...။

တိုတိုထွာထွာ IT နည်းပညာများ

အသုံးနည်းသော shortcut များ
Alt+Space bar+X (maximize)
Alt+Space bar+R (restore)
Alt+Space bar+C (close)

1.အသုံးနည်းသော Run command များ
. = C:\Documents and Settings\User name
.. = C:\Documents and Settings
... = My Computer
%homedrive% (windows system ရှိတဲ့ drive)
%systemroot% (C:\Windows)
%systemdrive% (C:\)
%allusersprofile% (C:\Documents and Settings\All user)
%appdata% (C:\Documents and Settings\User Name\Application Data)
%comspec% (C:\Windows\System32 in command prompt)
%homepath% (C:\Documents and Settings\User name)
%logonserver% (လက်ရှိဝင်သုံးနေတဲ့သူရဲ့ Domain Controller)
%programfiles% (C:\Program Files)
%windir% (C:\Windows)
Oobe/msoobe /a (windows active)

2.Task manager ရဲ့ bar တွေကိုအကုန်ဖျောက်ထားမယ်။
Ctrl+Shift+Esc (or) Ctrl+Alt+Delete ကိုနှိပ်ပြီး Task manager ကိုဖွင့်ပါ။
Applications Tab ကိုရွေးပါ
User Tab ရဲ့လွတ်နေတဲ့ညာဘက် space ကို doubel click နှိပ်ပါ။
Task manager ရဲ့ bar တွေကိုအကုန်ပျောက်သွားပါလိမ့်မယ်။
bar တွေပြန်ဖော်ချင်ရင်တော့ End Task ရဲ့
ဘယ်ဘက်လွတ်နေတဲ့နေရာမှာ doubel click နှိပ်လိုက်ပါ။

3.Shutdown အမြန်လုပ်ရအောင်။
Ctrl+Shit+Esc နှိပ်ပြီး Task manager ခေါ်လိုက်ပါ။Shutdown tab ကိုတချက်နှိပ်လိုက်ပါ။
Ctrl key ကိုဖိထားပြီး Turn off ကိုနှိပ်လိုက်ပါ။ချက်ချင်း shutdown ကျသွားပါလိမ့်မယ်။

4.XP ရဲ့ Admin password ကို current password မသိဘဲပြောင်းချင်ရင်
My Computer ကို Right Click နှိပ်ပြီး Manage ကို နှိပ်ပါ။
Computer management ရဲ့ System tools အောက်က Local Users and Groups ကိုဖြန့်ချလိုက်ပါ။
Users Folder မှာတချက်နှိပ်ပြီးညာဘက်က Admin ကို
Right click နှိပ်ပြီး set password ကိုနှိပ်ပါ။
ပေါ်လာတဲ့ box မှာ Process ကိုတချက်နှိပ်လိုက်ပါ။
New password နဲ့ confirm password ပေးပြီး OK ကိုနှိပ်လိုက်ပါ။

5.XP ကိုဖွင့်လိုက်တာနဲ့ကိုယ်ရေးချင်တွေပေါ်ချင်ရင်
Start>Run Run box မှာ regedit လို့ရိုက်ပြီး Enter နှိပ်ပါ။
Registry Editor ရောက်ရင်
'HKEY_LOCAL_MACHINE\ Software\Microsoft\ WindowsNT\Current Version\Winlogon' အထိသွားပါ။
ညာဘက်က LegalNoticeCaption ကို double click နှိပ်ပါ။
ပေါ်လာတဲ့ box ရဲ့ value data မှာကြိုက်ရာရေးပါ။
အဲဒါကခေါင်းစဉ်ဖြစ်ပါတယ်
OK နဲ့ထွက်လိုက်ပါ။
LegalNoticeText ကို doubel click နှိပ်လိုက်ပါဦး။
Value data မှာကြိုက်တာရေးပါ။
အဲဒါကခေါင်းစဉ်အောက်ကပေါ်မယ့် စာသားဖြစ်ပါတယ်။
ပြီးရင် OK နဲ့ထွက်လိုက်ပါ။
Registry Editor ကိုပိတ်ပြီး XP ကို restart လုပ်လိုက်ပါ။
မလိုချင်တော့ရင်တော့ အပေါ်မှာရေးထားတဲ့ လမ်းကြောင်းအတိုင်းသွားပြီး LegalNoticeCaption နဲ့
 LegalNoticeText ရဲ့ value data ထဲကစာသားတွေ ပြန်ဖြတ်လိုက်ပေါ့။

6.Hibernate သုံးရအောင်
Hibernate ဆိုတာဒီလိုပါ
ကိုယ်က Program 3,4ခုလောက်ဖွင့်ထားမယ်။
Hibernate လုပ်ပြီးပိတ်လိုက်မယ်။
နောက်တစ်ခါပြန်ဖွင့်တဲ့အခါကိုယ်ဖွင့်ထားတဲ့ Programတွေအရင်အတိုင်းပြန်ပေါ်နေပါလိမ့်မယ်။
Hibernat သုံးမယ်၁ိုရင်
start>control panel > power options ကိုသွားပါ။
Hibernate Tab ကိုနှိပ်ပြီး Enable Hibernate ကိုအမှန်ခြစ်ပါ
OK နဲ့ထွက်လိုက်ပါ။
ကွန်ပျုတာပိတ်တဲ့အခါ shift key ကို နှိပ်ထားပါ။
Stand by က Hibernate လို့ပြောင်းသွားပါလိမ့်မယ်


7.Command Prompt ကနေ drive တွေကို defrag လုပ်မယ်
 Windows မှာရှိတဲ့ Drive တွေအားလုံး ကို တခုပြီးတခု defrag လုပ်လို့ရအောင်
 notepad ထဲမှာ
defrag c: -f
 defrag d: -f  
(ကျွန်တော့်ဆီမှာ drive c: , d: ပဲရှိလို့ပါ ။ရှိသေးရင် defrag e: -f defrag f: -f  အဲဒီလိုထပ်ထည့်လို့ရပါတယ်)
ရိုက်ထည့်ပြီး
File name ကို defragall.bat လို့ ပေးပြီး Save လိုက်ပါ။
 လုပ်လိုက်တဲ့ defragall.bat ဖိုင်ကို Double Click လုပ်လိုက်ယုံ နဲ့
Command Prompt ပွင့်လာပြီး Drive C: D: F: G: တို့ကို တခုပြီးတခု
defrag လုပ်သွားမှာဖြစ်တယ်။

8.Computer ဖွင့်ချိန်မှာ Boot Logo ကို မပေါ်စေချင်ရင်
 Start >> Run >> msconfig >> BOOT.INI ကိုရွေးလိုက်ပါ။
 ပြီးရင် NOGUIBOOT ကို အမှန်ခြစ်ပေးပြီ Apply ကို ရွေးပြီး Ok ကို နှိပ်လိုက်ပါ။
ကွန်ပျူတာ ကို Restart ပေးလိုက်ပါ။
ဒါဆို Computer ဖွင့်တဲ့အခါမှာ BOOT လုပ်တာကို တွေ့ရမှာတော့မှာ
မဟုတ်တော့ပါဘူး

9.Search ပျောက်နေရင်

တစ်နည်း

Run > gpedit.msc > User Configuration > Administrative Templates > Start Menu and Taskbar >
Remove Search menu from Start Menu > Right Click > Properties ဒါမှမဟုတ် Double Click ပေးလိုက်ပါ။
Setting tab မှ Not configured ကို Check ပေးလိုက်ပါ။ ပြီးနောက် OK ပေးလိုက်ပါ။

တစ်နည်း

Run > regedit > HKLM > Software > Microsoft > Windows > CurrentVersion > Policies > Explore >
No Find > Right Click > Modify > Value တန်ဖိုးကို "0" ပြောင်းလိုက်ပါ။

တစ်နည်း
Notepd ကို ဖွင့်ပါ
အောက်မှာအပြာရောင်ပြထားတဲ့ စာတွေအားလုံး ကို ကူးပြီးထည့်ပါ
Windows Registry Editor Version 5.00
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\Desktop\NameSpace\
{e17d4fc0-5564-11d1-83f2-00a0c90dc849}]@="Search Results Folder"
ပြီးရင် Extension.reg နဲ့ save လိုက်ပါ
ကလစ်နှစ်ချက်နှိပ်ပြီး run ပါ
Yes or no မေးရင် yes ဖြေပါ

10.Run Command ပျောက်နေရင်
တစ်နည်း

Windows Key + R > gpedit.msc > User Configuration > Administrative Templates >
Start Menu and Taskbar > Remove Run Menu from Start Menu > Right Click > Properties
သို့မဟုတ် Double Click ပေးလိုက်ပါ။ Setting tab မှ Not Configured ကို Check ပေးလိုက်ပါ။
ပြီးရင် OK ပေးလိုက်ပါ။


တစ်နည်း

Windows Key + R > regedit > HKCU > Software > Microsoft > Windows > CurrentVersion >
 Policies > Explorer > NoRun > Right Click > Modify > Value တန်ဖိုးကို "0" ပြောင်းပေးလိုက်ပါ။


တစ်နည်း

တစ်ခါတစ်လေမှာ Start Menu မှာတင် Run Command ကို Unckeck ပေးထားမိတဲ့အတွက်လည်း ပျောက်ဆုံး
နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေတယ်ဆိုရင်တော့ Start Menu > Right Click > Properties > Customize >
Advanced > Run Command ကို Check ပေးလိုက်ပါ။

