Pages

Thursday, September 6, 2012

BurnAware (Portable)

CD Burning အတွက် Nero ကိုပဲ အသုံးများကြတာများတယ်။ အိမ်သုံးတွေရော၊ professional ဆိုင်သုံးသူတွေရောပေါ့။ ဒါပေမယ့် nero 7 နောက်ပိုင်းက အဆင်မပြေတာတွေများလာတယ်။ Nero 7 က စလို့ essential လိုမျိုး စုံစီနဖာတွေနဲ့ Tool တွေ အများကြီးနဲ့ထွက်လာတယ်။ မလိုချင်တာတွေ တပုံကြီးပဲ။ Custom နဲ့ တင်တော့လည်း လိုချင်တဲ့ burning room နဲ့ express နှစ်ခုထဲ ဆွဲတင်ရင် error တက်ပြန်ရော။ lite လုပ်ထားတဲ့ version တွေကျပြန်တော့ Vista မှာ အဆင်မပြေဘူး။ နောက်ပိုင်း 8 နဲ့ 9 ဆိုလည်း ဒီတိုင်းပါပဲ။ portable တွေထွက်တယ်။ အဆင်မပြေပါဘူး။ Nero 9 full version က လည်း 1 Gb ကျော်တယ်။ အဲဒါနဲ့ Nero ကို စွန့်လွှတ်ပြီး အစားထိုးနိုင်မယ့် burning တစ်ခု ရှာနေတာပါ။ အခု စိတ်ကျေနပ်လောက်တဲ့ ဆော့်ဝဲလေး တစ်ခု ရလို့ အစမ်းခိုင်းမလို့ပါ။

BurnAware လို့ ခေါ်တယ်။ CD, DVD or Blu-Ray Discs တွေကို ကူးနိုင်ပါတယ်။ အသုံးပြုပုံကလည်း ရှင်းပါတယ်။ Nero ထက်ကိုလွယ်ကူပါတယ်။ portable ပါပဲ။ ဒေါင်းကြည့်လိုက်ပါ .. CD မရိုက်တတ်သေးသူတွေအတွက် သုံးနည်း နည်းနည်းပြောပေးပါ့မယ်။

Download From Mediafire (BurnAwarePortable)

Download From ifile.it (BurnAwarePortable)
အောက်ပါအတိုင်း တွေ့လိမ့်မယ်။
Image Hosting by Picoodle.com
ဘယ်ဘက်မှာ အပိုင်းလေးပိုင်းခွဲထားတယ်။ မိမိရိုက်ချင်တဲ့ ခွေအမျိုးအစားကိုရွေးပေါ့။ CD ရိုက်မယ်ဆိုရင် CD ကို နှိပ်ထားလိုက်။ ညာဘက်မှာ သူ့ အမျိုးအစားတွေ လိုက်တွေ့မယ်။ အမျိုးအစား လေးမျိုးပေါ့။
တစ်ခုချင်း မပြောတော့ဘူးဗျာ .. လေရှည်နေမယ်။ ဖတ်ကြည့်ရင် သိပါတယ်။ Data CD တစ်ခွေရိုက်ဖို့အတွက် Create create Data CD ကိုနှိပ်မယ်။
Image Hosting by Picoodle.com
ပြီးရင် Add Files .. ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ data တွေ sofrware တွေကိုထည့်မယ်။
Image Hosting by Picoodle.com
မိမိရိုက်မယ့် ခွေအတွက် နေရာလွတ် ဘယ်လောက်ကျန်သေးတယ်ဆိုတာ ပြနေလိမ့်မယ်။ ရိုက်မယ်ဆိုရင် Burn ဆိုတဲ့ အနီဝိုင်းလေး နှိပ်ပေးရုံပဲ။
Image Hosting by Picoodle.com
ခွေကြိုမထည့်ထားရင် ခွေတောင်းလိမ့်မယ်။ ခွေထည့်ပြီး OK နှိပ်ပေးပေါ့။
Image Hosting by Picoodle.com
iso ရိုက်တာတော့ ပြောပြမနေတော့ဘူး။ iso burner သုံးတာနဲ့ တူတူပဲလေ။
CD to CD (ခွေတစ်ခွေကနေ နောက်တစ်ခွေ) ကူးချင်ရင်တော့ copy CD ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com
မိမိမှာရှိတဲ့ drive တွေ ပေါ်လာမယ်ပေါ့။ တစ်လုံးထက် ပိုရှိနေရင်တော့ တစ်ခုကို မူရင်းရွေးပြီး မူရင်းခွေထည့် ကျန်တဲ့တစ်ခုမှာ ခွေလွတ်ထည့်ပြီး burn ပေါ့။ Drive တစ်လုံးပဲ ရှိတာဆိုရင်တော့ ဒီတိုင်းသာ burn နှိပ်ပြီး မူရင်းခွေ ထည့်ပေးလိုက်။ သူ့ဘာယာယီမှတ်ထားပြီးတာနဲ့ ခွေလွတ်တောင်းလိမ့်မယ်။ ခွေအလွတ်ထပ်ထည့်ပေးပြီး OK နှိပ်ပေးပေါ့။ နားလည်မှာပါ…
Image Hosting by Picoodle.com
Nero မှာလို speed ရွေးပေးစရာမလိုဘူး။ စက်ရဲ့အနေအထားနဲ့ ခွေရဲ့အနေအထားအလိုက် သူ့ဘာသာ အနှေးအမြန် ချိန်ပေးသွားလိမ့်မယ်။
Image Hosting by Picoodle.com
CD+RW လိုမျိုးသုံးခဲ့ရင်တော့ Nero တို့ iso burner တို့လိုမျိုး တစ်ခါထဲ ခွေတန်းထည့်ပြီး ကူးတော့မှ သူ့ဘာသာဖြတ်ခိုင်းလို့မရဘူး။ အရင် ဖြတ်ပေးရပါတယ်။ အဲဒီအတွက် Erase CD-RW ကို နှိပ်လိုက်။ ဖြတ်မယ့် Drive ကို ပြပြီး Confirm တောင်းပါလိမ့်မယ်။
Image Hosting by Picoodle.com
OK ပေးလိုက်ရင် အောက်ပါအတိုင်း Erase လုပ်နေတာ တွေ့ပါလိမ့်မယ်. ဘာမှသွားမနှိပ်ပဲ စောင့်ပေးလိုက်ပါ။(အထူးသဖြင့် ဒီsoftware မှာ သတိပြုစရာက plase wait ဆိုပြီး တက်နေရင် စောင့်ပေးပါ။ % တွေ တက်မလာလဲ စောင့်ပေးလိုက်ပါ။ 0% ကနေ ချက်ချင်း 90% ဖြစ်သွားလာလဲ ရှိတတ်ပါတယ်။ မရရအောင် သွားပိတ်လိုက်ရင် ခွေပျက်တတ်ပါတယ်)
Image Hosting by Picoodle.com
DVD ရိုက်ဖို့ Blu-Ray ရိုက်ဖို့လည်း ခေါင်းစဉ်ရောအတူတူပဲ ခွေအမျိုးအစားပဲ ကွာမယ်လေ။ အဆင်ပြေမယ်ထင်ပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Multiburn ကတော့ စီးပွါးရေး သမားတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ သူတို့အတွက်တော့ ပြောပြနေစရာကို မလိုလောက်ပါဘူး…
Image Hosting by Picoodle.com
အထူးသဖြင့် အဆင်ပြေဆုံးက DVD-Video ရိုက်တာဗျ။ Nero မှာ DVD ကို ခွေရိုက်ချင်ရင် DVD ဖိုင်အမျိုးအစားဖြစ်တဲ့ VOB လိုမျိုး ဖိုင်တွေမှ ကူးလို့ရတာ။ သူ့မှာက ဗီဒီယိုဖိုင် အားလုံးအဆင်ပြေတယ်။ ကျနော်သိမ်းထားတဲ့ Mr.Bean series တွေကို ခွေနဲ့ သိမ်ထားဖို့ ကူးတာကို ပြပါ့မယ်။
Create DVD-Video ကိုနှိပ်ပါတယ်။ ပြီးရင် Add Files … ဆိုတာကိုနှိပ်ပြီး ထည့်ချင်တဲ့ ဗီဒီယိုဖိုင်ရွေးပါတယ်။ တစ်ခုရွေးလိုက်ပြီးတိုင်း မိမိရိုက်မယ့်ခွေအတွက် ဘယ်လောက်လွတ်သေးလဲ ပြနေပါတယ်။
Image Hosting by Picoodle.com
ပြီးရင် Disc name ဆိုတဲ့နေရာမှာ ခွေအတွက် နာမည်ပေးပြီး Burn ဆိုတဲ့ အနီဝိုင်းလေး နှိပ်ပေးရုံပါပဲ။
Image Hosting by Picoodle.com
ရိုက်ပြီးတဲ့ခွေကို ပြန်ထည့်ကြည့် windows media player နဲ့တောင် အလွယ်တကူ ဖွင့်နိုင်တာကို တွေ့ပါလိမ့်မယ်။
Image Hosting by Picoodle.com
ကျနော်ကတော့ Nero ကို သုံးမနေတော့ဘူးဗျာ။ ဒါနဲ့ကို တော်တော်အဆင်ပြေပါတယ် ….. စမ်းကြည့်စေလိုပါတယ်