11.ဓါတ်ပုံ ကို icon လေးတွေလုပ်ချင်ရင်
Run box ကနေ mspaint လို့ ရိုက်ပြီး enter ခေါက်ပြီး ဖွင့်လိုက်ပါ
ပြီးရင် file>>>> open ကနေ ကိုယ် icon လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်ပါ
ပြီးရင် ဘာမှမလုပ်ပဲနဲ့ save as ပြန်လုပ်ပါ
ကြိုက်တဲ့နေရာမှာ save နိုင်ပါတယ်
File name နေရာမှာ ကြိုက်သလို နာမည်ပေးပြီး အနောက်မှာ .ico ထည့်ပါ
ဥပမာ uu.ico
Save as type နေရာမှာ 24-bit Bitmap နဲ့ save ပါ


12.ကိုယ်ရေးသမျှကို အသံထွက်ပေးတဲ့ ဆော့ဝဲ notepad နဲ့ လုပ်ကြည့်မယ်
အရင်ဆုံး အနီရောင်ပြထားတဲ့ code တွေကို notepad ထဲကူးထည့်ပါ

echo off
title mms Speaking Computer
color a
cls
goto speak
:speak
cls
echo.
echo Computer: %mms%, Please enter what
echo what do you want me to say
set /p what= %mms%: I Want You To Say:
echo.
echo Computer: Analyzing...
echo Set Speech = CreateObject("SAPI.SpVoice") > "%userprofile%\speech.vbs"
echo Speech.Speak "%what%" >> "%userprofile%\speech.vbs"
echo.
echo Computer: Analyzed...
call "%userprofile%\speech.vbs"
echo.
ping localhost -n 2 >nul
echo Computer: I have said "%what%"...
echo.
ping localhost -n 2 >nul
echo Computer: Clearing Cache...
del /f /s /q "%userprofile%\speech.vbs" >nul
echo.
echo Cache Cleared...
echo.
echo %mms%, Please press any key...
pause >nul
goto speak
:voicemake
md Voice
goto vbss
REM this makes the VBS files in the voice folder
:vbss
echo.Set Speech = CreateObject("SAPI.SpVoice")>> "%CD%\Voice\Welcome.vbs"
echo.Speech.Speak "Hello Friend">> "%CD%\Voice\Welcome.vbs"
REM The menu with voice saying what u wrote
:menu
start %CD%\Voice\Welcome.vbs
pause

ပြီးရင်ကြိုက်တဲ့နေရာမှာကြိုက်တဲ့နာမည်ပေးပြီး နာမည်နောက်မှာ .bat ထည့်ပြီး save ပါ
ဥပမာ hfghfg.bat

13.Calculator ကို notepad နဲ့ လုပ်ကြည့်မယ်
အရင်ဆုံး အပြာရောင်ပြထားတဲ့ code တွေကို notepad ထဲကူးထည့်ပါ

@echo off
title mms Calculator
cls
:m
echo.
set /p math=Whatchoo gonna calculate?
set /a math2=%math%
echo %math% = %math2%
goto m
msg *thank for using this bat

ပြီးရင်ကြိုက်တဲ့နေရာမှာကြိုက်တဲ့နာမည်ပေးပြီး နာမည်နောက်မှာ .bat ထည့်ပြီး save ပါ
ဥပမာ hfghfg.bat

14.Autorun နဲ့ drive icon ချိန်းမယ်
ဥပမာ memory stick ပေါ့
Stick ထဲကို ကိုယ်ပြောင်းချင်တဲ့ icon လေးကိုထည့်ထားပါ
(ဘယ်ဖိုလ်ဒါ ထဲကိုမှမထည့်ထားပါနဲ့)
Iconဆိုတာ .ico အမျိုးအစားနော် png မဟုတ်ဘူး
ပြီးရင် အနီရောင်ပြထားတဲ့ code တွေကို notepad ထဲကူးထည့်ပါ

[autorun]
Icon=????.ico
Shell\explore\Command=????.ico

???? နေရာမှာ ကိုယ် icon နာမည်ကိုအစားထိုးပါ
ပြီးရင် stick ထဲကို
File Name မှာ autorun.inf
Save AsType မှာ All
Encoding မှာ ANSI လို့ save ပါ
Stick ကို ဖြုတ်ပြီးပြန်တပ်ပါ
ဘယ်စက်ရောက်ရောက် ကိုယ့် icon လေးနဲ့ဖြစ်သွားပါပြီ
( ဒီနည်းက လွယ်လွန်းသလို အားနည်းချက်တွေရှိပါတယ်
Autorun ပိတ်ထားတဲ့ စက်မှာဆိုမရပါဘူး)

15.Folder ရဲ့ Background ကိုပြောင်းမယ်
ပြောင်းမယ့် folder ထဲကို နောက်ခံ လုပ်မယ် ဓါတ်ပုံ ကို ကူးထည့်ထားပါ
Jpeg အမျိုအစားနဲ့ပါ
ဥပမာ .. ok.jpg
ပြီးရင်Note pad ကို ဖွင့်ပါ
အနီရောင်ပြထားတဲ့ code တွေကို notepad ထဲကူးထည့်ပါ


[{BE098140-A513-11D0-A3A4-00C04FD706EC}]
Iconarea_Image=".\????.jpg"


???? နေရာမှာ ကိုယ် ဓါတ်ပုံနာမည်အစားထိုးပါ
ဥပမာ [{BE098140-A513-11D0-A3A4-00C04FD706EC}]
Iconarea_Image=".\ok.jpg"
ပြီးရင် ဓါတ်ပုံထည့်ထားတဲ့ folder ထဲကို
File name နေရာမှာ
desktop.ini
လို့နာမည်ပေးပြီး save ပါ

16.Registry မှာကျန်နေတဲ့ gtalk acc ဖျက်ချင်ရင်
၁. Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက် ပြီး enter ခေါက်
၂. HKEY CURRENT USER >>>Software >>>>Google >>>>Google Talk >>>Accounts ထိသွား
၃. ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎. ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

17.Backup လုပ်ထားမယ်
Start Menu >> All Programs >> Accessories >> System Tools >> မှာ Back up ကို နှိပ်လိုက်ပါ..
ပြီးရင် Next နှိပ်လိုက်တာနဲ့ ၂ ခု ရွေးခိုင်းပါလိမ့်မယ်..
Back up files and settings နဲ့ Restore files and settings ဆိုတာ မှာ
Back up files and settings ဆိုတာကို ရွေးလိုက်ပါ..ပြီးရင် Next
အဲဒိမှာ ထပ်တွေ့မှာက
My document and settings
Everyone's document and settings
All Information on this computer
Let me choose what to back up
ဆိုတဲ့ ၄ ခုမှာ အောက်ဆုံးက Let me choose what to back up ဆိုတာကို ရွေးလိုက်ပါ...
ပြီရင် Next..
ခုတစ်ခါမှာတော့ ဗယ်ဘက်မှာ C:\WINDOWS\System32 အထိရွေး ညာဘက်ခြမ်းမှာ
Drivers ဆိုတာကိုရွေးပြီး အမှန်ခြစ်
ပြီးရင် Next
ဒီတစ်ခါမှာတော့ ထွက်လာမယ့် .bkf file ကို
ဘယ်မှာ သိမ်းမှာလဲဆိုတာကို နေရာရွေးခိုင်းလိမ့်မယ် ..
အဲမှာ Browse Button ကို နှိပ်လိုက်ရင် A:\ drive (floppy drive) ကို
Format လုပ်မှာလား မေးလိမ့်မယ် .. No ပေါ့.
ပြီးရင် ထုံးစံအတိုင်း Desktop ကိုရွေးလိုက်ပေါ့.. ပြီးမှ Flash drive နဲ့ဖြစ်ဖြစ်
ပြန်ကူးလိုက်လည်း ရပါတယ်.. ပြီးရင် Next
ပြီးရင် Finish ...
Restore ဖို့က
အဲဒိ Backup.bkf ကို
Double click >> Next >> Back up files and settings နဲ
Restore files and settings ဆိုတာ မှာ
Restore files and settings ကိုရွေး
ပြီး၇င် ဘယ်ဘက်ခြမ်းမှာ C:\WINDOWS\System32 ထိရောက်အောင်ဖြည်လိုက်ပြီး
အမှန်ခြစ်လေးတွေ ခြစ်လိုက်ရင် ညာဘက်ခြမ်းမှာလည်း
Back up လုပ်ထားတဲ့ Driver Folder ကို တွေ့လိမ့်မယ်
.. အမှန်ခြစ်ပြီးသားလေးပေါ့.. ဒါဆို အိုကေပြီ
Next ပြီးရင် Finish ပေါ့..

Friday, October 21, 2011

TwistedBrush_Pro_Studio_18.14 + Keygen

ကျွန်တော်တို့ ပန်းချီဝါသနာပါတဲ့ သူများအတွက် ကွန်ပျူတာကို အသုံးပြုပြီး မိမိတို့စိတ်ကြိုက် ပန်းချီ ကားလေး ပုံဖော်ရေး သားနိုင်ဖို့အတွက် TwistedBrush_Pro_Studio_18.14 လေးက အထောက်အကူ ပြုပါလိမ့်မယ် .. ပန်ချီဝါသနာပါတဲ့ သူတွေအတွက်တော့ အပြင်မှာ ပန်ချီဆွဲဖို့မဖြစ်နိုင်ဘူး ဆိုရင်တော့ အခုကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကို အသုံးပြုပြီးတော့ ပန်ချီးကား တစ်ချပ်ကိုတော့ ကောင်းကောင်း ဖန်တီး နိုင်မယ်လို့ ထင်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးသုံးလို့ရအောင် Keygen လေးပါ ထည့်ပေးထားပါတယ် .. အသုံးပြုရတာ လည်းအရမ်းကြီး မခက်ပါဘူး .. နောက်ဆုံး ပန်ချီပုံလေး ဆွဲပြီးပြီ ဆိုရင်လည်း မိမိတို့ပုံလေးကို စိတ်ကြိုက်ပုံဆိုဒ်နဲ့ ပြန်ထုတ်ပေးလို့ ရပါတယ် .. ၀ါသနာပါတဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့လင့် ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..

Download  Ifile.it
Download  Mediafire

အားလုံးပဲအဆင်ပြေကြပါစေ  …  ကျေးဇူးတင်ပါတယ်ခင်ဗျာ..

Tuesday, October 11, 2011

နင်ကျေနပ်ပါစေ

*   အထင်မလွဲပါနဲ့ ချစ်သူ
     ရင်ထဲကို ခဏ၀င်ကြည့်ပါ
    အတုယောင်တွေဟာ လိမ်ညာခြင်းတွေ ဖုံးလွှမ်းနေတတ်တယ်....။
    ငါ့ရင်ထဲမှာ မာယာတွေနဲ့  လှည့်စားဖို့ 
     မင်းကို စတင်ခဲ့တာ မဟုတ်ခဲ့ဘူး....။
*  အခုတော့ ငါ့အပေါ်...
     အပြုံးနဲ့  စခဲ့ပြီး
      အဆုံးမှာ အရှုံးသက်သက်တွေ နဲ့  ထားခဲ့တယ်နော်....။
       ငါ့ရဲ့ နှလုံးသားတစ်ဖက်ခြမ်းမှာ
       အရှုံးသမားရယ်လို့ တောင်
      ကဗ္ဖည်းထိုးရတော့ မလားမသိဘူး....။
*    အကြင်နာကို လက်ဖြုတ်
      ရင်ခွင်ကနေထိုးထုတ်ပြီး
     အသည်းဒဏ်ရာ အလွမ်းစာတွေနဲ့  အတူ
     ခိုလှုံခဲ့ဘူးတဲ့ ရင်ခွင်ဟောင်းမှာ
      ကျန်နေခဲ့တဲ့ မင်းအငွေ့ သက်တွေနဲ့ ပဲ
    တစ်သက်တာ စွန့်ခွါရစ်ခဲ့ပြီး
     မင်းရဲ့  တစ်ဖက်ခြမ်းမှာပဲ
     ငါ့ကို ထားခဲ့တော့မှာလား...?
*   မင်းအတွက် ကျခဲ့တဲ့ မျက်ရည်တစ်စက်က
      သွေးစက်များစွာ ဖြစ်နေပါစေ
      နင်ကျေနပ်လို့ ထားခဲ့မယ်ဆိုရင်
      မင်းရဲ့  တစ်ဖက်ခြမ်းကနေ
      တန်ရာကပဲပြုံးနေပါ့မယ်....။
*    ပြန်လာခဲ့ပါလို့  မတိုက်တွန်းတော့ချင်ပေမဲ့
      မင်းအတွက်တော့ ငါ့ရင်ထဲမှာ
      တစ်နေရာစာတော့ ကျန်နေဆဲပါ ချစ်သူရယ်.....။



                                                                                                 မျောက်ကလေး

Saturday, September 24, 2011

မြန်မာလို IT နည်းပညာ Ebook အမြောက်အများ ဒေါင်းလိုပါက ....


ယခု ယခု တင်ထားသော Ebook များ
တင်ထားသော Ebook များ

ခုတလောခေတ်စားလာနေတဲ့  Joomla website ပြုလုပ်ပုံ မြန်မာလိုနှင့် မိမိ...
အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓါန် By Creator ကိုသားလေး
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း By Creator ကိုသားလေး
3Ds Max ( AutoDesk ) like ( AutoCAD )
AutoCAD 2011 ( Installation & Change settings )
AutoCAD 2011 ( line ,erase , circle , copy )
AutoCAD 2009 (same 2010) Installation
AutoCAD Settings ပြင်ခြင်း ..
AutoCAD Learning Page in Myanmar
A+ စာအုပ် ( ဦးဇော်လင်း )
A+ စာအုပ် (မျိုးသူရ)
A+ ဗဟုသုတနှင့် ကွန်ပြူတာပြုပြင်နည်းများ ( အမြန်တတ်ချင်တဲ့သူတွေအတွက် )
Adobe Acrobat အသုံးပြုနည်းစာအုပ်
Adobe Pagemaker 7.0 စာအုပ်
Adobe Pagemaker နဲ့ မွေးနေ့ဖိတ်စာလုပ်နည်း ( professional နည်းပါ )
Auto Power Shutdown ( Software နှင့် အသုံးပြုနည်း ) by ပစ်တိုင်းထောင်
Acronis True Image Workstation Backup Software အသုံးပြုနည်း
Blog ကိုယ်ပိုင်ရေးပြီး ကိုယ့်ကဗျာတွေတင်မယ်ဆိုရင်
Bluescreen ပေါ်လာခြင်း အကြောင်းရင်း
BAT file သင်ခန်းစာ by ( ကိုသားလေး ; Our Admin )
C++ Programming စာအုပ်
C++ Programming စာအုပ် by ( ကိုသားလေး ; Our Admin )
CSS ရေးနည်း စာအုပ်
Computer Screen ကို လိုသလောက်ပဲ Print Screen ဖမ်းမယ် (Software)
Computer မ၀ယ်ခင် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်
CMS ( Content Management System ) စာအုပ် ( for Web Users )
Craagle Software ( Every Crack & Serial Finder & Very Useful )
Corel Draw Tutorial ( Video File )

Dream Weaver Tutorial ( WebPageသမားများအတွက်)
Deep Freeze ဘယ်လို သုံးကြမလဲ ( Ebook only )
Dolphin Installation Guide ( by Morris ) ( for Web Users )
မှားဖျက်မိတာပြန်ရှာတဲ့ Software ( Data Recovery )
Format အမျိုးမျိုးပြောင်းနိုင်စေဖို့ အတွက် software လေး ( eg. MP4,Mpeg,WMV to MP3,AVI,3GP )
Fruity Loop တီးနည်း ( for Hip Hop Music Creation )
Firewall အကြောင်းရေးထားတာလေးပါ။
Flash Song ပြုလုပ်ခြင်း( WYTU၏ flash song group မှ page ကို ပြန်လည်...
Flash Game ရေးနည်း မြန်မာလို

FaceBook တွင် Fan Page လုပ်ခြင်း
Folder Color Change တဲ့ Software
Gmail Gtalk လျှို့ ဝှက်ချက်လေးတွေ ( myanmar version) By Our Admin က...
Gmail Hacking ( password ခိုးနည်းမပါပါ )
Gmail, Facebook (all password hacking by sending mail ) Myanmar
Governer of Porker ( ဖဲရိုက်လို့တော်တော်ကောင်းတဲ့ Game )
Google Sketch Up
G Pass နဲ့ပေးမ၀င်တဲ့site တွေဝင်မယ်
Gmail ကို ကောင်းကောင်းသုံးတတ်သွားမယ့် Gmail Tips & Tricks
Hardware နဲ့ System အကြောင်း
Hard Disk Drive တွေ ပျက်ရခြင်း အကြောင်းရင်းများ
HTML ရေးနည်း by ကိုသားလေး : Our Admin
HTML ( latest Version ; But Big file size & More Better & M...
Hosting Sites ( eg.mediafire ; megaupload ) တို့မှ အချိန်စောင့်စရာမ...
Internet ပေါ်က threats များကို ကာကွယ်ရန်
Internet ပေါ်ကအားလုံး Download ဆွဲမယ် ( Internet Download Manager So... Updated
ICS ( Internet Connection Sharing ) Network ချိတ်နည်း
Java Learning ( မြန်မာလို )
Kaspersky offline update လုပ်နည်းစာအုပ်
Linux အကြောင်းမြန်မာလို
Mail Sever ( Using with VPOP .3 ) လမ်းညွှန်
Making Speed Up Ur Website
Mircrsoft Acess 2002 စာအုပ်
My SQL Installation & Usage Guide ( for Web users )
Microsoft Word & Excel 2003
Microsoft Visual Basic စာအုပ် by Blacbk
M&E Drawing Samples For AutoCAD Users
Multiple Installation ( Photoshop , Font , Pagemaker 7.0 , Microsof...
Networking စာအုပ် ( မျိုးသူရ )
Net Meeting 3.01 အသုံးပြုနည်း ( for Network )