Wednesday, January 18, 2012

အို...အမေ (ခ) မငိုပါနဲ့  အမေ

အမေ
နေ ကောင်း ရဲ့ လား အမေ ...
အမေ့  ရင်ခွင်ကနေ ခွဲခွါလာခဲ့တာ
ရာသီတွေ အလီလီပြောင်းလို့ 
နှစ်တွေ ထိတောင် အတော်ညောင်းလာခဲ့ ပါလား အမေ...
ခုချိန်လောက်ဆို
သားပြန်လာဖို့ လက်ရေ  ချိုးလို့ 
ရွာဦးစေတီလေးမှာ သားအဆင်ပြေဖို့ ပါ
အမေ နေ့ စဉ် ဆုတောင်း နေရှာရော လောက်ပေါ့နော်...
သားကို လွမ်းလို့ 
အမေ့ မျက်ရည်တော့ မကြွေလိုက်ပါနဲ့  အမေ....
မိဘ မျက်ရည်တစ်စက်က
သား သ္မီး ဘ၀ တစ်သက်မို့ 
အမေ့ အတွက် သားလိမ္မာလေး ပဲ ဖြစ်ချင်လို့ ပါ  အမေ...
အမေနဲ့ ဝေးကွာတော့မှ
ပုခက်လွှဲသော လက်နဲ့ 
အမေ ချော့တိတ်တဲ့ 
" အို...အေး..အေး .... "
သားချော့ တေးလေးကို လွမ်းမိလို့
အမေ့  ရင်ခွင်မှာ မှေးစက်
အိပ်လျှက် ကလေး နားခိုဖို့ ကို
အကြိမ်ကြိမ် တမ်းတ မိပြန်ပါတယ် အမေ...
အမေ့ ရဲ့ ရင်ခွင်ကနေ ခွဲခွါလာခဲ့ပေမဲ့
တစ်နေ့ မှ မပျော်ခဲ့ပါဘူး အမေ
ဘ၀ရှေ့ ရေးမို့  မျှော်တွေးလို့ 
အဝေးမှာ သားရောက်နေပမဲ့
အမေ့ ရဲ့  ကျေးဇူးတရားတွေကို
အဝေးကနေ ဆက်နိုင်အောင် ကြိုးစားရင်း
အမေ့ ရင်ခွင်ဆီကို တစ်နေ့  ပြန်လာခဲ့မှာပါ အမေ ရယ်...နော်..

နောက်ဆုံးကဗျာ ၊ နောက်ဆုံးစာ

စွန့် လွှတ်မှု နဲ့  ပေးဆပ် ခြင်းက
မေတ္တာတရားလား ...?
ရယူခြင်း နဲ့  ပိုင်ဆိုင်မှုက
အချစ် ပဲလား ဆိုတာ
ငါကိုယ်တိုင် မသိပေမယ့်
ငါ့ အဖို့ ကတော့ ချစ်နေရရင်
ကျေနပ်နေသူ တစ်ယောက်ပါ ...။
ချစ်တယ် ဆိုတဲ့  စကားက
ချစ်နေတဲ့ သူ အတွက်မို့ 
ငါတစ်ယောက်ထဲ မင်းကို ချစ်တဲ့အကြောင်းတွေ
နှုတ်တိုက်ရေရွတ်နေမိခဲ့တယ်...
ငါရေးနေတဲ့ ကဗျာတစ်ချို့ က
နင် နဲ့ ငါ့ ရဲ့  အကြောင်းတွေကများနေတော့
မင်းကိုလွမ်းလို့  စပ်ထားတဲ့
ငါ့ ရဲ့  ကဗျာထဲက အလွမ်းကောင်မလေးတောင်
ငါ့ကို သနားလို့ တဲ့
မျက်ရည်တောင် ကြွေစ ပြုနေပြီင်္ ...
ဒါကို မင်းက................................:(

Friday, November 4, 2011

နင်းချေသွားနိုင်ပါတယ်....

ငါ့ရင်ကို တစ်စစီခြွေ
ငါ့အသဲကို ပန်းသဖွယ်
မင်းဦးထိပ်မှာ ဆင်မြန်းချင်သပဆိုရင်
အဆင်လှတဲ့ မင်းကေသာထက်မှာ
အသွင်ကျစေမယ့် ငါ့အသည်းနှလုံးကို
ပန်းတစ်ပွင့်စာအဖြစ် လိုအပ်မယ်ဆိုရင်
ငါကိုယ်တိုင် ဖြတ်တောက်ပေးနိုင်ပါတယ်  ချစ်သူရယ်...။
အသဲပန်းမို့ မလွမ်းသာလို့ 
မင်းအတွက် ပန်းတစ်ခင်းစာထက်တွေ့ ရင်
ဆက်လျှောက်လာတဲ့ မင်းရဲ့ လမ်းမထက်မှာ
ငါ့အသဲကို တစ်စစီခြွေ
မြေမှာခစေမယ့် ငါ့အသည်းပန်းကို
မင်းရဲ့ ဘယ်ညာခြေဖ၀ါးအောက်မှာ
နင်းချေသွားအုံးမယ်ဆိုရင်တောင်
ကျေနပ်စွာ အပြုံးပန်းဆင်နေမှာပါ ချစ်သူရယ်...။

တိုတိုထွာထွာ IT နည်းပညာများ

အသုံးနည်းသော shortcut များ
Alt+Space bar+X (maximize)
Alt+Space bar+R (restore)
Alt+Space bar+C (close)

1.အသုံးနည်းသော Run command များ
. = C:\Documents and Settings\User name
.. = C:\Documents and Settings
... = My Computer
%homedrive% (windows system ရှိတဲ့ drive)
%systemroot% (C:\Windows)
%systemdrive% (C:\)
%allusersprofile% (C:\Documents and Settings\All user)
%appdata% (C:\Documents and Settings\User Name\Application Data)
%comspec% (C:\Windows\System32 in command prompt)
%homepath% (C:\Documents and Settings\User name)
%logonserver% (လက်ရှိဝင်သုံးနေတဲ့သူရဲ့ Domain Controller)
%programfiles% (C:\Program Files)
%windir% (C:\Windows)
Oobe/msoobe /a (windows active)

2.Task manager ရဲ့ bar တွေကိုအကုန်ဖျောက်ထားမယ်။
Ctrl+Shift+Esc (or) Ctrl+Alt+Delete ကိုနှိပ်ပြီး Task manager ကိုဖွင့်ပါ။
Applications Tab ကိုရွေးပါ
User Tab ရဲ့လွတ်နေတဲ့ညာဘက် space ကို doubel click နှိပ်ပါ။
Task manager ရဲ့ bar တွေကိုအကုန်ပျောက်သွားပါလိမ့်မယ်။
bar တွေပြန်ဖော်ချင်ရင်တော့ End Task ရဲ့
ဘယ်ဘက်လွတ်နေတဲ့နေရာမှာ doubel click နှိပ်လိုက်ပါ။

3.Shutdown အမြန်လုပ်ရအောင်။
Ctrl+Shit+Esc နှိပ်ပြီး Task manager ခေါ်လိုက်ပါ။Shutdown tab ကိုတချက်နှိပ်လိုက်ပါ။
Ctrl key ကိုဖိထားပြီး Turn off ကိုနှိပ်လိုက်ပါ။ချက်ချင်း shutdown ကျသွားပါလိမ့်မယ်။

4.XP ရဲ့ Admin password ကို current password မသိဘဲပြောင်းချင်ရင်
My Computer ကို Right Click နှိပ်ပြီး Manage ကို နှိပ်ပါ။
Computer management ရဲ့ System tools အောက်က Local Users and Groups ကိုဖြန့်ချလိုက်ပါ။
Users Folder မှာတချက်နှိပ်ပြီးညာဘက်က Admin ကို
Right click နှိပ်ပြီး set password ကိုနှိပ်ပါ။
ပေါ်လာတဲ့ box မှာ Process ကိုတချက်နှိပ်လိုက်ပါ။
New password နဲ့ confirm password ပေးပြီး OK ကိုနှိပ်လိုက်ပါ။