Networking Knowledge ( 44 Pages )
Network အလွယ်ချိတ်မယ်
PhoXo ဆော့ဝဲလ်နှင့် အသုံးပြုနည်းစာအုပ်
PhotoShop 7.0 ( အခြေခံမရှိသူများစတင်လေ့ကျင့်ဖို့ )
Photoshop exercises from MMPHOTOSHOP.NET
Photoshop 2 Lessons ( စာရွက်လှန်သောပုံစံနှင့် တံဆိပ်ခေါင်းအတုလုပ်ခြ...
Photoshop Animation .gif file exercises
Photoshop Design Drawing ( for Designer )
ဖိုရမ်တခုတည်ဆောက်ပုံ ( phpbb forum website) မြန်မာလိုရေးထားတာ By Cr...
PHP စာအုပ် by ( ကိုသားလေး ; Our Admin )
Pdf Printer ( အင်တာနက်ကပေးမဒေါင်းတဲ့ ၀တ္တုစာအုပ်တွေ ကူးပစ်မယ် )
PHBB forum ဖန်တီးနည်း စာအုပ် ( for Web Users )
Remote Desktop အကြောင်းနဲ့ အသုံးပြုနည်း
SDLC ( software Depelopment Life Circle ) Knowledges ( for Web Users )
Silver Strip Installation Guide in Local Host ( for Web Users )
Small Home or Office Network (အိမ် ( သို့ ) ရုံးအသေးစားလေးမှာ Netwo...
Streaming Sever ( Networking )
Turbo C++ Programming စာအုပ်
Task Bar ကို မြန်မာမှုပြုမယ် ... ( Window XP only )
Ultrasurf ( Access Denied ဖြစ်တဲ့ဆိုဒ်တွေ ကျော်မယ် )
သူများစက်ထဲ stick ထိုးလိုက်တာနဲ့ .. သူ့ password တွေအကုန်သိတဲ့ ... ...
Virus အပျော်ရေးမယ်
Primary Hardisk ထဲက Data တွေကို အကုန်ဖျက်မယ့် Virus
Dangerous Virus တွေရေးမယ် ..
Vbulletin Cracked Version Installation Guide ( for Web Users )
Video Conferening sever အသုံးပြုနည်း ( Networking )
Windows Shortcut များ
Window XP, Vista , 7 တင်နည်းစာအုပ်
Window Password ဖျက်တဲ့ Software
Web Development Practise ( for Web Users )

Word Press စာအုပ် သုံးအုပ်စလုံး ... ( by Layeik , zuzu aung , mmwor...
ကိုကောင်ကလေးရဲ့ Blog Post များ
ကိုကောင်ကလေးရဲ့ Blog Post များ ( 2 )
ကိုကောင်ကလေး Blog Post ထဲက Virus အကြောင်းများ
MIRC chat အသုံးပြုနည်း မြန်မာလို
Flash Song (or) Flash Game ကူးနည်း .. ( လွယ်ကူပြီး software မလိုပါ )
Typing လေ့ကျင့်တဲ့ ဆော့ဝဲလ် ( သို့ ) ဂိမ်း
Mediafire ကိုဘလော့ခံထားရလို့ ဒေါင်းလို့မရရင် .. ဖြေရှင်းနည်း
Oxford Dictionary ( also can find IDIOM usage - Eng to Eng Dictiona...
Eng-Myanmar (or) Myanmar-Eng Dictionary
FLV/SWF to All Media file (eg. MP4,MP3,WMV,WMA,MPEG,AVI,3GP) ပြောင်...
HTML အကြောင်း Introduction
ကွန်ပြူတာအမေးအဖြေများ
Internet Download Manager ( Portable ; Full Version )
Flash Song & Game ကူးနည်း ( Full Screen မပေါ်သော၊သူများ Page ပေါ်...
Blog ရေးနည်း ( Blogger လုပ်မည့်သူများအတွက်စာအုပ်နှစ်အုပ် )
Flash Button လေးတွေ ( swismax 4 အတွက် ) by ကိုဂျွန်ဖြိုး
Flash Button Software ဖြင့်ပြုလုပ်နည်း ( for website decoration ) by ကိုဂျွန်ဖြိုး
ှScreen Capture Software ( သင်ခန်းစာ လုပ်လိုသူများအတွက် )
Photoshop CS5 Portable
Photoshop CS4 မြန်မာလို စာအုပ်
မိမိ Page ( web page ) မှာ Flash နာရီလေးတွေ ထည့်ရအောင်
Window XP တင်ထားတဲ့သူတိုင်း တက်တဲ့ Error ကိုဖြေရှင်းမယ်
Firefox သုံးတဲ့သူတွေ ကွန်နှစ်ဆမြန်အောင်လုပ်မယ် .. ( ကျွန်တော်အာမခံသ...
Photoshop CS 1+2+3+4+5 ( Portable ) Stick ထဲထည့်ပြီး အင်တာနက်ဆိုင်တိုင်းမှာ သုံးလို့ရသွားတာပေါ့နော် .. သူငယ်ချင်းများ
PDF to Microsoftword Coverter Softwares
ဓာတ်ပုံများကို အရည်အသွေးမပျက်စေပဲ ပုံကြီးချဲ့တဲ့ Software ( For Pho...
စောက်ရမ်းလန်ထွက်တဲ့ Window Theme ( for EVERY WINDOW )
Nitro PDF Converter ( PDF to Microsoft Word & Excel & Jpeg ...

Requested Ebook ( English Version only )

Adobe Photoshop CS3&CS4 Tutorial
IUAT Software & User Manual





Tuesday, September 20, 2011

Present for Love

ချစ်သူနှစ်ဦး ၏ အပြန်အလှန် လက်ဆောင် ပေးတက်စေဖို့♥

( ကိုယ့်ကို အမြဲ သတိရနေပါ )
အလှစိုက်သစ်ပင် ———- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဦးထုပ် ———- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
(မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် )
စက္ကူ ကြိုးကြာရုပ် တစ်ထောင် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင်——– မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
(ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ )
မီးခြစ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ပြာခွက် —- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
( အနေဝေးလို့ မေ့မသွားနဲ့နော် = ရက်လရှည်များခွဲခွါရရင် )
ဒိုင်ယာရီစာအုပ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဘောလ်ပင် —– မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
(ဂုဏ်ယူပါတယ် =ချစ်သူ၏ အောင်မြင်မှု့ တစ်ခု အတွက် )
ဓာတ်ပုံမှန်ဘောင်လှလှလေး —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဝိုင်ပုလင်း —– မိန်းကလေးမှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
(လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ =ငိုကြွေးခဲ့သော ကာလ များ ပြီးဆုံးပြီ )
လက်ကိုင်ပုဝါ —– ယောကျာင်္းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
စားပွဲတင်ပြက္ခတိန် —– မိန်းကလေး မှယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
(ချစ်သူကိုစိတ်ဆိုးပြေအောင်ချော့တဲ့ အခါ )
အ၀ါရောင်ပန်းပွင့် ပန်းစည်း —-ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သီချင်းဓာတ်ပြာ အယ်ဘမ်—– မိန်းကလေးမှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
(ကွယ်ရာမှာ သစ္စာမ ဖောက်နဲ့နော် )
ကြည့်မှန်သေး —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သော့ချိတ်လေး —– မိန်းကလေးမှယောကျာင်္လေးသို့ လက်ဆောင်ပေးရန်
( လက်ထပ်ချင်ပြီ )
လက်စွပ်တစ်ကွင်း —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
လက်ပတ်နာရီ —– မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
( ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ )
နှုတ်ခမ်းနီ ဆိုးဆေး—– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
အင်္ကျီ အ၀တ်အစား —–မိန်းကလေး မှ ယောကျာင်္းလေးသို့ လကိဆောင်ပေးရန်
(တို့နှစ်ယောက် အချစ် တည်တံ့ခိုင်မြဲ ပါစေ )
ဖဲ ကြိုးလှလှလေးချည်ထားတဲ့ပန်းစည်း —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ချောကလက်ဘူး —– မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
( ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲဖြစ်နေရင် )
အမွှေးပွပွ ၀က်ဝံရုပ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့လက်ဆောင်ပေးရန်
ရေမွှေး ပုလင်း —– မိန်းကလေး မှယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
ဒါလေးကို ဖတ်ပြီ: သူငယ်ချင်း အပေါင်းတို့လည်း ချစ်သူနဲ့
အစဉ်ပြေချောမွေ့ပါစေ လို့ ဆုတောင်း လိုက်ပါတယ်.....


Monday, September 19, 2011

ထေရ၀ါဒ တို့ တိုင်းပြည်

ခံစားကြည့်ပါ သူငယ်ချင်း....

''အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင် အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော
ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

>>"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြော တော့ မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

>>> "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"

သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....

>>>"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
>>> "ဟား....သရဲဖြစ်ရတာပျော်လား"
>>> "ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
>>> "ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက
ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

>>> "ကျွန်မ အခုဘာလုပ်နေလဲ"

တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး.