5.XP ကိုဖွင့်လိုက်တာနဲ့ကိုယ်ရေးချင်တွေပေါ်ချင်ရင်
Start>Run Run box မှာ regedit လို့ရိုက်ပြီး Enter နှိပ်ပါ။
Registry Editor ရောက်ရင်
'HKEY_LOCAL_MACHINE\ Software\Microsoft\ WindowsNT\Current Version\Winlogon' အထိသွားပါ။
ညာဘက်က LegalNoticeCaption ကို double click နှိပ်ပါ။
ပေါ်လာတဲ့ box ရဲ့ value data မှာကြိုက်ရာရေးပါ။
အဲဒါကခေါင်းစဉ်ဖြစ်ပါတယ်
OK နဲ့ထွက်လိုက်ပါ။
LegalNoticeText ကို doubel click နှိပ်လိုက်ပါဦး။
Value data မှာကြိုက်တာရေးပါ။
အဲဒါကခေါင်းစဉ်အောက်ကပေါ်မယ့် စာသားဖြစ်ပါတယ်။
ပြီးရင် OK နဲ့ထွက်လိုက်ပါ။
Registry Editor ကိုပိတ်ပြီး XP ကို restart လုပ်လိုက်ပါ။
မလိုချင်တော့ရင်တော့ အပေါ်မှာရေးထားတဲ့ လမ်းကြောင်းအတိုင်းသွားပြီး LegalNoticeCaption နဲ့
 LegalNoticeText ရဲ့ value data ထဲကစာသားတွေ ပြန်ဖြတ်လိုက်ပေါ့။

6.Hibernate သုံးရအောင်
Hibernate ဆိုတာဒီလိုပါ
ကိုယ်က Program 3,4ခုလောက်ဖွင့်ထားမယ်။
Hibernate လုပ်ပြီးပိတ်လိုက်မယ်။
နောက်တစ်ခါပြန်ဖွင့်တဲ့အခါကိုယ်ဖွင့်ထားတဲ့ Programတွေအရင်အတိုင်းပြန်ပေါ်နေပါလိမ့်မယ်။
Hibernat သုံးမယ်၁ိုရင်
start>control panel > power options ကိုသွားပါ။
Hibernate Tab ကိုနှိပ်ပြီး Enable Hibernate ကိုအမှန်ခြစ်ပါ
OK နဲ့ထွက်လိုက်ပါ။
ကွန်ပျုတာပိတ်တဲ့အခါ shift key ကို နှိပ်ထားပါ။
Stand by က Hibernate လို့ပြောင်းသွားပါလိမ့်မယ်


7.Command Prompt ကနေ drive တွေကို defrag လုပ်မယ်
 Windows မှာရှိတဲ့ Drive တွေအားလုံး ကို တခုပြီးတခု defrag လုပ်လို့ရအောင်
 notepad ထဲမှာ
defrag c: -f
 defrag d: -f  
(ကျွန်တော့်ဆီမှာ drive c: , d: ပဲရှိလို့ပါ ။ရှိသေးရင် defrag e: -f defrag f: -f  အဲဒီလိုထပ်ထည့်လို့ရပါတယ်)
ရိုက်ထည့်ပြီး
File name ကို defragall.bat လို့ ပေးပြီး Save လိုက်ပါ။
 လုပ်လိုက်တဲ့ defragall.bat ဖိုင်ကို Double Click လုပ်လိုက်ယုံ နဲ့
Command Prompt ပွင့်လာပြီး Drive C: D: F: G: တို့ကို တခုပြီးတခု
defrag လုပ်သွားမှာဖြစ်တယ်။

8.Computer ဖွင့်ချိန်မှာ Boot Logo ကို မပေါ်စေချင်ရင်
 Start >> Run >> msconfig >> BOOT.INI ကိုရွေးလိုက်ပါ။
 ပြီးရင် NOGUIBOOT ကို အမှန်ခြစ်ပေးပြီ Apply ကို ရွေးပြီး Ok ကို နှိပ်လိုက်ပါ။
ကွန်ပျူတာ ကို Restart ပေးလိုက်ပါ။
ဒါဆို Computer ဖွင့်တဲ့အခါမှာ BOOT လုပ်တာကို တွေ့ရမှာတော့မှာ
မဟုတ်တော့ပါဘူး

9.Search ပျောက်နေရင်

တစ်နည်း

Run > gpedit.msc > User Configuration > Administrative Templates > Start Menu and Taskbar >
Remove Search menu from Start Menu > Right Click > Properties ဒါမှမဟုတ် Double Click ပေးလိုက်ပါ။
Setting tab မှ Not configured ကို Check ပေးလိုက်ပါ။ ပြီးနောက် OK ပေးလိုက်ပါ။

တစ်နည်း

Run > regedit > HKLM > Software > Microsoft > Windows > CurrentVersion > Policies > Explore >
No Find > Right Click > Modify > Value တန်ဖိုးကို "0" ပြောင်းလိုက်ပါ။

တစ်နည်း
Notepd ကို ဖွင့်ပါ
အောက်မှာအပြာရောင်ပြထားတဲ့ စာတွေအားလုံး ကို ကူးပြီးထည့်ပါ
Windows Registry Editor Version 5.00
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\Desktop\NameSpace\
{e17d4fc0-5564-11d1-83f2-00a0c90dc849}]@="Search Results Folder"
ပြီးရင် Extension.reg နဲ့ save လိုက်ပါ
ကလစ်နှစ်ချက်နှိပ်ပြီး run ပါ
Yes or no မေးရင် yes ဖြေပါ

10.Run Command ပျောက်နေရင်
တစ်နည်း

Windows Key + R > gpedit.msc > User Configuration > Administrative Templates >
Start Menu and Taskbar > Remove Run Menu from Start Menu > Right Click > Properties
သို့မဟုတ် Double Click ပေးလိုက်ပါ။ Setting tab မှ Not Configured ကို Check ပေးလိုက်ပါ။
ပြီးရင် OK ပေးလိုက်ပါ။


တစ်နည်း

Windows Key + R > regedit > HKCU > Software > Microsoft > Windows > CurrentVersion >
 Policies > Explorer > NoRun > Right Click > Modify > Value တန်ဖိုးကို "0" ပြောင်းပေးလိုက်ပါ။


တစ်နည်း

တစ်ခါတစ်လေမှာ Start Menu မှာတင် Run Command ကို Unckeck ပေးထားမိတဲ့အတွက်လည်း ပျောက်ဆုံး
နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေတယ်ဆိုရင်တော့ Start Menu > Right Click > Properties > Customize >
Advanced > Run Command ကို Check ပေးလိုက်ပါ။

11.ဓါတ်ပုံ ကို icon လေးတွေလုပ်ချင်ရင်
Run box ကနေ mspaint လို့ ရိုက်ပြီး enter ခေါက်ပြီး ဖွင့်လိုက်ပါ
ပြီးရင် file>>>> open ကနေ ကိုယ် icon လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်ပါ
ပြီးရင် ဘာမှမလုပ်ပဲနဲ့ save as ပြန်လုပ်ပါ
ကြိုက်တဲ့နေရာမှာ save နိုင်ပါတယ်
File name နေရာမှာ ကြိုက်သလို နာမည်ပေးပြီး အနောက်မှာ .ico ထည့်ပါ
ဥပမာ uu.ico
Save as type နေရာမှာ 24-bit Bitmap နဲ့ save ပါ


12.ကိုယ်ရေးသမျှကို အသံထွက်ပေးတဲ့ ဆော့ဝဲ notepad နဲ့ လုပ်ကြည့်မယ်
အရင်ဆုံး အနီရောင်ပြထားတဲ့ code တွေကို notepad ထဲကူးထည့်ပါ

echo off
title mms Speaking Computer
color a
cls
goto speak
:speak
cls
echo.
echo Computer: %mms%, Please enter what
echo what do you want me to say
set /p what= %mms%: I Want You To Say:
echo.
echo Computer: Analyzing...
echo Set Speech = CreateObject("SAPI.SpVoice") > "%userprofile%\speech.vbs"
echo Speech.Speak "%what%" >> "%userprofile%\speech.vbs"
echo.
echo Computer: Analyzed...
call "%userprofile%\speech.vbs"
echo.
ping localhost -n 2 >nul
echo Computer: I have said "%what%"...
echo.
ping localhost -n 2 >nul
echo Computer: Clearing Cache...
del /f /s /q "%userprofile%\speech.vbs" >nul
echo.
echo Cache Cleared...
echo.
echo %mms%, Please press any key...
pause >nul
goto speak
:voicemake
md Voice
goto vbss
REM this makes the VBS files in the voice folder
:vbss
echo.Set Speech = CreateObject("SAPI.SpVoice")>> "%CD%\Voice\Welcome.vbs"
echo.Speech.Speak "Hello Friend">> "%CD%\Voice\Welcome.vbs"
REM The menu with voice saying what u wrote
:menu
start %CD%\Voice\Welcome.vbs
pause