>>> "တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
>>> "ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
>>> "ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"

တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

>>> "ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
>>> "အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
>>> "ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
>>> "အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
>>> "ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
>>> "အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
>>> "ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီ ဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ" စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင် ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု
ဖြစ်လာခဲ့သည်။

>>> "ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
>>> "ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
>>> "ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။

>>> "ခင်ဗျားက ထူးခြားတယ်"
>>> "ဘာဖြစ်လို့လဲ"
>>> "ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
>>> "ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"

သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာ ကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မ ကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်း ပေါ်လာသည်။

>>> "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသောသူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

>>> "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"

ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။

>>> "ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား"

ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။

>>> "ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
>>> "တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
>>> "ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေး နှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာခင်ဗျားသောက်နေ ကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကိုခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်
တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကိုသူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီးသူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းကစောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်
မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

>>> "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"

ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင် ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်..

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေး ကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီးကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက် ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

>>> "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"

သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

>>> "နည်းနည်းတော့ ကြောက်မိပါတယ်"

ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

>>> "ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
>>> "အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
>>> "အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
>>> "အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
>>> "မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"
>>> "မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင် ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"
>>> "ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"
>>> "သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့ တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

>>> "ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"
>>> "ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်"

ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

>>> "ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"

မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မ မြင်ယောင်ကြည့်မိသည်။

>>> "ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။

>>> "ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"

ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။

>>> "ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"
>>> "... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက
ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

>>> "ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။

>>> "တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"
>>> "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေကဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"
>>> "နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"
>>> "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။ လေးထောင့်အခန်း......... ခန္ဓာကိုယ်....

>>> "နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
>>> "ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

>>> "ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ.လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"
>>> "ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

>>> "မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

>>> "ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"
>>> "ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
>>> "ဟုတ်တယ်"
>>> "၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
>>> "ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။
>>> "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

>>> "ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

>>> "ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"
>>> "ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

>>> "ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။
မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်
ခြေအစံကို ရပ်လိုက်သည်။

>>> "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

>>> "ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

>>> "ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
>>> "ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။

>>> "ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
>>> "တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။

>>> "မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"

ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။

ပြီး..

ဝေးကွာနေတဲ့ချစ်သူတွေ ပြန်ဆုံဆည်းနိုင်ကြပါစေ။....................(နှင်းဆီနက်

IDM 6.07 ကိုဘာမှမလိုပဲ လွယ်လွယ်လေး free သုံးမယ်

ပထမဆ
ုံး IDM6.07ကို အရင်ဒေါင်းလိုက် ။ ပြီးရင် run လိုက်ပါ။ crack ဖိုင်လေးကို " c:\program files\internet download manager\" လေးထဲသို့ထည့်လိုက်ပါ။ crack ဖိုင်လေးကို ဖွင့်လိုက်ဦးနော်။ ပြီးရင် IDM ကို run လိုက်ပါ။
ကီးတောင်းလာရင် အောက်က နာမည်တွေနဲ့ထည့်ပေးလိုက် ။ မေလ်းနာမည်တော့ ကိုယ့်မေလ်းနာမည်ကို ထည့်လိုက်လည်းရပါတယ် ။ မရွေးပါဘူး ။

 First Name www.learnhackz.blogspot.com
Last Name  :www.idmhere.blogspot.com
Email      :    ကြိုက်ရာ email ထည့်ပါ
Serial: ကြိုက်ရာတစ်ခုရွေးပါ:

G0GO7-2ZC9V-YOKZ9-RQ43V
0FXRK-WD9SE-MSPWB-MVCDF
N23WZ-BCAQP-9EDSJ-RRSFR
RXNSZ-SQENL-OZJRP-4Q0XY
S0NNN-QF4VZ-XYY2K-RHFAX
N4VSN-WGO4L-3KDYE-WGSGZ
XUVSX-8I35G-8L4K1-EMZUA
Q2PR0-Y5BUG-YR5XW-UACA8
ZEA9K-7BEFD-UFB1M-MN0WV
AGF44-ACVVE-8T6J6-UUU0S
42SJM-490JF-TD6TW-YVUWC
80582-LI690-E8Q43-5H2DU
BTYFC-8ND8O-YAT70-48DUY
V853J-VX4EG-KE44J-46KK4
       ကျွန်တော်တော့ ဒီလောက်လေးတင်နဲ့အဆင်ပြေသွားပြီ ။ တကယ်လို့ တစ်ခြား Version ကို ကြိုက်တယ် ။ ကျန်တာလည်း လေ့လာချင်သေးရင်တော့ မူရင်းလင်ခ့်ကိုလည်း မျှပေးလိုက်ပါတယ် ။

            http://www.learnhackz.blogspot.com/

            http://www.idmhere.blogspot.com/


 

Ulead Photo Impact (Photoshop ကိုစတင်လေ့လာသူတွေအတွက် အချိန်ကုန်သက်သာစေရန်ဖြစ်ပါတယ်)

Ulead Photo Impact x3 အပိုင်း (၁)


Ulead Photo Impact
ဆော့ဝဲလေး အရင်ဒေါင်းလိုက်ကြရအောင်နော်....


Software လေးများကို ဒေါင်းလောင်းလုပ်ပြီးလျှင်
ကီးဂျင်ကို ဖွင့်ကာ ကီးများကို ကော်ပီယူပြီးမှ photoimpact x3 exe ကို စရမ်းပါ...

ရမ်းလို့ရလာသော အခါ မိမိ စက်ထဲမှ photoimpact x3 exe လျှော့ကတ် လေးကို ရမ်းလိုက်လျှင် အောက်က ပုံပါ အတိုင်းတွေ့ ရမှာ ဖြစ်ပါတယ်...

ဒါဆိုရင် မျိုးတို့ photoimpact x3 exe ရမ်းက အိုကေပါပြီ။

ကဲပုံလေးတွေကို ဘယ်လို လုပ်မယ် စလိုက်ကြရအောင်နော်....

အပိုင်း (၁)
သူရဲ့ လုပ်ဆောင် ချက်တွေ အများကြီးထဲမှ တစ်ခုကို အရင်တင်ပြပါ့မယ်....
ပုံရဲ့ ညာဘက် မှာ EesyPalette - Fill (Ready-Only) ဆိုတာကို တွေ့ ၇မှာဖြစ်ပါတယ်...
EesyPalette - Fill (Ready-Only) အောက်မှာ ပုံကို လုပ်ဆောင်ပေးနိုင်တဲ့ Box လေးပါ။
ဖို့တိုလျှော့လုပ်ဆောင်လေးနဲ့ တူတဲ့ဘောက်စ်လေးက ဘယ်ဘက်ဘေးမှာ ရှိပါတယ်...

ဒါလေးတွေ သိထားပြီးပြီ ဆို မျိုးတို့ Easy Palette နဲ့ စလုပ်ကြရအောင်။

Easy Palette ဆိုတာ တစ်ကယ်နာမည်နဲ့လိုက်အောင် လွယ်ကူစွာ effect အားလုံးကို Double- click ပေးရုံဖြင့် လုပ်ဆောင်ပေးပါတယ်၊ ဘယ်ဓါတ်ပုံပြင် Software မှာမှ မပါဝင်တဲ့ Ulead ရဲ့ အားသာချက်လေးဖြစ်ပါတယ်။

File Open ဖြင့် ဓါတ်ပုံ တစ်ပုံကို ဖွင့်လိုက်ပါ၊

ပုံလေးကို ဖွင့်ပြီးပြီဆိုရင် Easy Palette ထဲမှ Specail effects> Cool Blue ကို Double Click လုပ်ပေးလိုက်တာနဲ့ ပုံလေးက အရောင်ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ ထိုနည်းတူပဲ အခြား အရောင်လေးများကို လည်း ကလစ်ကြည့်ကာ အသုံးချကြည့်ပါ။
မကြိုက်နှစ်သက်လျှက် Back လုပ်ရန် အပေါ်မှာ မြှားလေးနှင့် ပြန်လည် Back ကာ မူလ ပုံသို့ ပြန်ရောက်နိုင်ပါသည်။
ပုံ ကိုကြည့်ပါ...


မိမိကြိုက်နှစ်သက်သလို အရောင်များ လွယ်ကူစွာရွေးချယ် ပြီး ပြီးလျှင် မိမိကွန်ပျူတာ ထဲတွင် လိုသလို သိမ်းထားနိုင်ပါပြီ။
(မိမိ ပြုလုပ်ပြီးသော ပုံများကို မကြိုက်နှစ်သက်လျှင် Attribute Toolbar က Undo ကို Click လုပ်ပြီး နောက်ကိုပြန်သွာုးလို့ရပါတယ်၊ Penals တွေထဲက Quick command panel- History မှာ မိမိလုပ်ခဲ့သမျှကို ၂၅ ထိမှတ်ထားပေးပါတယ်၊ Scrow bar

Tuesday, September 13, 2011

Windows 7 ကိုကိုယ်တိုင်တင်ကြရအောင်





မိမိရဲ့ ကွန်ပျူတာကို မိမိကိုယ်တိုင် Windows တင်တက်ဖို့ဆိုတာဟာ ကွန်ပျူတာတစ်လုံးကို လက်ဝယ်မှာကိုင်
ပြီးတော့သုံးနေတဲ့ သူတိုင်းအတွက်လိုအပ်တာ အမှန်ပါပဲ..ဒါကကျွန်တော်က ယေဘူယျအားဖြင့် ပြောပြတာပါ
ကွန်ပျူတာ ကိုကိုင်တွယ်အသုံး ပြုနေရတဲ့သူတိုင်း အတွက် Windows တင်တာလောက်ကိုတော့သိထားသင့်
တာအမှန်ပါပဲ..ဒီနေရာမှာ ကျွန်တော်တစ်ခု ကြိုပြီးတော့ပြောချင်တာက ဘယ်ကိစ္စကိုမဆို မလုပ်ခင်ထဲကအဆိုး
ဘက်ကိုကြို ပြီးတော့တွေးမထားစေချင်ပါဘူး..သူတောင်လုပ်လို့ အဆင်ပြေရင်ကိုယ်လဲ လုပ်လို့အဆင်ပြေရမှာ
ပဲဆိုတဲ့အသိလေးတော့ လူတိုင်းရှိစေချင်ပါတယ်..ကျွန်တော်အခု Windows တစ်တစ်ခုကို မိမိတို့ကိုယ်တိုင်အ
လွယ်တကူ တင်တက်သွားအောင် အပိုင်း ( ၃ ) ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်..ကျွန်တော်အခုပို့စ်လေးမှာတော့
Windows 7 တင်နည်းကိုအခြေခံပြီးရေးပေးသွားပါမယ်..ကျွန်တော်

၁.Windows မတင်ခင်ဘာတွေလုပ်သင့်လဲ ?
၂.Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?
၃.Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?  ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီးရေးပေးသွားပါမယ်..

Windows  မတင်ခင်ဘာတွေလုပ်သင့်လဲ ?

ကျွန်တော်တို့ Windows တစ်ခုမတင်ခင်အရင်ဆုံး ဘာတွေလုပ်သင့်လဲဆိုတာကို ကျွန်တော်အခုပြောတဲ့နည်း
အတိုင်း လိုက်လုပ်ပါလို့ မဆိုလိုပါဘူး ..မိမိတို့စိတ်ကြိုက် လုပ်နိုင်ပါတယ်.ကျွန်တော်က အဆင်ပြေမယ်ထင်တဲ့
နည်းလမ်းလေးတွေကို ပြန်ပြီးတော့ မျှဝေပေးခြင်းသာဖြစ်ပါတယ်..Windows တစ်ခုတင်တော့မယ်ဆိုရင်အရင်
ဆုံးသိထားသင့်တာက မိမိတို့မှာ Windows CD ခွေတစ်ခွေမဖြစ်မနေလိုအပ်ပါတယ်..Windows ခွေမရှိသေးတဲ့
သူတွေကတော့ အောက်ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Selections များမှာသွားပြီး
ဒေါင်းလော့ချလိုက်ပါ..မိမိတို့စိတ်ကြိုက် Windows အမျိုးအစားကိုရွေးချယ်ပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ

 ဒီလင့်လေးကနေသွားပြီးဒေါင်းလော့ချလိုက်ပါ


Windows ISO ခွေကိုဒေါင်းလော့ချ ပြီးပြီဆိုရင်တော့ မိမိတို့ ဒေါင်းလော့ချထားတဲ့ ISO ဖိုင်ကို Ultra ISO ကိုအ
သုံးပြုပြီး CD / DVD နဲ့ဘယ်လိုပြန်ပြီးတော့ Burn ရမယ်ဆိုတာကိုတော့အောက်ကလင့်မှာ ရှင်းပြပေးထားတာ
ရှိပါတယ်..

ဒီလင့်ကနေသွားကြည့်လိုက်ပါ 

နောက်တစ်ချက်က  Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ မိမိတို့ရဲ့ Destop ပေါ်မှာရှိတဲ့ ဖိုင်တွေ ၊ ပုံတွေ
Shortcut တွေ ၊ပြီးရင် Libraries ထဲမှာရှိတဲ့ Documents ထဲက Google Talk Received Files ထဲမှာရှိတဲ့
တဲ့ဖိုင်တွေ ၊ ပြီးရင် Favorites ရဲ့ Download ထဲမှာရှိတဲ့ မိမိတို့ဒေါင်းလော့ချထားပြီးသီးသန့်သိမ်းမထားတဲ့ဖိုင်
တွေ ၊ ပုံတွေ ၊ Movie တွေ အကုန်လုံး Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ အကုန်လုံးပျောက်သွားမှာဖြစ်ပါ
တယ်..မိမိတို့အနေနဲ့ Windows တစ်ခုတင်တော့မယ်ဆိုရင် မိမိတို့အသုံးလိုတဲ့ ဖိုင်တွေသိမ်းပြီးမပြီး စစ်ပေးဖို့လို
ပါလိမ့်မယ်..






နောက်တစ်ချက်ကတော့ Windows တစ်ခုမတင်ခင် အရင်ဆုံးမိမိတို့ ရဲ့ကွန်ပျူတာမှာဝင်ဒိုးတင်ပြီးရင်တင်ဖို့
လိုမဲ့ Application Software တွေကို တစ်စုတစ်စည်းထဲသိမ်းဆည်း ထားဖို့လိုပါလိမ့်မယ်..Windows တင်ပြီးမှ
လိုအပ်တဲ့ ဆော့ဝဲလ်တွေလိုက်ရှာနေတာထက် အရင်ဆုံး လိုအပ်တာတွေကိုစုပြီး တစ်စုတစ်စည်းထည်းသိမ်းပြီး
ထားတာကပိုပြီး အဆင်ပြေပါလိမ့်မယ်..ကျွန်တော်အခုအောက်မှာ Windows တင်ပြီးရင် အဓိကလိုအပ်မဲ့ဆော့
ဝဲလ်တွေကိုတင်ပေးထားပါတယ်…မိမိတို့ရဲ့ကွန်ပျူတာမှာ မရှိသေးဘူးဆိုရင်အရင်ဆုံး ဒေါင်းလော့ချပြီး ဖိုဒါတစ်
ခုနဲ့သိမ်းထားလိုက်ပါ ဒါဆိုရင် Windows တင်ပြီးတဲ့အခါ အလွယ်တကူရှာဖွေ ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်..
အချိန်ကုန်မြန်တာပေါ့ဗျာ..

Zawgyi-One and Unicode Font

Zawgyi-One and Unicode Font ကိုဒီအောက်ကလင့်မှာ Install လုပ်နည်းနဲ့ပါတင်ပေးထားပါတယ်..

ဒီလင့်ကနေသွားလိုက်ပါ..


Adoble Reader 




ဒီကောင်ကတော့ ကျွန်တော်တို့ PDF File နဲ့ရေးထားတဲ့ E-Book တွေကိုအလွယ်တကူဖတ်ရှုနိုင်ဖို့အသုံး
ပြုပါတယ်..

Download Adoble Reader


Adoble Flash Player




ဒီကောင်ကတော့ ကျွန်တော်တို့ U-Tube မှာတင်ထားတဲ့ Video File တွေ Flash File တွေကိုအလွယ်တကူ
ကြည့်နိုင်ဖို့အတွက်လိုအပ်ပါတယ်..


Download  Adoble Flash Player


Adobe AIR 2.7.1




Download  Adoble Air

Adoble Shockwave Player


 

 Download  Adoble Shockwave Player

Players 


Video File တွေ Mp 3 ဖိုင်တွေကိုဖွင့်ဖို့အတွက်လိုအပ်တဲ့ Player တွေကိုတော့အောက်မှာတင်ပေးထားပါ
တယ်..မိမိတို့လိုအပ်တာကို ရွေးပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ..


JetAudio Download 


Gom Player and Skin Download 

VLC Media Player Download
  
windows media player Download

RealPlayer Portable Download
WinRAR 

ကျွန်တော် လိုအပ်တဲ့ဆော့ဝဲတွေပဲဖြစ်ဖြစ် စာအုပ်တွေကိုပဲဖြစ်ဖြစ် Internet ပေါ်ကနေဒေါင်းလော့ချတဲ့အခါ
အများစုကို WinRAR သုံးပြီးတော့ချုပ်ထားတာများပါတယ်..ဒါကြောင် winrar ဖိုင်တွေကိုအလွယ်တူဖြည်နိုင်
ဖို့အတွက် Winrar မိမိတို့ရဲ့စက်မှာရှိထားသင့်ပါတယ်..

WinRAR Download


Browser

ကျွန်တော်တို့မိမိတို့ ကြည့်ချင်တဲ့ Website တွေကိုအလွယ်တကူကြည့်နိုင်ဖို့အတွက် Browser တွေကို
အသုံးပြုပါတယ်..


Firefox  Download

Chrome Download


Chat 

 အင်တာနက်ပေါ်မှာ မိတ်ဆွေသူငယ်ချင်းများ မိသားစုများ တစ်ဦးနှင့်တစ်ဦး နေရာဒေသဝေးကွာနေသော်
လည်းအလွယ်တကူ ဆုံးတွေနိုင်ဖို့အတွက် G-talk , Vzo ,Skype တို့ကိုအသုံးပြုကြပါတယ်..ကျွန်တော်လိုအပ်
တဲ့သူတွေအတွက်အောက်မှာစုပြီးတင်ပေးထားပါတယ်..


G-talk Download

vzoChat  Download 


Skype Download

နောက်တစ်ခုကတော့ Firefox အသုံးပြုတဲ့သူတွေအတွက် Firefox Bookmark  မှာမိမိတို့ မှတ်သားထားတဲ့
လင့်တွေပျောက်မသွားအောင် ဘယ်လို Backup လုပ်ရမယ်ဆိုတာကိုတော့ အောက်ကလင့်ကျွန်တော်ရှင်းပြ
ပေးထားတာရှိပါတယ်..

ဒီလင့်ကနေသွားပြီးကြည့်လိုက်ပါ.. 

နောက်တစ်ချက်ကတော့  Windows တင်မဲ့ Partation ကိုအရင်ဆုံး မှတ်ထားပေးဖို့လိုပါလိမ့်မယ်..ဘာလို့လဲ
ဆိုတော့ ကျွန်တော်ကြုံ ဖူးလို့ပါ။ Windows တင်လာလိုက်တာ မိမိတို့ Windows တင်မဲ့ Partation ကို Format
ရိုက်ခါနီးကျမှဘယ် Partation ကို Format ချရမှန်းမသိလို့အစကနေပြန်ပြီးတော့ တင်ရတာမျိုးရှိလို့ပါ.ဒါကြောင့်
Windows မတင်ခင် မိမိတို့ Format ရိုက်မဲ့ Partation ရဲ့ Disc Space ကိုမှတ်ထားလိုက်ပါ..ဒါဆိုရင် Format
ချတော့မယ် ဆိုရင်မိမိတို့ Format ချချင်တဲ့ Partation ကိုအလွယ်တကူရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်..




Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?

အပေါ်ကအတိုင်းပြင်ဆင်ပြီးပြီ ဆိုရင်တော့ Windows 7 ကိုအလွယ်တကူတင်တက်သွားအောင် Windows
တင်နည်းအဆင့်ဆင့်ကို အောက်မှာပုံလေးတွေနဲ့ ဆက်ပြီးရှင်းပြပေးထားပါတယ်..

Windows XP နဲ့ Windows Vista တင်နည်းစာအုပ်တွေကိုလဲအောက်ကလင့်တွေမှာတင်ပေးထားတာရှိ
ပါတယ်..လိုအပ်တဲ့သူတွေကတော့အောက်ကလင့်တွေမှာသွားပြီးဒေါင်းလော့ချလိုက်ပါ..

ဒီလင့်ကနေသွားပြီးဒေါင်းလော့ချလိုက်ပါ..

ကျွန်တော် Bios ထဲက Advanced  Bios Setting ကိုသွားပြီး  Boot Setting ကိုကြေငြာပေးဖို့လိုပါတယ်.

First boot device = CD ROM
Second boot device=Hard Disk

Third boot device=Disable


ဆိုပြီးကြေငြာပေးထားဖို့လိုအပ်ပါတယ်..ဒါမှသာ Computer စဖွင့်ဖွင့်ခြင်း Post လုပ်ငန်းစဉ်ပြီးလို့ Bios ကိုစစ်
တဲ့အခါမှာ First Boot က CD ROM လို့ကြေငြာပေးထားတဲ့ အတွက် CD ROM ကအလုပ်လုပ်ပါလိမ့်မယ်..
အခုလိုမကြေငြာပေးဘူးဆိုရင် CD ROM က Windows ခွေကိုမဖတ်ပဲ အရင် Windows ပြန်တက်လာပါလိမ့်
မယ်..Boot Setting ကိုဘယ်လိုကြေငြာပေးရမလဲ ဆိုတာကိုတော့ကျွန်တော်အောက်မှာရှင်းပြပေးထားပါ
တယ်..


အရင်ဆုံး မိမိတို့ကွန်ပျူတာကို Restart ချလိုက်ပါ..Windows ပြန်တက်မလာခင် Key Board မှ Delete Key 
ဆက်တိုက်နှိပ်ထားလိုက်ပါ..ဒါဆိုရင်ကျွန်တော်တို့ BIOS ထဲကိုရောက်သွားပါလိမ့်မယ်..အောက်မှာပုံနဲ့
တော့ပြပေးထားပါတယ်..Mother Board တစ်ခုနဲ့တစ်ခု တူမှာမဟုတ်တဲ့ Bios Setting ပုံစံချင်းလဲတူမှာမဟုတ်
ပါဘူး..အောက်ကပုံမှာပြထားတာနဲ့မတူရင်တောင် ပြောထားတဲ့အဆင်အတိုင်းသွားပြီးလုပ်ကြည့်လိုက်ပါ..

BIOS Setting ထဲကိုရောက်ပြီဆိုရင် အရင်ဆုံး  Advanced  Bios Setting ကိုဝင်လိုက်ပါ..ပြီးရင်အပေါ်မှာပြော
ခဲ့သလိုပဲ



First boot device = CD ROM
Second boot device=Hard Disk
Third boot device=Disable
                 ကိုပြောင်းပေးလိုက်ပါ..ပြီးရင် Key Board မှ F10  ကိုနှိပ်ပြီး Save


လိုက်ပါ.. ပြီးရင်ကွန်ပျူတာကို Restart ချပေးလိုက်ပါ..







ကျွန်တော်တို့ Windows 7 ကိုစပြီး Install လုပ်ပါတော့မယ်..အရင်ဆုံး Windows ခွေကိုထည့်လိုက်ပါ..ပြီးရင်
မိမိတို့ကွန်ပျူတာကို Restart ချပေးလိုက်ပါ..ပြီးရင်ဆက်လုပ်ရမဲ့အဆင့်တွေကိုတော့အောက်မှာပုံလေးတွေ
နဲ့ဆက်ရှင်းပြပေးထားပါတယ်..
( ၁ ) အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Keyboard မှာကီးတစ်ခုခုကိုနှိပ်လိုက်ပါ..



( ၂ )



( ၃ )


( ၄ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် မိမိတို့စိတ်ကြိုက် Language ကိုရွေးပေးလို့ရပါတယ်..English ပဲ
ရွေးမယ်ဆိုရင် Next ကိုဆက်ပြီးပေးလိုက်ယုံပါပဲ..



( ၅ )



( ၆ )



( ၇ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် I accept the licnense terms ကို အမှန်ခြစ်ပေးပြီး Next ကိုဆက်ပြီး
သွားလိုက်ပါ..



( ၈ ) အောက်ကပုံမှာ Upgrade နဲ့ Custom ဆိုပြီးရွေးခိုင်းထားတာရှိပါတယ်..Upgrade ဆိုတာကတော့ကျွန်
တော်တို့ အနေနဲ့ အနိမ့်ကနေ အမြင့်ကိုပြောင်းပြီးလုပ်မယ့်သဘောကိုရွေးခိုင်းတာပါ.ဥပမာ – မိမိတို့
လက်ရှိသုံးနေတဲ့ Windows Vista ကနေ Windows 7 ကိုပြောင်းပြီးတော့ သုံချင်တယ်ဆိုရင်ရွေးပေးဖို့
လိုပါတယ်..ကျွန်တော်တို့က Windows အသစ်တင်မှာဖြစ်တဲ့အတွက် Custom ကိုရွေးပေးလိုက်ပါ..



( ၉ ) အောက်ကပုံမှာ ပြထားတဲ့အဆင့်ကိုရောက်ရင်တော့နည်းနည်းသတိထားစေချင်ပါတယ်..တကယ်
လို့ ကျွန်တော်တို့က Partation ကိုမှားပြီး Format ရိုက်ပြီး Windows တင်မိပြီဆိုရင် Format ရိုက်လိုက်
တဲ့ Partation ထဲမှာရှိတဲ့ Data တွေအားလုံးဆုံးရှုံးမှာဖြစ်ပြီး အရင်တင်ထားတဲ့ Windows ကလဲတစ်ခြား
Partation တစ်ခုမှာရှိနေမှာဖြစ်တဲ့အတွက် Windows နှစ်ခုတင်မိသွားပါလိမ့်မယ်..ဒါကြောင့်ကျွန်တော်
ကအပေါ်မှာထဲက မိမိတို့ Format ချမဲ့ Disc Space ကိုမှတ်ထားခိုင်းတာဖြစ်ပါတယ်..



( ၁၀ ) အောက်ကပုံအတိုင်း မိမိတို့ Windows Setup ဖိုင်ကိုထားမဲ့ Partation ကိုရွေးလိုက်ပါ။
ဥပမာ – ကျွန်တော်တို့က Partation 2 ကို Format ချမယ်ဆိုရင် Partation 2 ကိုရွေးလိုက်ပါ..ပြီးရင်ပုံ
မှာပြထားတဲ့အတိုင်း  Drive options ( advanced ) ကိုကလစ်ပေးလိုက်ပါ..။



( ၁၁ ) ပြီးရင်အောက်ကပုံအတိုင်း Format ကိုကလစ်ပြီး Format ရိုက်ပေးလိုက်ပါ..ပြီးရင် Next ပေးလိုက်ပါ..




( ၁၂ )  အောက်ပုံအတိုင်း ဖိုင်တွေကိုဖျက်မှာလားလို့မေးပါလိမ့်မယ်.. OK ပေးလိုက်ပါ..ပြီးရင်အောက်မှာပြ
ထားတဲ့ ပုံတွေအတိုင်းပဲ ဆက်လုပ်သွားပါလိမ့်မယ်..



( ၁၃ )



( ၁၄ ) အောက်ကပုံအတိုင်း ၆ စက္ကန့်စောင့်ပြီးတာနဲ့ Restart ကျသွားပါလိမ့်မယ်..ပြီးရင် Windows တက်လာ
ပါလိမ့်မယ်..