ပြီးရင်ကြိုက်တဲ့နေရာမှာကြိုက်တဲ့နာမည်ပေးပြီး နာမည်နောက်မှာ .bat ထည့်ပြီး save ပါ
ဥပမာ hfghfg.bat

13.Calculator ကို notepad နဲ့ လုပ်ကြည့်မယ်
အရင်ဆုံး အပြာရောင်ပြထားတဲ့ code တွေကို notepad ထဲကူးထည့်ပါ

@echo off
title mms Calculator
cls
:m
echo.
set /p math=Whatchoo gonna calculate?
set /a math2=%math%
echo %math% = %math2%
goto m
msg *thank for using this bat

ပြီးရင်ကြိုက်တဲ့နေရာမှာကြိုက်တဲ့နာမည်ပေးပြီး နာမည်နောက်မှာ .bat ထည့်ပြီး save ပါ
ဥပမာ hfghfg.bat

14.Autorun နဲ့ drive icon ချိန်းမယ်
ဥပမာ memory stick ပေါ့
Stick ထဲကို ကိုယ်ပြောင်းချင်တဲ့ icon လေးကိုထည့်ထားပါ
(ဘယ်ဖိုလ်ဒါ ထဲကိုမှမထည့်ထားပါနဲ့)
Iconဆိုတာ .ico အမျိုးအစားနော် png မဟုတ်ဘူး
ပြီးရင် အနီရောင်ပြထားတဲ့ code တွေကို notepad ထဲကူးထည့်ပါ

[autorun]
Icon=????.ico
Shell\explore\Command=????.ico

???? နေရာမှာ ကိုယ် icon နာမည်ကိုအစားထိုးပါ
ပြီးရင် stick ထဲကို
File Name မှာ autorun.inf
Save AsType မှာ All
Encoding မှာ ANSI လို့ save ပါ
Stick ကို ဖြုတ်ပြီးပြန်တပ်ပါ
ဘယ်စက်ရောက်ရောက် ကိုယ့် icon လေးနဲ့ဖြစ်သွားပါပြီ
( ဒီနည်းက လွယ်လွန်းသလို အားနည်းချက်တွေရှိပါတယ်
Autorun ပိတ်ထားတဲ့ စက်မှာဆိုမရပါဘူး)

15.Folder ရဲ့ Background ကိုပြောင်းမယ်
ပြောင်းမယ့် folder ထဲကို နောက်ခံ လုပ်မယ် ဓါတ်ပုံ ကို ကူးထည့်ထားပါ
Jpeg အမျိုအစားနဲ့ပါ
ဥပမာ .. ok.jpg
ပြီးရင်Note pad ကို ဖွင့်ပါ
အနီရောင်ပြထားတဲ့ code တွေကို notepad ထဲကူးထည့်ပါ


[{BE098140-A513-11D0-A3A4-00C04FD706EC}]
Iconarea_Image=".\????.jpg"


???? နေရာမှာ ကိုယ် ဓါတ်ပုံနာမည်အစားထိုးပါ
ဥပမာ [{BE098140-A513-11D0-A3A4-00C04FD706EC}]
Iconarea_Image=".\ok.jpg"
ပြီးရင် ဓါတ်ပုံထည့်ထားတဲ့ folder ထဲကို
File name နေရာမှာ
desktop.ini
လို့နာမည်ပေးပြီး save ပါ

16.Registry မှာကျန်နေတဲ့ gtalk acc ဖျက်ချင်ရင်
၁. Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက် ပြီး enter ခေါက်
၂. HKEY CURRENT USER >>>Software >>>>Google >>>>Google Talk >>>Accounts ထိသွား
၃. ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎. ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