( ၁၅ )



( ၁၆ )



( ၁၇ )



( ၁၈ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့  Type a user name နေရမှာမိမိတို့ ကွန်ပျူတာရဲ့အမည်
ကို မိမိတို့ထားချင်တဲ့နာမည်ကိုရိုက်ထည့်ပေးလိုက်ပါ..ပြီးရင် Next ကိုသွားလိုက်ပါ..


( ၁၉ ) အောက်ကအဆင့်ကိုရောက် ပြီဆိုရင်တော့ ကျွန်တော်တို့က Password ပေးခဲ့လိုက်ရင်တကယ်လို့
မိမိတို့ ကကွန်ပျူတာကို Restart ချပြီးလို့ပြန်ဝင်တဲ့အခါမှာ Administrator Password အဖြစ်အခုပေး
ထားတဲ့ Password ကိုပြန်ရိုက်ထည့်ပေးဖို့လိုပါလိမ့်မယ်..Password မပေးခဲ့ပဲ Next ပေးလိုက်ရင်လဲ
ရပါတယ်..နောက်မှ Control Panel >>  User account  ans family safety ထဲက User Account မှာသွား
ပြီးပေးရင်လဲရပါတယ်..



( ၂၀ ) Product Key  နေရာမှာတော့ ကျွန်တော်တို့က ပြန်ဘမ်းထားတဲ့အခွေကိုသုံးမှာဖြစ်တဲ့အတွက်အကုန်
လုံးပြီးတော့မှ Windows Active ဖြစ်ဖို့အတွက် Windows Loader တစ်ခုခုသုံးလိုက်ရင်အဆင်ပြေသွား
ပါလိမ့်မယ်..Genuine Windows 7 DVD ၀ယ်သုံးတဲ့သူတွေကတော့ Genuine Windows 7 DVD မှာပါ
လာတဲ့ Product Key ကိုထည့်ပေးလိုက်ပါ.. Product Key မရှိတဲ့သူတွေကလဲ Automatically activate
Windows when  I’m online ကို အမှန်ခြစ်ပေးပြီး Next ကိုပေးလိုက်ပါ..



( ၂၁ ) အင်တာနက်နဲ့သုံးတဲ့ သူတွေအတွက်တော့ မိမိတို့ရဲ့ Windows ကိုအမြဲတမ်း Update လုပ်ပေးနိုင်ရင်
ပိုပြီးတော့ကောင်းပါတယ်..  Use recommended setting ကိုရွေးပြီးသုံးရင်တော့ ပိုပြီးကောင်းပါတယ်..
အင်တာနက်မရတဲ့သူတွေကတော့  Ask me later  ကိုသာရွေးလိုက်ပါ..



( ၂၂ ) မိမိတို့လက်ရှိ ရောက်ရှိနေတဲ့နေရာရဲ့အချိန်ကိုရွေးလိုက်ရင်တော့ ပိုပြီးတော့ကောင်းပါတယ်..ဒီမှာ
ရွေးပေးခဲ့တဲ့ အချိန်ကကျွန်တော်တို့ကွန်ပျူတာ မှာပြပေးနေမှာဖြစ်ပါတယ်..



( ၂၃ ) ဒီအဆင့်မှာတော့ မိမိတို့အသုံးပြုမဲ့ Network ကိုရွေးပေးလိုက်ပါ..မိမိတို့လက်ရှိသုံးနေတဲ့ Network အ
မျိုးအစားကိုလိုက်ပြီး ရွေးပေးလိုက်ယုံပါပဲ..အင်တာနက်မရှိတဲ့ ကွန်ပျူတာတွေကတော့ Network
တစ်ခုခုကိုရွေးပေးလိုက်ပါ..



( ၂၄ )



( ၂၅ )



( ၂၆ ) ဒါဆိုရင်တော့ Windows 7 Installation လုပ်ခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်..




Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?


Windows တင်ပြီးရင်အရင်ဆုံး လုပ်ရမှာကတော့ မိမိတို့ Windows က Active ဖြစ်မဖြစ်ကိုကြည့်ဖို့လိုပါလိမ့်
မယ်..တကယ်လို့ မိမိတို့ Windows က Active မဖြစ်သေဘူးဆိုရင် Windows Loder တစ်ခုခုသုံးပြီး Active
လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..

အရင်ဆုံး Windows Active ဖြစ်မဖြစ်ကို သိချင်တယ်ဆိုရင်အောက်မှာဖော်ပြထားတဲ့နည်းလမ်းလေးအတိုင်း
သွားပြီးကြည့်လိုက်ပါ..အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ..ပြီးရင်  Properties ကိုသွား
လိုက်ပါ..ပြီးရင် Windows activation မှာကြည့်လိုက်ပါ..You must active today.Active windows now လို့ ပြနေ
ရင် Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..ကျွန်တော်အောက်မှာ Windows Active လုပ်ဖို့အတွက်
Windows Loader တွေတင်ပေးထားပါတယ်..မိမိတို့တင်ထားတဲ့ Windows က Active ဖြစ်ပြီးသားဆိုရင်တော့
Active လုပ်ပေးစရာမလိုပါဘူး..


အောက်ကပုံအတိုင်းပြနေပြီဆိုရင်တော့ Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..

အောက်ကပုံကတော့ Windows Active ဖြစ်နေတာကိုပြနေတာပါ



Windows  Loader  ကိုတော့အောက်ကလင့်မှာတင်ပေးထားပါတယ်..


ဒီလင့်လေးကနေသွားပြီးဒေါင်းလော့ချလိုက်ပါ..


Windows  Backup လုပ်ခြင်း

ကျွန်တော်တို့  Windows ကို  Active လုပ်ပေးပြီးသွားလို့ လိုအပ်တဲ့  Application တွေကိုတင်ပြီးပြီဆိုရင်တော့
နောက်ထပ်လုပ်ထားသင့်တာတစ်ခုကတော့  Windows  Back Up  ပဲဖြစ်ပါတယ်..ကျွန်တော်တို့အသုံးပြုနေ
တဲ့  Windows  ဟာဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး..ကျွန်တော်တို့အနေနဲ့လက်ရှိအသုံးပြု
နေတဲ့  Windows  ကို  Backup လုပ်ထားခြင်းအားဖြင့် တစ်ချိန်ချိန်မှာ ကျွန်တော်တို့အသုံးပြုနေတဲ့ Windows
ဟာတစ်စုံတစ်ခု ဖြစ်လာပြီဆိုတာနဲ့အလွယ်တကူ Backup File ကို Restore ပြန်လုပ်ပေးလိုက်ယုံနဲ့ Error
တွေကို အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်..

Windows ကိုဘယ်လို  Backup လုပ်ရမယ်ဆိုတာကိုတော့ကျွန်တော်အောက်ကလင့်လေးမှာ ရှင်းပြပေးထား
ပါတယ်..

ဒီလင့်လေးကနေသွားလိုက်ပါ..

Sound Problem

ဒါကတော့  Windows တင်ပြီးပြီဆိုရင်တော့ တော်တော်များများကြုံရတက်တဲ့ ပြသနာပါ..Windows တင်ပြီး
ရင် အသံမလာဘူးမလာဘူးဆိုပြီး ကြုံကြုံနေရတာတွေပါ.. ကျွန်တော် Windows 7 မှာအသံမလာဘူးဆိုရင်
ဆိုပြီးပို့စ်တစ်ခု တင်ပေးခဲ့ဘူးပါတယ်..အခက်အခဲရှိသူများအောက်ကလင့်ကနေသွားကြည့်လိုက်ပါ..

ဒီလင့်လေးကနေသွားလိုက်ပါ..

Windows 7 အသုံးပြုနည်း

ဒါကတော့ Bonus ပါ .. Windows 7 တင်ပြီးလို့ မသုံးတက်သေးဖူးဆိုရင်အောက်ကလင့်မှာ ဆရာအောင်လင်း
ရေးထားတဲ့ Windows 7 အသုံးပြုနည်းစာအုပ်လေးပါအောက်မှာတင်ပေးထားပါတယ်.. 


ဒီလင့်လေးမှာသွားပြီးဒေါင်းလော့ချလိုက်ပါ..




 ကျွန်တော်တို့ဒီလောက် ဆိုရင်တော့ Windows တစ်ခုကို မိမိတို့ကိုယ်တိုင်တင်ဖို့အတွက် အဆင်ပြေသွား
လောက်ပြီလို့ ထင်ပါတယ်..ကိုယ်တိုင်ကြိုးစားကြည့်ကြပါ..အခုအချိန်မှာ Windows တစ်ခုတင်ရင်အနည်း
ဆုံး ၅၀၀၀ ၊ ၁၀၀၀၀ လောက်ပေးနေရတဲ့အချိန်မှာ မိမိက Windows တင်တက်သွားမယ်ဆိုရင် မိမိတို့
သာမဟုတ်ပဲ မိမိတိုပါတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်းတွေပါ ၅၀၀၀ ၊ ၁၀၀၀၀ လောက်တော့သက်သာ
သွားလိမ့်မယ်လို့ထင်ပါတယ်..


ဒီပို့စ် ကို  PDF  နဲ့လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download  From zSHARE

Download  From  Mediafire

Download   From  Megaupload


အားလုံးပဲအဆင်ပြေကြပါစေ….ကျေးဇူးတင်ပါတယ်ခင်ဗျာ.