17.Backup လုပ်ထားမယ်
Start Menu >> All Programs >> Accessories >> System Tools >> မှာ Back up ကို နှိပ်လိုက်ပါ..
ပြီးရင် Next နှိပ်လိုက်တာနဲ့ ၂ ခု ရွေးခိုင်းပါလိမ့်မယ်..
Back up files and settings နဲ့ Restore files and settings ဆိုတာ မှာ
Back up files and settings ဆိုတာကို ရွေးလိုက်ပါ..ပြီးရင် Next
အဲဒိမှာ ထပ်တွေ့မှာက
My document and settings
Everyone's document and settings
All Information on this computer
Let me choose what to back up
ဆိုတဲ့ ၄ ခုမှာ အောက်ဆုံးက Let me choose what to back up ဆိုတာကို ရွေးလိုက်ပါ...
ပြီရင် Next..
ခုတစ်ခါမှာတော့ ဗယ်ဘက်မှာ C:\WINDOWS\System32 အထိရွေး ညာဘက်ခြမ်းမှာ
Drivers ဆိုတာကိုရွေးပြီး အမှန်ခြစ်
ပြီးရင် Next
ဒီတစ်ခါမှာတော့ ထွက်လာမယ့် .bkf file ကို
ဘယ်မှာ သိမ်းမှာလဲဆိုတာကို နေရာရွေးခိုင်းလိမ့်မယ် ..
အဲမှာ Browse Button ကို နှိပ်လိုက်ရင် A:\ drive (floppy drive) ကို
Format လုပ်မှာလား မေးလိမ့်မယ် .. No ပေါ့.
ပြီးရင် ထုံးစံအတိုင်း Desktop ကိုရွေးလိုက်ပေါ့.. ပြီးမှ Flash drive နဲ့ဖြစ်ဖြစ်
ပြန်ကူးလိုက်လည်း ရပါတယ်.. ပြီးရင် Next
ပြီးရင် Finish ...
Restore ဖို့က
အဲဒိ Backup.bkf ကို
Double click >> Next >> Back up files and settings နဲ
Restore files and settings ဆိုတာ မှာ
Restore files and settings ကိုရွေး
ပြီး၇င် ဘယ်ဘက်ခြမ်းမှာ C:\WINDOWS\System32 ထိရောက်အောင်ဖြည်လိုက်ပြီး
အမှန်ခြစ်လေးတွေ ခြစ်လိုက်ရင် ညာဘက်ခြမ်းမှာလည်း
Back up လုပ်ထားတဲ့ Driver Folder ကို တွေ့လိမ့်မယ်
.. အမှန်ခြစ်ပြီးသားလေးပေါ့.. ဒါဆို အိုကေပြီ
Next ပြီးရင် Finish ပေါ့..

Friday, October 21, 2011

TwistedBrush_Pro_Studio_18.14 + Keygen

ကျွန်တော်တို့ ပန်းချီဝါသနာပါတဲ့ သူများအတွက် ကွန်ပျူတာကို အသုံးပြုပြီး မိမိတို့စိတ်ကြိုက် ပန်းချီ ကားလေး ပုံဖော်ရေး သားနိုင်ဖို့အတွက် TwistedBrush_Pro_Studio_18.14 လေးက အထောက်အကူ ပြုပါလိမ့်မယ် .. ပန်ချီဝါသနာပါတဲ့ သူတွေအတွက်တော့ အပြင်မှာ ပန်ချီဆွဲဖို့မဖြစ်နိုင်ဘူး ဆိုရင်တော့ အခုကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကို အသုံးပြုပြီးတော့ ပန်ချီးကား တစ်ချပ်ကိုတော့ ကောင်းကောင်း ဖန်တီး နိုင်မယ်လို့ ထင်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးသုံးလို့ရအောင် Keygen လေးပါ ထည့်ပေးထားပါတယ် .. အသုံးပြုရတာ လည်းအရမ်းကြီး မခက်ပါဘူး .. နောက်ဆုံး ပန်ချီပုံလေး ဆွဲပြီးပြီ ဆိုရင်လည်း မိမိတို့ပုံလေးကို စိတ်ကြိုက်ပုံဆိုဒ်နဲ့ ပြန်ထုတ်ပေးလို့ ရပါတယ် .. ၀ါသနာပါတဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့လင့် ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..

Download  Ifile.it
Download  Mediafire

အားလုံးပဲအဆင်ပြေကြပါစေ  …  ကျေးဇူးတင်ပါတယ်ခင်ဗျာ..